စပါး နှင့် ငါး ရောနှောစိုက်ပျိုးမွေးမြူခြင်း
စပါးနှင့် ငါး ရောနှောစိုက်ပျိုးမွေးမြူခြင်းဖြင့်
- စပါးဖျက်အင်းဆက်ပိုးများကို လျော့နည်းစေသည်။
- လယ်မြေတွင် မြေဩဇာဓာတ် မြင့်မားစေသည်။
- ထို့ကြောင့် စပါးအထွက်နှုန်းကောင်းမွန်စေသည်။
စပါးနှင့် ငါးရောနှောစိုက်ပျိုးရန်အတွက်

- ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ တီလားပီးယား ငါးများသည် သင့်တော်သော ငါးမျိုးစိတ်များဖြစ်သည်။

- ငါးခူ၊ ငါးရံ့၊ ငါးရှဉ့်နှင့် ငါးမွေထိုး စသော ငါးရိုင်းများမရှိရန် ရှင်းလင်းပါ။ ထိုငါးများသည် မွေးမြူထားသော ငါးသားပေါက်များကို စားလိမ့်မည်။

- ငါးများကြီးထွားရန် ပုံမှန်အစာကျွေးပါ။ ဖွဲနု၊ ပဲဖတ်၊ ပီလောပီနံ၊ ချကောင်များနှင့် ကန်စွန်းရွက်တို့သည် သင့်တော်သော အစာများဖြစ်သည်။

- ရေအနက်နှင့် ရေအရည်အသွေးကို ထိန်းသိမ်းထားပါ။

- ရေထွက်သော ထူးပေါက်များကိုပိတ်ပါ။

- စပါး ငါးရောမွေးထားတဲ့လယ်ကွင်းနဲ့ ပုံမှန်လယ်ကွင်းပါ။

စပါးနှင့်ငါး ရောနှောစိုက်ပျိုးမွေးမြူခြင်းဖြင့်
- ငါးနှင့် စပါးကို တစ်ချိန်တည်းထုတ်လုပ်ပေးသည်။
စပါးနှင့် ငါးရောနှောစိုက်ပျိုးမွေးမြူရန် အခြေခံလိုအပ်ချက်များ
(၁) ရေအလုံအလောက်ရရှိခြင်း။
(၂) ရေကို ထိန်းထားနိုင်သော လယ်မြေဖြစ်ခြင်း။
(၃) ရေလွှမ်းမိုးမှု မရှိခြင်း။


စပါးနှင့်ငါး ရောနှောမွေးမြူထားသောလယ်ကွက်သည် မိမိအိမ်အနီးအနားတွင်ရှိပါက ထိန်းသိမ်းစောင့်ရှောက်ရန် လွယ်ကူသည်။

လယ်ကွက်တွင် ရေအနက် (၂၀) စင်တီမီတာခန့်ရှိစေရန် လယ်ကန်သင်းကိုမြှင့်ပေးပါ။

လယ်ကန်သင်းပတ်လည်တွင် ငါးများခိုအောင်းရန် ရေမြောင်းတူးပါ။

လယ်ကွက်တွင် ရေမလျှံစေရန် ရေထုတ်ပေါက် (ရေထုတ်ပြွန်) ထားရမည်။ ငါးရိုင်းများမဝင်စေရန် ရေထုတ်ပြွန်တွင် စကာစိပ်ဖြင့် ကာထားပါ။

တစ်ပိုင်တစ်နိုင် လယ်တစ်ကွက်လျှင် သဘာဝမြေဩဇာ လက်ဆွဲပုံးဖြင့် (၂) ပုံးထည့်ပါ။

ကောက်စိုက်ပြီး (၂)ပတ်အကြာတွင် ကောက်ပင်အမြင့်တစ်ဝက်အထိ ရေဖြည့်ပါ။ (၅) စင်တီမီတာ လက်ဖဝါးအရွယ်ခန့်ရှိသော ငါးများကို စတင်မွေးမြူပါ။

အရွယ်ကြီးသော ငါးများကို စတင်မွေးမြူနိုင်ပါက ပိုကောင်းပါသည်။
သတိပြုရန် - လယ်ကွက်တွင် ပိုးသတ်ဆေးပက်ဖျန်းပါက ငါးများသေဆုံးနိုင်သည်။
ယခုဆောင်းပါးအား INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....