သစ်ဆွေးမြေဩဇာရဲ့အသုံးဝင်ပုံများ
သစ်ဆွေးမြေဩဇာက စွန့်ပစ်ထားတဲ့အလေအလွင့် ပစ္စည်းတွေကို မြေဩဇာအဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းတစ်နည်းလည်းဖြစ်ပါတယ်။ သစ်ဆွေးမြေဩဇာကို မြေဆီလွှာအတွင်း ထည့်မွှေပေးခြင်းဖြင့် မြေဆီလွှာကို ကြရှည် ထိန်းသိမ်းပေးနိုင်တဲ့အပြင် အပင်တွေအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို တိုက်ရိုက်ရရှိစေနိုင်တဲ့အတွက် ဓာတ်မြေဩဇာ ဝယ်ယူရန် လိုအပ်ချက်ကို လျှော့ချပေးပါတယ်။ မြေကြီးထဲရှိ သက်ရှိပိုးမွှားတွေရဲ့ အရေအတွက် တိုးပွားစေခြင်းဖြင့် အပင်တွေအတွက် အာဟာရဓာတ်ကို စဥ်ဆက်မပြတ်ရရှိစေပါတယ်။ မြေဆီလွှာထဲရှိ အာဟာရဓာတ်များကို အပင်သို့အနည်းငယ် ရရှိစေနိုင်တာသာမကဘဲ မြေဆီလွှာ တိုက်စားမှုကို ခံနိုင်ရည်ရှိခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ရေစီးရေလာကောင်းခြင်း တို့ကို ပါတိုးပွားစေပါတယ်။ မြေဆီလွှာမှာ ရှိတဲ့သက်ရှိပိုးမွှားတွက ကော်ရည်ကဲ့သို့ ဓာတ်ပေါင်းတွေကို စစ်ထုတ်ပေးခြင်းဖြင့် မြေဆီလွှာတွေကိုပူးတွဲတည်ရှိစေနိုင်ပါတယ်။ မြေကြီးအစိုဓာတ်စွဲမြဲနိုင်မှုကို တိုးတက်ဖို့လည်းလုပ်ဆောင်ပေးနိုင်ပါတယ်။ (မြေဆွေး ၅၀ ကီလိုဂရမ်မှ ရေ ၉၅ ကီလိုဂရမ်ကို ထိန်းပေးနိုင်ပါတယ်)။ သစ်ဆွေးမြေဩဇာသုံးပေးတာကြောင့်မြေဆီလွှာအချဥ်အငန်ဓာတ်ညှိပေးရာမှာ အကူအညီဖြစ်စေပါတယ်။ ရောဂါနှိမ်နင်းမှုကိုတိုးတက်စေပါတယ်။ အမှိုက်ကျင်းသို့ရောက်ရှိလာမယ့် အမှိုက်သရိုက်ပမာဏကိုလျော့နည်းစေပါတယ်။ တောင်သူများနဲ့ ပျိုးခင်းသို့ရောင်းချနိုင်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးထုတ်ကုန်ရဲ့အရည်အသွေးကိုပါ သိသိသာသာတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။
သစ်ဆွေးမြေဩဇာအသုံးပြုနည်း
ပျိုးဗန်းပြုလုပ်ရာတွင်အသုံးပြုခြင်း - ဥပမာ မြေသား ၃ ဆ၊ သစ်ဆွေးမြေဩဇာ ၁ဆ နဲ့ အုန်းခွံ ၁ဆ မှ ၂ ဆကို ပထမဦးဆုံးအမှိုက်သရိုက်ကင်းစေရန် ဆန်ခါချပြီးတဲ့နောက် နှံ့စပ်အောင်ရောမွေပြီး ပျိုးဗန်းမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
မြေခံမြေဩဇာအဖြစ်အသုံးပြုခြင်း- အပင်မစိုက်မီ မြေထဲသို့စုပေါင်းထည့်ပေးခြင်း သို့မဟုတ် သီးပင်မစိုက်ခင် စိုက်ကျင်းထဲသို့ မြေသားနဲ့ ရောမွှေ၍လည်းအသုံးပြုနိုင်ပါတယ်။
အပေါ်ယံ၌မြေဆွေးထပ်မံဖြူးပေးခြင်း- သီးနှံပင်များမစိုက်မီ စိုက်ကျင်း (သို့) သီးပင်ရဲ့မြေသား အပေါ်ယံမှာ မြေဆီလွှာကို ပါးပါးဖြူးပေးခြင်းဖြင့်လည်းအသုံးပြုကြပါတယ်။
မြေဖုံးပစ္စည်းအဖြစ်အသုံးပြုခြင်း- အပင်များပတ်ပတ်လည်၌ဖြူးပေးပါ။ ထိုသို့ပြုလုပ်ရာ၌ ပင်စည်ပုပ်ခြင်း ကိုဖြစ်ပေါ်စေနိင်သဖြင့် အပင်နဲ့ ထိစပ်မနေစေရန် ခွါ၍ဖြူပေးရပါမယ်။
Ref; စိုက်ပျိုးရေးပညာပေးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေတဲ့ သီးနှံ စိုက်ပျိုးနည်းစနစ်များစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
Zaw Oo • ဖြေကြားချက် 1 ခု
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
mg Thant • ဖြေကြားချက် 2 ခု
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞
Than Tun Aung • ဖြေကြားချက် 6 ခု
Black Gold
kozay • ဖြေကြားချက် 1 ခု
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026