အလယ်ပိုင်းဒေသအတွက် မိုးရနိုင်ချေမျှော်လင့်ချက်ရှိစေမယ့် လေဝဲစီးကြောင်းတစ်ခုဖြစ်လာ
မိုးခေါင်နေတဲ့ အလယ်ပိုင်းဒေသအတွက် မိုးရနိုင်ချေမျှော်လင့်ချက်ရှိစေမယ့် လေဝဲစီးကြောင်းတစ်ခု ဒီနေ့ ညနေပိုင်းမှာ စဖြစ်လာတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ လေဝဲက ဒီနေ့ ညနေ ၅ နာရီဆိုရင်ကို သိသိသာသာဖြစ်ပြီပေါ့။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကိုလ်ကတ္တားရဲ့အနောက်မြောက်ဘက်လောက်မှာဖြစ်တယ်။ သူ့ရဲ့ဖိအားက ၁၀၀၀ ဟက်တိုပါစကယ်ထိ ကျတယ်။ သူ့ရဲ့လက်ဝဲရစ်လေစီးကြောင်းက အထက်မှာပဲ။ အောက်ဘက်မျက်နှာပြင်အထိတော့ မရောက်ဘူး။ ပေ ၂၀၀၀ လောက်အထိ ရောက်တယ်။ ဒါက အခု အခြေအနေပေါ့” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
အခုဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်းဟာ မနက်ဖြန် ဇွန် ၂၄ ရက်နေ့ ကျရင်တော့ အောက်ဘက် မီတာ ၁၀၀ အမြင့်လောက်ထိ လေဝဲစီးကြောင်းဆက်ဖြစ်မှာဖြစ်ပြီး ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ ပိုပြီးတော့ သိသာလာမှာဖြစ်ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း နေရာတွေမှာ မုတ်သုံလေအားတော်တော်လေးကို ကောင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း မြန်မာ့ကမ်းရိုးတန်းဘက်ကိုတော့ အခုလကုန်ပိုင်းမှ ရောက်လာမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ ၂၉၊ ၃၀ လောက်ကျရင် မုတ်သုံလေ အားကောင်းတာက မြန်မာ့ကမ်းရိုးတန်းနားကို ရောက်လာမယ်။ ကပ္ပလီ ပင်လယ်ပြင်ကိုလည်း ရောက်လာမယ်။ ဒါကြောင့်မို့ အလယ်ပိုင်းဒေသတွေမှာပါ မိုးရလာနိုင်တာပေါ့”
လက်ရှိအနေအထားတွေအရ ဒီလေဝဲဖြစ်မယ့်အနေအထားနဲ့ပတ်သက်လို့ ကမ္ဘာ့မိုးလေဝသခန့်မှန်းမော်ဒယ်တွေဖြစ်တဲ့ ECMWF နဲ့ GFS တို့ရဲ့ ကြိုတင်ခန့်မှန်းချက်တွေဟာ ထပ်တူကျနေလို့ ဖြစ်နိုင်ချေဟာ ၈၀ ရာခိုင်နှုန်းရဲ့အထက်မှာ သေချာတယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
“ မိုးအနည်းဆုံးဖြစ်နေတဲ့ ညောင်ဦးဒေသမှာတောင်မှ ၂၉ ရက်ကနေ ဇူလိုင် ၂ ရက်နေ့ထိ အပူချိန်တွေကျမယ်။ မိုးတောက်လျှောက်ရွာနိုင်တယ်”
ECMWF model ကြိုတင်ခန့်မှန်းချက်တွေအရ တရုတ်ပြည် ကွမ်ကျိုးပြည်နယ်နဲ့ ယူနန်ပြည်နယ်တွေကို ဖြတ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကို ရွေ့လျားလာတဲ့ တိမ်တိုက်ကြီးဟာ မနေ့ည ၁၁ နာရီခွဲကစပြီး ကချင်ပြည်နယ်ကို စ ဝင်လာတာတွေ့ရလို့ ကချင်ပြည်နည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇွန်လကုန်အထိ မိုးက တောက်လျှောက်များနိုင်တယ်လို့
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် မိုးများစွာရွာသွန်းနိုင်မှုကြောင့် မြစ်ကမ်းတစ်လျှောက်နေထိုင်သူများ ရေဘေးအန္တရာယ် သတိပြုဖို့လိုတယ်လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဒီနေ့ ညနေ ၃ နာရီ ၃၅ မှာရတဲ့ Flood Detection System ရဲ့ microwave image update အရတော့ မြစ်ကြီးနားကနေ မန္တလေးကြား မြစ်ရေကြီးနိုင်မှုဟာ နေရာအတော်များများမှာ ဖြစ်နေပြီလို့ သိရပါတယ်။ (ပုံမှာ အနီရောင်တွေနဲ့ ဖော်ပြထား)
( နိုင်ငံတကာမိုးလေဝသကြိုတင်ခန့်မှန်းချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါသည်။)
Photo Crd - Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....