အစိမ်းရောင်လမ်း
မိုးဆက်များနေမယ့် မြန်မာနိုင်ငံတွင်းမှ အခြေအနေများ

မိုးဆက်များနေမယ့် မြန်မာနိုင်ငံတွင်းမှ အခြေအနေများ

အားကောင်းနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ ထိုင်းနိုင်ငံပေါ်က အရှေ့လေပွေလှိုင်း(UPPER AIR CYCLONIC CIRCULATION)တွေရဲ့ အရှိန်ကြောင့် နောက်လာမယ့် ၃ ရက်မှ ၅ ရက်အတွင်း (အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီမှ အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီအထိကာလအတွင်း) မှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေမှာ မိုးရေချိန် ၂၀၀ မီလီမီတာအထက်ရွာသွန်းပြီး မိုးများရာက မိုးအလွန်များမယ့် အခြေအနေတွေဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မကွေး၊ ညောင်ဦးနဲ့ ချင်းပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ်သာရွာနိုင်တာကလွဲရင် လာမယ့် ၅ ရက်တာကာလအတွင်း တစ်နိုင်ငံလုံးမှာမိုးအသင့်အတင့်ရွာနေဦးမယ့် အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

10
Htin.Lin.Aung

Htin.Lin.Aung

လွန်ခဲ့သော ၂ နှစ် က

ပဲခူးတိုင်မှာမိုးများနိုင်လားဆရာ

Myo Lwin

Myo Lwin

လွန်ခဲ့သော ၂ နှစ် က

ရှမ်းပြည်တောင်ပိုင်း ရွှေညောင် မိုးအခြေနေသိပါရစေ ဆရာ

ဇော်ဇော်

ဇော်ဇော်

လွန်ခဲ့သော ၂ နှစ် က

မွန်ပြည်နယ်မှာဘယ်ရက်လောက်ထိမိုးများနိုင်ချေရှိသေးလည်းခင်ဗျာ

kophay

kophay

လွန်ခဲ့သော ၂ နှစ် က

ပျော်ဘွယ်မှါကေါမိုးရွာနိုင်လားဆရာ

ဉီးမင်းထွဋ်

ဉီးမင်းထွဋ်

လွန်ခဲ့သော ၂ နှစ် က

ပဲခူးတိုင်းကဝမြိုနယ်အရှေချမ်းမိုးလေဝသအခြေနေကိုသိချင်ပါတယ်ဆရာ

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။