ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
ကျန်းမာကောင်းမွန်သော မြေဆီလွှာသည် ကျွန်ုပ်တို့ ခြေဖဝါးအောက်ရှိ သက်ရှိများမှ စတင်ပါသည်။
ဒေသခံအကျိုးပြုအဏုဇီဝပိုးမွှားများ (Indigenous Microorganisms – IMO) ဆိုသည်မှာ ဒေသတစ်ခုအတွင်း သဘာဝအလျောက် ရှင်သန်ပေါက်ဖွားနေပြီး ထိုဒေသ၏ မြေဆီလွှာနှင့် ပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေစွာ ရှင်သန်နိုင်သည့် အဏုဇီဝပိုးမွှားများကို ဆိုလိုပါသည်။
တောင်သူများအနေဖြင့် မိမိတို့၏ ဒေသပတ်ဝန်းကျင်တွင် သဘာဝအလျောက်ရှိနေသော အဏုဇီဝပိုးမွှားများကို စုဆောင်း၍ မွေးမြူပွားများခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ရှိပြီးသား ဇီဝအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ပါသည်။ အထူးသဖြင့် စီးပွားဖြစ်ထုတ်လုပ်ထားသော အဏုဇီဝထုတ်ကုန်များကို လက်လှမ်းမီရန် ခက်ခဲသည့် ဒေသများတွင် ယင်းနည်းလမ်းသည် လက်တွေ့အသုံးဝင်နိုင်ပြီး သက်ရှိများဖြင့် ရှင်သန်အားကောင်းသော ကျန်းမာသည့် မြေဆီလွှာကို ပံ့ပိုးပေးနိုင်သည့် ဒေသအခြေပြု နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။
IMO ကို လက်တွေ့တွင် မည်သို့ အသုံးချနိုင်သည်ကို ပိုမိုသိရှိလိုပါသလား။
ဒေသတွင်း ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ IMO ကို စုဆောင်းခြင်း၊ ပွားများခြင်းနှင့် လယ်ယာမြေတွင် အသုံးချခြင်းတို့ကို ယခု ဗီဒီယိုတွင် လေ့လာကြည့်ရှုနိုင်ပါသည်။
⚠️သတိပြုရန်: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှု ရည်ရွယ်ချက်များအတွက် ဖန်တီးထားသော AI-generated visuals များ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။
ယခုvideoကို LIFT Fund Myanmar မှ တင်ဆက်ထားခြင်းဖြစ်သည်။
MinWin MinWin
လွန်ခဲ့သော ၁ ရက် က@Green Way
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....