မြေဆီလွှာတည်ဆောက်ပုံကို အော်ဂဲနစ်အနနဲ့ ဘယ်လိုကြည့်မြင်မလဲ?
မိမိစိုက်ပျိုးမယ့်မြေကွက်ရဲ့ မြေဆီလွှာဖွဲ့စည်းပုံကို စစ်ဆေးကြည့်ရှု့ပါ။ အကြမ်းဖျင်းခံစားကြည့်နိုင်ရင် ကောင်းပါတယ်။ မြေကြီးအနည်းငယ်ကို မိမိရဲ့ လက်ညှိုးနဲ့လက်မကြားထည့်ပြီး ပွတ်ကြည့်လိုက်ပါ။ မြေကြီးအမှုန်တွေက နူးညံ့ချောမွေ့ နေရင်တော့ ရွှံ့မြေလို့ အကြမ်းဖျင်းမှတ်နိုင်ပြီး အကယ်၍ လက်ထဲမှာ ကြမ်းတမ်းနေမယ်ဆိုရင်တော့ သဲမြေပေါ့။
ထို့အတူ မြေကြီးကိုယူပြီး ဆုပ်ကိုင်ကြည့်လိုက်ပါ။ အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသလား။ ဒါမှမဟုတ် စေးကပ်နေသလား။ ဒါမှမဟုတ် ပေါင်ဒါမှုန့်လို မှုန့်ညံ့နေသလား။ မာနေသလားပေါ့။ မြေသားကောင်းတာကတော့ အားလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုး မဟုတ်ရပါဘူး။ လုံးဝမကွဲမကြေပဲနဲ့ မာနေတာလည်း မဖြစ်ရပါဘူး။
မြေဆီလွှာတည်ဆောက်မှုကလည်း မြေတွင်းမှာရှိတဲ့ ရေနဲ့လေကို ဆုပ်ကိုင်ထားနိုင်မှုအပေါ်လည်း မူတည်ပြီးတော့ မြေဆီ လွှာရဲ့ ဘယ်လိုပူနွေးမှုတွေရှိနေသလဲ၊ ဘယ်လိုအေးမြမှုတွေရှိနေသလဲ။ မြေသားဖွဲ့စည်းပုံတွေကို ဆုံးဖြတ်ပေးရပါမယ်။
မိမိတို့ရဲ့မြေသားအခြေအနေကို သိရှိပြီးရင် မြေသားတည်ဆောက်မှုကို တိုးတက်စေတဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ အဆွေးပစ္စည်း (Organic Matter) တွေကို ပေါင်းထည့်တာပါပဲ။ အဆွေပစ္စည်းကို မြေကြီးထဲပေါင်းစပ်ပေးလိုက်ရင် မြေကြီးမှာရှိတဲ့ ဇီဝသက်ရှိတွေကြောင့် ဆွေးမြေ့ပျက်စီးတာနဲ့အတူ မြေဆီလွှာဟာ အာဟာရပြည့်ဝလာပြီး ရုပ်ပိုင်းဆိုင်ရာ ပါ တိုးတက်လာပါတယ်။
ဒီလိုပြုပြင်ပေးလိုက်တဲ့အတွက်လည်း သိပ်စိုလွန်းတဲ့ ရေဝပ်နေတာတွေ၊ သိပ်ခြောက်လွန်းတဲ့ ရေမထိန်းနိုင်တာတွေဟာ ပြောင်းပြန်ပြောင်းလဲလာပြီးတော့ မိမိတို့ရဲ့ မြေဆီလွှာမှာ အပင်စိုက်မယ်ဆိုရင် ရေဝပ်လို့အပင်သေတာ၊ ရေမရလို့ ရေခြောက်ပြီး အပင်သေတာမျိုး မဖြစ်တော့ဘူးပေါ့။
မိမိတို့ရဲ့ မြေသားတိုးတက်ကောင်းမွန်ဖို့ တည်ဆောင်ရာမှာ အဆွေးပစ္စည်းတွေနဲ့ပေါင်းစပ်ပေးခြင်းဖြင့် မိမိရဲ့ မြေမှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီးဖြစ်တဲ့အပြင် အပင်အတွက်ရရှိနိုင်မယ့် အာဟာရဓာတ်တွေကို ထုတ်လွှတ်ပေးကြတဲ့ဇီဝရုပ်တွေနဲ့ ရှူပ်ထွေးစွာရှိနေတဲ့ မြေကြီးရဲ့ အစာအဖွဲ့အစည်း (soil food web) တွေကိုလည်း အစာကျွေးပြီးဖြစ်စေပါတယ်။
ပြီးတော့ အော်ဂဲနစ်အဆွေးပစ္စည်းက မိမိတို့မြေကြီးမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ရေတွေရဲ့ ကျန်းမာစေသော Level သို့ ထိန်းသိမ်းပေးထားနိုင်တဲ့အတွက် အပင်တွေဟာလည်း လွယ်ကူစွာနဲ့ ရှင်သန်ဖြစ်ထွန်းနိုင်ပါလိမ့်မယ်။
မင်းဝင်းထိန် (B.Ag)
အခြေခံအော်ဂဲနစ်လယ်ယာစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
Zaw Oo • ဖြေကြားချက် 1 ခု
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
mg Thant • ဖြေကြားချက် 2 ခု
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞
Than Tun Aung • ဖြေကြားချက် 6 ခု
Black Gold
kozay • ဖြေကြားချက် 1 ခု
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026