အစိမ်းရောင်လမ်း
နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့ ပလာတူးငါး

နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့ ပလာတူးငါး

ပင်လယ်ငါး ပလာတူး၊ ပလာလန်း (Indian Mackerel) များသည် ရေပေါ်ငါး (Pelagic Fish) များဖြစ်ကြပြီး မျှောပိုက်၊ ဝိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးကြပါသည်။ 'ပလာတူး' ဆိုသည့် ငါးအမည်မှာ ထိုင်းဘာသာစကားကဆင်းသက်လာသည်ဟု သိရပြီး 'ပလာ' ဆိုတာ 'ငါး' ကိုဆိုလိုပြီး ပလာတူးစန်း၊ ပလာလန်း၊ ပလာကထိန်ဆိုပြီး အမျိုးအစားအမျိုးမျိုးရှိကြပါသည်။

ပလာတူးငါးများ၏ ခန္ဓာကိုယ်မှာ ရှည်လျားကြပြီး အလွန်သေးငယ်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားပါသည်။ သွားများမှာချွန်ထက်နေသည်။ မျိုးစိတ်ပေါင်း (၂၁) ခုရှိပြီး အမမှာ ဥပေါင်း (၂၀၀၀၀-၅၀၀၀၀) ခန့် ဥ ဥနိုင်ကြပါသည်။ ပလာတူးငါးမှာ အသက်(၄)နှစ်ခန့် အသက်ရှည်နေထိုင်နိုင်ကြပြီး အပင်မျှော၊ ငါးသားပေါက်၊ ပုစွန်ပေါက်လေးများကို သူတို့အစာအဖြစ် စားသုံးကြပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား (၃၅) စင်တီမီတာရှိပြီး အများအားဖြင့် (၂၀-၂၅) စင်တီမီတာရှိကြပါသည်။

ပလာတူးငါးမှာ အရသာနှင့် အရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်တွင် ဈေးကောင်းရသည့် ငါးတစ်မျိုးလည်းဖြစ်သည်။ အောက်တိုဘာလမှ မေလထိ ကမ်းရိုးတန်းတစ်လျှောက် ဖမ်းဆီးကြပြီး ဒီဇင်ဘာလတွင် ပိုမိုဖမ်းမိကြပါသည်။ မြိတ်ကျွန်းစုဖြစ်သော ကော့သောင်း၊ မြိတ်ဘက်တွင်လည်း ပို၍ဖမ်းဆီးရမိတတ်ကြသည်။

ပလာတူးငါးကို အိန္ဒိယသမုဒ္ဒရာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ပင်လယ်ကမ်းခြေဒေသများမှာလည်း အများဆုံးတွေ့ရသည်။ ပလာတူးငါးမှာ အရသာရှိလှသော ငါးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူဖြစ်ပါသည်။ ပလာတူးငါးတွင် လူ့အကျိုးပြု Omega-3 fatty acids၊ Vitamin B-12၊ Selenium၊ Copper၊ Phosphorous၊ Magnesium ဓာတ်တို့အများဆုံး ပါဝင်ပြီး Vitamin-A၊ Potassium၊ Zinc နှင့် Sodium တို့လည်း အနည်းငယ်ပါဝင်ပါသည်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး လေဖြတ်၊ လေဖြန်း ရောဂါကိုလည်း ကာကွယ်ပေးသည်။ ထို့ကြောင့် ပလာတူးငါးမှာလူတိုင်းစားသင့်သော ငါးဖြည့်စွက်စာ တစ်မျိုးလည်းဖြစ်ပါသည်။

ပလာတူးငါးကို မြန်မာအခေါ် မျက်ကျဉ်း၊ မျက်ကျယ်ဟူ၍ (၂) မျိုးရှိပြီး 'ပလာတူးမျက်ကျဉ်း' ငါးကို ပိုပြီး လူကြိုက်များကြပါသည်။ ပလာတူးငါးဈေးနှုန်းမှာ-

100-200g – 1 viss- 4500 ks

200-300g- 1 viss- 5500 ks တို့ဖြစ်သည်။

ပလာတူးငါးကို-

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဉ်) - Scombriformes

Family (မျိုးရင်း) - Scombridae

Genus (မျိုးစု) - Rastrelliger

Species (မျိုးစိတ်) - Rastrelliger kanagurta ဟူ၍ဖြစ်ပါသည်။

ပင်လယ်ပြာ (ငါးလုပ်ငန်းဉီးစီးဌာန)

 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။