‘‘အယ်နီညို အခုစနေပြီ ဇွန်လအထိ သွားမယ်"
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်စေသည့် အယ်လ်နီညို သတိပေးချက်ကို မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ကြိုတင်ထုတ်ပြန်ထားသည်။ စံချိန်တင်ပူပြင်းခြင်း ကြောင့် နောက်ဆက်တွဲကျန်းမာ ရေးပြဿနာများ ကြုံတွေ့နိုင် ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း ကြောင့် မီးလောင်ခြင်း၊ ပုံမှန်နှစ် များထက် သောက်သုံးရေရှားပါး မှုပြဿနာ ကြုံတွေ့ရခြင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုဖြစ်စဉ် များကြောင့် စိုက်ပျိုးရေးတောင် သူများ အခက်ကြုံခြင်း စသည့် ပြဿနာများကို အယ်လ်နီညိုနှစ် များတွင် ကြုံတွေ့ရလေ့ရှိသည်။ ယခုအခါ အယ်လ်နီညိုသည် စတင်နေပြီဖြစ်ပြီး ၂၀၁၉ ဇွန်လ အထိ သက်ဆိုးရှည်နေမည်ဖြစ် သည်။ ၂၀၁၅-၁၆ ကလည်း အားကောင်းသော အယ်လ်နီညို ကြောင့် စံချိန်တင် ပူပြင်းခြောက် သွေ့မှုကြုံတွေ့ခဲ့ပြီး အယ်လ်နီညို အန္တရာယ်ကာကွယ်ရေးကို လွှတ် တော်တွင် ဆွေးနွေးရသည်အထိ အခက်အခဲကြံုတွေ့ခဲ့သည်။ ထို့ ကြောင့် အယ်လ်နီညို၏ လတ်တ လောအခြေအနေ၊ နောင်ကာလတွင် ရင်ဆိုင်ရနိုင်သည့် ရာသီဥတု အခြေအနေများနှင့် ကြိုတင်ပြင် ဆင်ရမည့်အချက်များကို စာဖတ် သူသိရှိနိုင်အောင် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းထားပါသည်။
အယ်လ်နီညိုအကြောင်းကိုပဲ စ မေးပါရစေ ဆရာ။ အယ်လ်နီညို က ဘယ်ကာလကနေ စမလဲခင်ဗျ။
အခုစနေပြီ။ ၂၀၁၉ ဇွန်လအထိ အယ်လ်နီညိုကသွားမယ်။ အယ်လ်နီညိုက ဖြစ်ပြီဆိုရင် တော့ ရာသီဥတုက ဖောက်ပြန်တာပဲဆိုတာ သိထားဖို့လိုပါတယ်။
ဒါဆိုအခုကနေ ၂၀၁၉ ဇွန်လအ ထိ ရာသီဥတုက ဘယ်လိုအခြေ အနေ ဖြစ်လာနိုင်သလဲ။
ရာသီဥတုအခြေအနေက သိပ်အသေးစိတ်ပြောလို့တော့ မရသေးဘူး။ ဘာကြောင့်လဲဆို အယ်လ်နီညိုက ဖြစ်နေပေမယ့် အားသိပ်မကောင်းလို့။ သတင်း တွေကတော့ ထူးခြားတာနဲ့ အသိ ပေးမယ်။ ထုတ်ပြန်ပါမယ်။
၂၀၁၉ မိုးရာသီမှာ မိုးရွာသွန်းမှု ဘယ်လိုဖြစ်နိုင်ပါလဲ။
မိုးနည်းမယ်။ အခုပြီးခဲ့တဲ့ နှစ်ထက် မိုးပိုနည်းနိုင်တယ်။ ပြီးခဲ့တဲ့ မိုးရာသီကလည်း မိုးကကောင်းတယ်ဆိုပေမယ့် တရားလွန်ကောင်းတာတော့ မဟုတ်ပါဘူး။ အသင့်အတင့်ကောင်း တာပါ။ ပြီးခဲ့တဲ့ကာလ တစ်နှစ်အတွင်းက ရာသီဥတုအနေနဲ့ ကြားနေကာလလေ။
အယ်လ်နီညိုအတွက် တောင်သူ တွေကို ဘယ်လိုသတင်းစကား ပါးချင်လဲဆရာ။
ရာသီဥတုက ပုံမှန်အတိုင်း တော့မရှိတာ သေချာတယ်။ များ သောအားဖြင့် ဆိုးတဲ့ဘက်ကို ပါမယ်။ သိပ်ပြီး ဆိုးဆိုးရွားရွား မဟုတ်တောင် အပူချိန်ပုံမှန်ထက်မြင့်မယ်။ မိုးနည်းမယ်။ တောင်သူတွေအနေနဲ့ ဒါတွေသိထားရ မှာပေါ့။ ကြိုတင်ပြင်ဆင်မှုတွေ ရှိရမယ်။
အစိုးရအနေနဲ့ကကော ဆရာ။
ဒီလိုအခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုကတည်းက စိုက်ပျိုးရေးကဏ္ဍကို ကိုင်တွယ်ဆောင်ရွက်ရတဲ့ဌာနတွေ ရှိနေတာပဲ။ သူတို့တွေမှာ စီမံချက်တွေရှိပါလိမ့်မယ်။
ဒီနှစ်ဆောင်းရာသီအခြေအနေကကော ဆရာ။
အယ်လ်နီညိုနှစ် ဖြစ်နေလို့ ပုံမှန်နှစ်တွေထက် အအေးပေါ့မယ်။
နွေကာလ အပူချိန်ကကော ဆရာ။
အပူချိန်က ပုံမှန်ထက်မြင့် နေမှာ သေချာပါတယ်။ အဲဒီ နောက်ဆက်တွဲအပူဒဏ်ကို ထုံးစံအတိုင်း ဂရုစိုက်နေထိုင်ဖို့လိုပါ တယ်။
ကမ္ဘာနဲ့အဝန်းမှာ ရာသီဥတု ဖောက်ပြန်လို့ ဘေးကြုံတာတွေ နေ့စဉ်လိုလို ကြားနေရတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတု အနေအထားကကော ဒီနှစ်ပိုင်း အရင်ကထက် ဘာတွေထူးခြား သွားလဲဆိုတာ အကဲဖြတ်ပေးပါ ဦး ဆရာ။
အစွန်းရောက်နေတာပေါ့။ မျှတတဲ့ရာသီဥတုမှမရှိတာ။ အစွန်းရောက်တာပေါ့။ နောက်ထပ် သတိပေးလိုတာက လာမယ့်နှစ် တွေ သတိပိုထားရမယ်။ အခု ၂၀၁၈ ကနေ ၂၀၂၂ အထိက ကမ္ဘာနဲ့အဝန်း အပူဆုံးနှစ်တွေဖြစ်လာမယ်လို့ နိုင်ငံတကာစစ်တမ်းတစ်ခုက ထုတ်ပြန်သတိပေးထားတယ်။
အစိုးရအပြောင်းအလဲနဲ့အတူ သ ဘာဝဘေးတွေကို ကူညီကယ် ဆယ်ရေးပုံစံလည်း ပြောင်းလဲသွားပါတယ်။ ဥပမာ- ဘေးသင့်သူတွေဆီ အကူအညီအမြန် ရောက်ရေးကို ပိုပြီးဆောင်ရွက် လာတာမျိုးက သိသာစေတဲ့အ ပြောင်းအလဲတစ်ခုပါ။ ဒါပေမဲ့ ဖြစ်နေတဲ့ သဘာဝဘေးတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေးအတွက် အလျဉ်မီ အောင် ဆောင်ရွက်မရနိုင်သေးတဲ့ပြဿနာကလည်း ရှိနေတယ်။ လူထုက ဒုက္ခတွေ့နေဆဲ။ ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့် ပါလဲ။
နံပါတ်(၁)က Information သတင်းအချက်အလက်ရရှိမှုက အမြဲရှိနေရမယ်။ နံပါတ်(၂)က လက်ရှိအနေအထားအရ ဝန်ကြီး ဌာနမှာ ဝန်ထမ်းအင်အားက အ ရမ်းနည်းတယ်။ အရမ်းနည်းတော့ တစ်နိုင်ငံလုံးအတွက်ဆို ဘယ်လို မှအဆင်မပြေဘူး။ ဘတ်ဂျက်ကလည်း နည်း၊ ဝန်ထမ်းကလည်း နည်းဆိုတော့ ဘယ်လိုမှ မကာမိ ဘူး။ ဒါတွေကို ပြင်ဆင်မှရမှာ ပေါ့။ နောက်ပြီး အပြင်က ပရဟိ တအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက် ပြီး ကွန်ရက်လုပ်ထားရမယ်။ လုပ်နေတာလည်း တွေ့နေရပါတယ်။ ဒါပေမဲ့ အခုထက်ပိုပြီး စနစ်တကျချိတ်ဆက်လုပ်ရင် ပို ပြီးအောင်မြင်တာပေါ့။ အစိုးရက ပဲ လုပ်နေရင် မနိုင်ဝန်ထမ်းတာ ဖြစ်နေမယ်။
ကျွန်တော်တို့နိုင်ငံမှာ သဘာဝ ဘေးကြီးကြီးမားမားတွေက နှစ် စဉ်လိုလို ကြုံတွေ့နေရတာဆို တော့ အဲဒီအခြေအနေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ် လောက်အထိ အဟန့်အတားဖြစ် စေလဲ။
မီးလောင်တာနဲ့၊ ရေကြီးတာနဲ့တင် ပျက်စီးဆုံးရှုံးမှုတွေက နိုင် ငံ GDP ရဲ့ ဘယ်လောက်ရာခိုင် နှုန်းရှိနေပြီလဲဆိုတာ အဖြေထွက်လာမှာပဲ။ ထိခိုက်ပျက်စီးမှုတွေကို သေချာစာရင်းဇယား လုပ်ရမယ်။ လုပ်ရင် ဘယ်လောက်ပျက်စီးဆုံး ရှုံးတယ်ဆိုတာ ပေါ်လာမှာပဲ။ အဲ ဒါကို စာရင်းဇယားရှိတဲ့သူတွေ လုပ်ကြည့်သင့်တာပေါ့။ ဘယ် လောက်အတိုင်းအတာအထိ ထိ ခိုက်နေလဲဆိုတာသိရင် စီမံချက် တစ်ခုချရတော့မှာပေါ့။ စီမံချက် ချပြီးရင် တကယ်ဇောက်ချလုပ်ရ မှာပေါ့။ နောက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကလည်း သိပ်ပီပီပြင်ပြင်မှ မရှိတာပဲ။
ကျေးဇူးတင်ပါတယ်ဆရာ။
Source – 7 day news journal
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....