မြန်မာ့မြေအမျိုးအစားများအကြောင်း (နုန်းမြေ)
ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ မြေအုပ်စုကြီး ၃၀ ရှိတယ်လို့ ဆိုပါတယ်။
ဒီလို မြေအမျိုးအစားတွေ ခွဲရာမှာတော့..
- (၁) ရုပ်သွင်ပြင်နှင့်အမိကျောက်သားတွင် ဓာတ်သတ္တုပါဝင်ဖွဲ့စည်းမှု
- (၂) နိမ့်မြင့်မြေသား၏ ရုပ်လက္ခဏာ
- (၃) မြေအမျိုးအစားဖြစ်ပေါ်လာစေရန် ဖန်တီးသောရာသီဥတုနှင့်
- (၄) ပေါက်ရောက်ပင်များ စတာတွေကို အခြေခံသတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ မြေအမျိုးအစားခွဲခြားမှုစနစ်သစ်အရ အဓိကမြေအမျိုးအစားကြီး ၂၄ မျိုးရှိတယ် လို့ သိရပါတယ်။ တချို့တွေကတော့ ဒေသဆိုင်ရာနာမည်တွေနဲ့တွဲပြီး မြေအမျိုးအစားတွေကို နာမည်ပေး သတ်မှတ်ထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ မြေအသုံးချရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ တချို့ပုံစံဆင်တူမြေအမျိုးအစားများ (ဥပမာ လယ်မြေအုပ်စုတွင် လယ်မြေ/နုန်းမြေ, လယ်မြေပြာ/နွံပေါက်မြေ, နွံပေါက်မြေ, ထုံးပေါက်လယ်မြေ များပါဝင်... စသဖြင့်) များကို သီးသန့်မခွဲတော့ဘဲ အဓိကမြေအုပ်စုအမျိုးအစား ၁၉ မျိုးကိုပဲ အသေးစိတ်ပြန်လည်ခွဲခြားဖော်ပြထားတာ တွေ့ရပါတယ်။
အဲ့ဒီမြေအမျိုးအစားတွေကတော့..
- (၁) နုန်းမြေ (Fluvisol)
- (၂) လယ်မြေ (Gleysol)
- (၃) ဂဝံမြေ (Plinthic Ferrasol)
- (၄) နီညိုတောမြေ (Rhodic Ferralsol)
- (၅) ဝါညိုတောမြေ (Xanthic Ferralsol)
- (၆) သဲကုန်းတောမြေ (Arenosol)
- (၇) ကနစိုတောမြေ (Thionic Fluvisols)
- (၈) ဆားပေါက်နွံပေါက်လယ်မြေ (Gley – Gleysol)
- (၉) ဝါညိုတောခြောက်တောင်တန်းမြေများ (Orithic Cambisol)
- (၁၀) တောခြောက်မြေများ (Nitosol)
- (၁၁) ကုန်းကြောပေါ်တွင် သဲဝန်းနှင့် အနိမ့်မြေပြန့်လွင်ပြင်တွင် စနယ်မြေများ (Luvisol)
- (၁၂) စနယ်မြေ (Vertisol)
- (၁၃) မြေနီ၊ မြေဝါ (Acrisol)
- (၁၄) တောင်မြင့်ညိုရောင်တောမြေများနှင့် နီညိုတောမြေများ (Histic cambisol and Chromic Cambisol)
- (၁၅) ချင်းတောင်မြေများ (Ferralic cambisol)
- (၁၆) မြောက်ပိုင်းတောင်တန်းမြေများ (Orthic cambisol)
- (၁၇) ရေခဲဖုံးတောင်တန်းမြေများ (Gelic cambisol)
- (၁၈) ပုပ္ပါးတောင်မြေများ (Andosol)
- (၁၉) မြစ်ထူမြေနု၊ ကျောက်ထူမြေနု (Lithosol)
စတာတွေပဲဖြစ်ပါတယ်။
အခု ဒီဆောင်းပါးမှာတော့ အထက်ဖော်ပြပါ မြေအမျိုးအစားတွေထဲကမှ နုန်းမြေ (Fluvisol) နဲ့ပတ်သက်ပြီး နုန်းမြေဆိုတာဘာလဲ၊ ဘယ်ဒေသတွေမှာရှိလဲ၊ ဘာတွေစိုက်ပျိုးဖြစ်ထွန်းနိုင်လဲဆိုတာ တွေကို ဖော်ပြပေးသွားမှာပါ။
နုန်းမြေ (Fluvisol)
ကမ္ဘာပေါ်မှာတော့ စုစုပေါင်း မြေသားဧရိယာရဲ့ ၂.၈ ရာခိုင်နှုန်းဟာ နုန်းမြေဖြစ်တယ်လို့ ဆိုပါတယ်။ မြစ်ကြောင်းတွေတစ်လျှောက် ရေလွှမ်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေဇုန်မြစ်ဝှမ်းလွင်ပြင်နဲ့ နိုင်းမြစ် မြစ်ဝကျွန်းပေါ်ဒေသတွေလိုမျိုးမှာ အဓိကတွေ့နိုင်တာဖြစ်ပါတယ်။
ဆိုတော့ မြန်မာနိုင်ငံက နုန်းမြေ (နုန်းတင်မြေနုလို့လည်းခေါ်ကြ) ဆိုတာကကော...။
မြေသားဖွဲ့စည်းမှုကို လေ့လာရာမှာ သဲ၊ နုန်း၊ မြေစေးဆိုပြီး သုံးမျိုးရှိရာမှာ နုန်းပါဝင်မှုအများဆုံးရှိတဲ့ မြေကို နုန်းမြေလို့ ခေါ်ဆိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးများတစ်လျှောက်ရှိ မြစ်ဝှမ်းလွင်ပြင်များ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများတို့မှာ အများဆုံးတွေ့ရပါတယ်။
စိုက်ပျိုးဖြစ်ထွန်းမှု အလွန်ကောင်းလွန်းလို့ နုန်းတင်မြေနုခွဲဝေစိုက်ပျိုးရာမှာ မြေလုတဲ့ပြဿနာတွေ ကြီးကြီးမားမားတက်ကြရတဲ့အထိ ဖြစ်ဖူးတဲ့ မြေအမျိုးအစားမျိုးပါ။
နုန်းမြေရဲ့ချဉ်ငန်ဓာတ်ဟာ သမသောအခြေအနေတွင်ရှိပြီး နှစ်စဉ် မြစ်ဝှမ်းလွင်ပြင်များကနေ ပို့ကျတဲ့ နုန်းများ တင်ရှိမှုကြောင့် မြေဟာ အမြဲအသစ်ဖြစ်နေပြီး အပင်အာဟာရ များပြားစွာ ပါဝင်လေ့ရှိပါတယ်။ နုန်းမြေများဟာ ထွန်ယက်စိုက်ပျိုးရန်လည်း လွယ်ကူလို့ မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေမျိုး ဖြစ်ပါတယ်။
စပါး၊ ဟင်းသီးဟင်းရွက်၊ သီးနှံများစိုက်ပျိုးခြင်း၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြံ၊ ပြောင်း စတဲ့သီးနှံများ စိုက်ပျိုးရန် သင့်တော်တဲ့မြေအမျိုးအစားဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ မြေဆီလွှာအညွှန်းမြေပုံအရဆိုရင်တော့ ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ အနည်းနဲ့အများဆိုသလို ရှိနေပြီး အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့မြေအမျိုးအစားတွေအကြောင်းကိုတော့ နောက်ထပ်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွား ပါမယ်။
Ref: https://landusedivision.doa.gov.mm/
https://www.britannica.com/science/Fluvisol
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Htoo Htoo
လွန်ခဲ့သော ၁ နှစ် ကဒူးရင်းပင်များ အရွက်ဝါလာခြင်း ဘာ ကြောင့် နည်း
အောင်မျိုးဇင်
လွန်ခဲ့သော ၂ နှစ် ကတောင်မြင့်ညိုရောင်တောမြေနဲ့ တောင်မြင့်နီညို အကြောင်းလေး သိချင်ပါတယ်ဗျ
သော်သော်
လွန်ခဲ့သော ၂ နှစ် ကပေါဒဇောမြေဆီလွာအကြောင်းသိချင်လို့ပါရှင့်
Paing Soe Naing
လွန်ခဲ့သော ၃ နှစ် ကann
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
Zaw Oo • ဖြေကြားချက် 1 ခု
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
mg Thant • ဖြေကြားချက် 2 ခု
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞
Than Tun Aung • ဖြေကြားချက် 6 ခု
Black Gold
kozay • ဖြေကြားချက် 1 ခု
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....