နိုဝင်ဘာ ၂၃ နောက်ပိုင်း မိုးတွေလာစေမယ့် တောင်တရုတ်ပင်လယ်က 97 W စဖြစ်
ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း ပြီးဆုံးသွားလို့ ဒီနေ့ကစပြီး နေသာတော့မှာ ဖြစ်ပေမယ့် တောင်တရုတ်ပင်လယ်မှာ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း လေဖိအားနည်းရပ်ဝန်းစောင့် ကြည့်ဧရိယာ (97 W) စဖြစ်လာလို့ နိုဝင်ဘာ ၂၃ နောက်ပိုင်း တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးရွာသွန်းမှု တွေ ဆက်ရှိမှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကား ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
တောင်တရုတ်ပင်လယ် ဗီယက်နန်တောင်ဘက်ကမ်းခြေအနီးမှာ စတင်ဖြစ်ပေါ်လာတဲ့ ဒီ 97 W ဟာ မြန်မာနိုင်ငံတောင်ပိုင်းကနေ ဖြတ်ထွက်မှာဖြစ်လို့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုကြီးနိုင်ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့ကလွဲလို့ နေရာအနှံ့အပြားမှာ မိုးရွာနိုင်တာ၊ မိုးများနိုင်တာတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
97 W ဖြစ်လာတဲ့အခြေအနေက ဘယ်လိုရှိလဲ?
“ 94 B သက်ရောက်မှုက ဒီနေ့ကစပြီး မရှိတော့ဘူး။ အဲ့ဒီတော့ ဒီနေ့ကစပြီး ၂၃ ရက်နေ့အထိက နေသာမယ်။ ဟိုး တိမ်အမြင့်တွေ ဖုံးတာလောက်ပဲရှိတော့မယ်။ တချို့နေရာတွေ မိုးအုံ့နိုင်တဲ့သဘောပေါ့။ ဒီကောင်က အားကောင်း တဲ့လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့ပဲ ပြီးသွားတာ။ နောက်တစ်ခုက အခု 97 W ကကျ အားပိုကောင်းတယ်။ ဆိုတော့ 94 B ဘက်က တိမ်တွေတော်တော်များများက အောက်ဘက် ဆူမားတြားကျွန်းပေါ်ကဖြတ်ပြီး အဲ့ဒီ 97 W ရဲ့ လေစီး ကြောင်းထဲ အကုန်ရောက်ကုန်တာ။ လေစီးကြောင်းအားကောင်းတဲ့ဘက်ကို ပေါင်းကုန်တာပေါ့”
မြန်မာနိုင်ငံကို ဘယ်လို ဖြတ်သန်းဝင်ရောက်လာမှာလဲ?

“ သူက အခုလောလောဆယ်ထုတ်ပြန်ချက်အနေအထားတွေအရဆို မြိတ်အပေါ်တည့်တည့် ဒါမှမဟုတ် မြိတ်အောက်ဘက်လောက်ကနေ ဖြတ်လိမ့်မယ်။ ဖြတ်ပြီးသွားရင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ထားဝယ်နဲ့ ကြားထဲလောက်ကို အရင်စရောက်မှာ။ ကပ္ပလီပင်လယ်ပြင်စရောက်ချိန်ဆို ပင်လယ်ပြင်အပူချိန်က မြင့်နေသေး တယ်။ အဲ့ဒါကြောင့် ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာက ပင်လယ် ရေမျက်နှာပြင်အပူချိန်တွေက မြင့်နေသေးတဲ့အတွက် မုန်တိုင်းအတွက် အားကောင်းနေသေးတယ်။ တကယ်လို့ မုန်တိုင်းဖြစ်လာမယ်ဆိုရင်ပေါ့”

“ ကျွန်တော်တို့လမ်းကြောင်းဆွဲထားတဲ့ထဲမှာတွေ့လိမ့်မယ်။ (ပုံတွင်ကြည့်ရန်) ပွိုင့်နံပါတ် ၆၊ ၇၊ ၈ က ထိုင်းပင်လယ်ကွေ့ထဲမှာ။ နံပါတ် ၉ ကကျ မြိတ်ရဲ့အောက်ဘက်ကနေ ဖြတ်ဝင်တာပေါ့။ အဲ့ဒီဟာရဲ့ နောက်ပိုင်း ၁၀၊ ၁၁၊ ၁၂ နောက်ပိုင်းတွေကို ကျွန်တော်တို့သတိထားကြည့်ရမယ်။ သူက ပင်လယ် ရေမျက်နှာပြင်အပူချိန် မြင့်နေတဲ့အတွက်ရယ်၊ တိမ်တွေပိုပြီးတော့ သူ့ဆီကို ပေါင်းလာတဲ့အတွက်ရယ်၊ ဘယ်လောက်ထိ အားကောင်းလာမလဲဆိုတာ စောင့်ကြည့်ရမယ်”
ဒီအရှိန်နဲ့ မိုးရွာသွန်းမှုဖြစ်မှာတွေက ဘယ်ဒေသတွေဖြစ်မလဲ?

“ ချင်း၊ ကချင်၊ ရှမ်း(မြောက်) မပါဘူး။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် နေရာအကုန်လုံးပါတယ်။ စစ်ကိုင်းတိုင်း ဆိုရင်တော့ မုံရွာတည့်တည့်လောက်။ နောက် မိုးကုတ်လောက်အထိပဲ ရောက်နိုင်တယ်။ ဒါက လောလောဆယ် ရထားတဲ့အနေအထားအရ။ ဒါပေမဲ့ အခြေအနေက ပြောင်းနိုင်သေးတယ်။ ဘယ်လိုမျိုး ပြောင်းနိုင်တာလဲ ဆိုတော့ ပိုပြီးတော့ အားကောင်းလာဖို့ရှိမယ်လို့ပဲ ကျွန်တော်ကတော့ မှန်းတယ်"

"အားကောင်းလာရင်တော့ မိုးကုတ်အထက်ပိုင်းလောက်ထိ ရောက်သွားနိုင်တယ်။ ကချင်ပြည်နယ်ထဲထိတော့ မရောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အပူချိန်တွေက တအားကျပြီး အေးနေလို့။ နောက်တစ်ခုက အရှေ့မြောက်ဘက်ကတိုက်နေတဲ့ လေအေးစီးကြောင်းကြီးနဲ့ High pressure ကြီးက တွန်းချနေတဲ့ အနေအထားကိုလည်း သူဆုံရမယ်။ ဆိုတော့ သူက အပေါ်က မတက်နိုင်ဘူးပေါ့”
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးနိင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကခရမ်းမြိုးနယ်လှဘိလူးကျေးရွာ
ဦးနိင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်တိုပဲစိုက်တောင်သူတွေပဲချသင့်ပြိးလားဒါမှမဟုက်ဆောင့်ဆိုင်းသင့်လားသိပါရစေ
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026