IOD အပေါင်းလက္ခဏာကူးပြောင်းနေလို့ မိုးနှောင်းမိုးကောင်းနိုင်
လက်ရှိရာသီဥတုအခြေအနေက ENSO(El Niño–Southern Oscillation)က အယ်လ်နီညိုမဟုတ် လာနီညာမဟုတ် - ကြားနေ(NEUTRAL)ဖြစ်လာပြီး IOD+ (Indian Ocean Dipole)က အပေါင်းလက္ခဏာဘက်ကို ကူးနေပါတယ်။
ဆိုလိုချင်တာက အယ်လ်နီညိုသက်ရောက်မှုက ပြီးဆုံးခဲ့ပြီး ကြားနေကာလ(NEUTRAL)အတွင်းမှာ ရာသီဥတုက ပုံမှန်အခြေအနေပြန်ဖြစ်လာနေချိန် IOD POSITIVE က အစပျိုးနေတာဖြစ်ပါတယ်။ INDIAN OCEAN DIPOLE(IOD)ဟုခေါ်သည့် ဖြစ်စဉ်ကို Indian Niño "အိန္ဒိယနီညို" ဟုလည်းခေါ်ကြသည်။ ယေဘုယျအားဖြင့် အိန္ဒိယသမုဒ္ဒရာ အနောက်ခြမ်းနှင့် အရှေ့ခြမ်းပင်လယ်ရေမျက်နှာပြင်များတွင် ပုံမှန်မဟုတ်သည့် အပူချိန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် IOD ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ဤဖြစ်စဉ်တွင် အခြေအနေ ၃ မျိုးခွဲခြားတွေ့ရသည်။
IOD အခြေအနေသည် NEUTRAL(ပုံမှန် သို့မဟုတ် ကြားနေအခြေအနေ)၊ Positive(အပြုသဘောဆောင်သည့်အခြေအနေ) နှင့် Negative(အပျက်သဘောဆောင်သည့်အခြေအနေ)ဟူ၍ ၃ မျိုး သတ်မှတ်နိုင်သည်။
IOD Negative(အပျက်သဘောဆောင်သည့်အခြေအနေ)တွင် အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ပင်လယ်များမှ ပင်လယ်ရေအပူချိန်မြင့်တက်လာပြီး ရေခိုးရေငွေ့များစွာပါဝင်သည့် အနောက်လေစီးကြောင်းက ဩစတေးလျတိုက်အနောက်မြောက်ခြမ်း Timor ပင်လယ်အထိရောက်အောင်တိုက်ခတ်လာသည်။ ထိုလေစီးကြောင်းနှင့်ပါလာသည့် ရေခိုးရေငွေ့များကြောင့် ဩစတေးလျတိုက်ပေါ်သို့ ရွာသွန်းသည့်သည့် မိုးရေချိန်ပိုမိုလာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းတွင် မိုးရွာသွန်းမှုလျော့ကျသွားသည်။
ဆန့်ကျင်ဘက်အားဖြင့် IOD Positive(အပြုသဘောဆောင်သည့်အခြေအနေ)တွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် သည်လျော့ကျနေပြီး အရှေ့ဘက်မှတိုက်ခတ်လာသည့်လေစီးကြောင်းနှင့်အတူပါလာသည့် ရေခိုးရေငွေ့များကြောင့် အိန္ဒိယသမုဒ္ဒရာမြောက်ခြမ်းပင်လယ်များ(အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်၊ ကပ္ပလီပင်လယ်)နှင့်ထိစပ်လျှက်ရှိသည့်နိုင်ငံများတွင် မိုးရွာသွန်းမှုပိုမိုလာကာ ဩစတေးလျတိုက်သို့ မိုးရွာသွန်းမှုလျော့နည်းသွားလေသည်။ ဤအခြေအနေတွင် အာဖရိကတိုက်အရှေ့ခြမ်း၌ မိုးသည်ထန်ခြင်းရေကြီး၊ ရေလွှမ်မိုးခြေင်းများကို ဖြစ်စေသည်။

IOD Positive အခြေအနေသည် အနောက်တောင်မုတ်သုံလေအားကောင်းစေရန်လည်း တွန်းအားပေးသဖြင့် IOD Positive ကာလအတွင်း မုတ်သုံအားကောင်းနေတတ်သည်။
"IOD Positive အခြေအနေသည် အနောက်တောင်မုတ်သုံလေအားကောင်းစေရန်လည်းတွန်းအားပေးသဖြင့် IOD Positive ကာလအတွင်း မုတ်သုံအားကောင်းနေတတ်သည်။" လို့ ရှင်းပြထားတာလဲ တွေ့ရပါမယ်။ ပြီးခဲ့တဲ့အယ်လ်နီညိုကြောင့် ကျနော်တို့နိုင်ငံမှာ ပူပြင်းခြောက်သွေ့နေခဲ့တာပါ။ ဒီအခြေအနေဆိုးကြီး လျော့ပါးသွားအောင် မုတ်သုံကိုအားကောင်းစေနိုင်တဲ့ IOD Positive က လာမဲ့မုတ်သုံကာလမှာ မိုးလယ်ကာလအတွက် မိုးရွာသွန်းအောင်အထောက်အကူပေးလာနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ မိုးနှောင်းရာသီ(စက်တင်ဘာလဆန်းအတွင်း)ဖြစ်လာမဲ့ လာနီညာနဲ့ ဆက်သွားပြီး မိုးနှောင်းကောင်းနိုင်မဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နိုင်စေမယ်လို့" ကြိုတင်ခန့်မှန်းချက်များရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုတွေမမှန်တော့တာကို ရွှေစိတ်တော်ညိုငြင်နေတဲ့ မိုးနတ်မင်းကြီးက ဝမ်းနှုတ်ဆေးကျွေးလိုက်၊ အားဆေးကျွေးလိုက်လုပ်နေတာ ခံနေရတာပေါ့ဗျာ။ ကွီးယားတွေလိုအားလုံးအတွက်ဆက်ပြောရရင် .. ဖိုက်တင်း !! ပေါ့။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးကြည်ဝင်း
လွန်ခဲ့သော ၂ နှစ် ကဧရာဝတိတိုင်းမိုးဘယ်တော့ရွာနိုင်မညဲ ခင်ဗျာကေျးဇူးပြုဖြေကြားပေးပါဗိာ
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဝင်းနိုင်
အားလုံး
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....