မြေဆီလွှာ ဆားငန်မှုအခြေအနေ ပိုမိုဆိုးရွားမသွားစေရန် ထိန်းသိမ်းပေးနိုင်သောနည်း
ဆားငန်မှုအခြေအနေ ပိုမိုဆိုးရွားမသွားစေရန် ထိန်းသိမ်းပေးသောနည်းများတွင် ရေငွေ့ပျံမှုကို ထိန်းပေးခြင်း၊ ရေသွင်းနည်းအမျိုးမျိုး၊ ရေသွင်းချိန်အမျိုးမျိုး၊ ဆားများကိုခံနိုင်ရည်ရှိသော သီးနှံပင်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ ခြံထွက်မြေဩဇာများ အသုံးပြုခြင်းတို့ပါဝင်သည်။
မြေမျက်နှာပြင်မှ ရေငွေ့ပျံခြင်းကို လျော့နည်းသွားအောင် ဖန်တီးပေးသောနည်းသည် အစိုဓာတ်ကို ထိန်းသိမ်းပေးရာရောက်သည်။ ထို့အပြင် အပင်ကိုအန္တရာယ်ဖြစ်စေသော အောက်ခံမြေများရှိ ရေပျော်ဆားများ အပေါ်ယံမြေမျက်နှာပြင်၊ သီးနှံပင်တို့၏အမြစ်များကပေါက်ရောက်ရာဇုံသို့ တက်လာခြင်းမှလည်း ကာကွယ်ပေးသည်။
ရေပမာဏများများကို သီးနှံပင်၏သက်တမ်းတစ်လျှောက်တွင် အကြိမ်အရေအတွက်အနည်းငယ်သာ သွင်းပေးသောနည်းထက် ရေပမာဏနည်းနည်းနှင့် မကြာခဏသွင်းပေးသောနည်းသည် ဆားပေါက်မြေ ၊ မြေငန်များအတွက် ပို၍သင့်တော်ပါသည်။ ဆားများစွာပါသော မြေများတွင် သီးနှံစိုက်ပျိုးမည်ဆိုပါက ရေသွင်းချိန်ကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့မှ အပင်ပေါက်စ အချိန်တွင်အပင်ငယ်များသည် ဆားများခြင်း၏ ဒဏ်ကို ခံနိုင်ရည်မရှိကြသဖြင့် များစွာသေကြေ ပျက်စီးနိုင်ပါသည်။ ထို့ကြောင့် အပင်ငယ်များမစိုက်ပျိုးမီကပ်၍ ရေသွင်းပေးမည်ဆိုပါက ၎င်းသွင်း ရေများ ကမ္ဘာ့ဆွဲငင်အားကြောင့် အောက်သို့စိမ့်ဝင်သွားသည်။ ယင်းသို့စိမ့်ဝင်သွားခြ င်းနှင့်အတူ အပေါ်ယံမျက်နှာပြင်မှ ရေပျာ်ဆားအချို့ကိုပါ အောက်က်ခံမြေလွှာသို့ သယ်ဆောင်သွားသဖြင့် ပျိုးပင် ငယ်ချိန်တွင် ဆားများခြင်း၏ဒဏ်ခံရမှုမှ သက်သာစေပါသည်။

ထို့အပြင်မျိုးစေ့ချပြီး ရက်အနည်းငယ်အတွင်း ရေသွင်းပေးမည်ဆိုပါကလည်း ပျိုးပင်ငယ်ချိန်တွင် ဆားများခြင်း၏ ဒဏ်ခံရမှုမှ သက်သာစေသည်။ ဆားကဲမြေနှင့်မြေငန်များတွင် သီးနှံစိုက်ပျိုးရမည်ဆိုပါက အထက်ဖော်ပြပါ မြေပြုပြင် နည်းများကိုသုံးရန် အခက်အခဲများစွာနှင် ကြုံတွေ့နေရလျှင် ဆားပေါက်ဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်သည်။ သာဓကအနေဖြင့် ဝါ၊ နှံစားပြောင်း၊ မုယောစပါး စသည့် ဆားများခြင်း ဒဏ်ခံနိုင်ရည်ရှိကသာ အပင်များကို စိုက်ပျိုးနိုင်သည်။
သီးနှံပင်များနှင့်ပျိုးပင်များ စိုက်ပျိုးပြီးစအချိန်တွင် နွားချေးထည့်သွင်းပေးခြင်းအားဖြင့် မြေ၏အငန်ဓာတ်ပေါက်မှုကို ယာယီလျော့ နည်းသွားစေသည်။ ထိုအချိန်တွင် ပျိုးပင်များ၏ အမြစ်ကြီးထွား၍ ကောင်းစွာခြေကုပ်ယူရန် အချိန်ရပါသည်။ ပျိုးပင်များ၏အမြစ်ကောင်းစွာ ခြေကုပ်ယူပြီးအချိန်တွင် အငန်ဓာတ်နှင့်ဆားပါဝင်မှု တဖန်ပြန်များလာသော်လည်း အပင်များက ကောင်းစွာခံနိုင်ရည်ရှိပြီးဖြစ်၍ မပျက်စီးတော့ပေ။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုညီညီ
လွန်ခဲ့သော ၃ နှစ် ကရေ၊နွားချေး စတာတွေကိုတဧကဘယ်လောက်ပမာဏ၊ဘယ်နှစ်ကြိမ်ဆိုတာလေးပါသိရရင် ပိုပြည့်စုံသွားမှာပါ ကျေးဇူးတင်ပါတယ်ခင်ဗျ
အတွေးသစ်အမြင်သစ်
လွန်ခဲ့သော ၃ နှစ် ကအကောင်အထည်ဖေါ်ရန်ခက်ခဲသော နည်းပညာများ ထက် ရိုးရှင်းလွယ်ကူပြီးအထောက်အကူပြုနည်းစနစ်များ မျှဝေပေးတဲ့အတွက် လေးစား / ကျေးဇူးတင်ပါတယ်
တင့်နိုင်
လွန်ခဲ့သော ၃ နှစ် ကလေးစားပါတယ်ခင်ဗျာ ခုလိုပြောကြားကြောင့်
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
Zaw Oo • ဖြေကြားချက် 1 ခု
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
mg Thant • ဖြေကြားချက် 2 ခု
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞
Than Tun Aung • ဖြေကြားချက် 6 ခု
Black Gold
kozay • ဖြေကြားချက် 1 ခု
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....