အထက်ပိုင်းတွင် ရေဘေးရှောင်ရမှုများရှိလာပြီး လကုန်ပိုင်းတွင် မြစ်ကြီးနားနှင့် မန္တလေးကြားလည်း သတိထားရန်လို
မြန်မာပြည်အထက်ပိုင်းမှာ မြစ်ရေမြင့်တက်မှုတွေကြောင့် ရွှေကူ၊ ကသာ၊ ဗန်းမော်မြို့တွေဘက်မှာ ရေဘေးရှောင်ရမှုများရှိလာနေပြီး အခုလကုန်ပိုင်းကျရင်တော့ မြစ်ကြီးနားနဲ့ မန္တလေးကြားမှာလည်း ရေကြီးနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်လို့ သတိထားဖို့လိုမယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဇွန် ၁၇ နဲ့ ၁၈ ရက် ထုတ်ပြန်ချက်တွေအရ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်တချို့ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မနေ့က ထုတ်ပြန်ချက်တွေအရ ဗန်းမော်-မန္တလေးလမ်းပိုင်းတချို့မှာလည်း ကားလမ်းမပေါ်ရေကျော်မှုတွေ ဖြစ်ပွားနေလို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတကာမိုးလေဝသသတင်းထုတ်ပြန်ချက်တွေအရဆိုရင် လကုန်ပိုင်းမှာ မုတ်သုံလေအားပြန်ကောင်းလာပြီး မိုးများလာနိုင်လို့ အဲ့ဒီလို အထက်ပိုင်းဒေသတွေတင် မကဘဲ မြစ်ကြီးနား-မန္တလေး ကြားထိ မြစ်ရေမြင့်တက်မှုတွေရှိလာနိုင်ပြီး ရေဘေးအန္တရာယ်ရှိလာနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပြောကြားပါတယ်။
“ အခု ကျွန်တော် တစ်မြို့ချင်းလိုက်ကြည့်တော့ ဧရာဝတီမြစ်စတဲ့ ကချင်ပြည်နယ်ရယ်၊ ချင်းတွင်းမြစ်စတဲ့ ကချင်ပြည်နယ်မှာပဲ စတာပေါ့နော်။ တနိုင်းတဲ့ ချီဖွေပေါ့။ အဲ့ဒီနှစ်ခုကို ကြည့်လိုက်တော့ မိုးရေချိန်တော်တော်များတယ်။ အခုလောလောဆယ်မှာက ပုံမှာလည်းတွေ့လိမ့်မယ်၊ မြစ်ကြီးနားအောက်ဘက်ကနေ ဟိုး မန္တလေးအထိပေါ့။ အနီရောင်တွေဖြစ်လာပြီ။ တချို့စိမ်းနေတဲ့နေရာ နည်းနည်းလေးပဲ ကျန်တော့တာပေါ့။ လိမ္မော်ရောင်နဲ့ အနီရောင်အဆင့်တွေဖြစ်လာတာပေါ့။ နောက်ပြီးတော့ ရေမျက်နှာပြင်တွေတက်လာတယ်။ ဆိုတော့ အထက်က မိုးဆက်ပြီးတော့ကျရင် အောက်ဘက်ကိုပါ ဆက်ပြီးတော့ဆင်းတော့မှာပဲ။ ဆင်းတော့မှာပဲဆိုတာက မန္တလေးနဲ့ ပခုက္ကူ၊ ညောင်ဦးပေါ့နော်။ စသဖြင့် အောက်ဘက်တွေအထိ ဆက်ဆင်းပြီးတော့ အဲ့ဒီအချိန်နဲ့ လကုန်ပိုင်း မိုးများလာ မယ့်အချိန် မုတ်သုံလေအားပြန်ကောင်းပြီးတော့ ဇူလိုင်လထဲမှာ မိုးများလာမယ့်အချိန်၊ အထက်ရေကလည်း လျော့ မသွားပဲနဲ့ ဆက်ပြီးတော့ မိုးကောင်းနေမယ့်အချိန်၊ အောက်မှာလည်း မိုးရွာပြီးတော့ မိုးကောင်းမယ့်အချိန်မျိုးဆိုရင်တော့ ကျိန်းသေတာက မန္တလေးနဲ့ မြစ်ကြီးနားကြားက သေချာပေါက် ရေကြီးတော့မယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
အခုအတိုင်းဆိုရင်တော့ ဒီလ ၂၉၊ ၃၀ လောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာတဲ့အခြေအနေ ပြန်တက်လာနိုင်လို့ နောက်တစ်ပတ်ကနေ ၁၀ ရက်အတွင်းလောက်ကို ရေဘေးအန္တရာယ်သတိထားရတော့မှာဖြစ်ပြီး မန္တလေးအထက်ကတော့ ဖြစ်နိုင်ချေပိုများတယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
မိုးများလာနိုင်မယ့်အထိမှာ မြန်မာပြည် အလယ်ပိုင်းဒေသတွေတော့မပါသေးဘဲ ကြားထဲမှာ ထူးခြားတဲ့မုန်တိုင်းဖြစ်လာနိုင်ချေသာမရှိရင် လက်ရှိအခြေအနေအတိုင်း မိုးနည်းပြီး လေပြင်းတိုက်နေဆဲအခြေအနေဟာ ဇူလိုင်လကုန်အထိဆက်ပြီး ရှိနေဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
“ အခုတစ်မြို့ချင်းလိုက်ကြည့်တော့ ညောင်ဦးဆိုရင် လကုန်အထိကို မိုးက တစ်မှုန်နှစ်မှုန်တောင် ကျမယ့်သဘောမရှိဘူး။ တော်တော်ကိုနည်းတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
လက်ရှိ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေအရ ဇူလိုင်လကုန်အထိ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုန်တိုင်းဖြစ်နိုင်ခြေမရှိသေးဘူးလို့ သိရပါတယ်။
Photo Crd _Win Naing FB, Myanmar Fire Service Department FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမျိးဇော်
လွန်ခဲ့သော ၄ နှစ် ကကျောက်ဆည်စပါးစိုက်ပျိုးရန်ရေလို
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....