တောင်တရုတ်ပင်လယ်မှမုန်တိုင်း MA-ON အရှိန်ကြောင့် ဒေသအချို့ မိုးများဦးမည်
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်ရေပြင်ကို ရောက်ရှိနေတဲ့ မုန်တိုင်း MA-ON ကနေ ရောက်ရှိလာမယ့်တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံဒေသအချို့မှာ မနက်ဖြန် ဩဂုတ် ၂၅ ကနေ ၂၇ အထိ မိုးကြီးတာတွေ ဖြစ်လာဦးမယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပြောကြားပါတယ်။

လက်ရှိမှာ မုန်တိုင်းရဲ့ရှေ့က တိမ်တိုက်တွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းထိရောက်နေပြီဖြစ်ပြီး အဲ့ဒီက မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေက လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော် စတာတွေဘက်ကို ဖြတ်သွားမှာဖြစ်ကာ အဲ့ဒီ ဒေသတွေမှာ မိုးကြီးမယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
“ မုန်တိုင်းရဲ့အကြွင်းအကျန် Main cell ပေါ့။ အဓိကကျတဲ့တိမ်တိုက်ကြီးကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း ကချင်ပြည်နယ်တောင်ပိုင်းပေါ့။ အဲ့ဒီနေရာတွေ ဝင်သွားလိမ့်မယ်။ မြစ်ကြီးနား ပတ်ဝန်းကျင်ကတော့ မိုးရေချိန် တော်တော်များတယ်။ တစ်ရက်တည်း ၃ နာရီအတွင်းမှာ ၄.၅ လက်မ လောက်ထိ ရွာဖို့ရှိတယ်။ ၂၆ ရက်နေ့ကျရင် ”
ဒါ့အပြင် အဲ့ဒီအရှိန်နဲ့ အလယ်ပိုင်းဒေသတွေအပါအဝင် ဒေသအချို့လည်း မိုးများဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
“ သေချာတာကတော့ ၂၅၊ ၂၆၊ ၂၇ သုံးရက်ကတော့ မိုးများမယ်။ ဘယ်နေရာတွေများမလဲဆိုတော့ ကရင်၊ မွန်၊ ကယားပြည်နယ်တွေ မိုးများမယ်။ ဖာပွန် (ကရင်ပြည်နယ်) မှာဆို ၂၅ ညနေ၊ ၂၆ တစ်ရက်လုံး၊ ၂၆ မှာက ညပိုင်းဆို လေပါပြင်းမယ်။ တစ်နာရီ ၆ မိုင်ကနေ ၂၄ မိုင်လောက်။ ဆိုတော့ အဆိုးကြီးတော့ မဟုတ်ဘူးပေါ့နော်။ အလယ်ပိုင်းတွေမှာလည်း မိုးများလိမ့်မယ်။ တောင်ပိုင်းကတော့ ပုံမှန်ရွာ သလောက်တော့ရှိတယ်။ အလယ်ပိုင်းဆိုရင် အခု နွားထိုးကြီးကို ဗဟိုပြုပြီးကြည့်လို့ရှိရင် ၂၆ ရက်နေ့ တစ်နေ့လုံးနီးပါးလောက်ကို မိုးရွာမယ်။ ၂၇ ရက်နေ့ကျရင် လေပြင်းတိုက်နိုင်တယ်။ မိုးရွာတာတော့ မရှိတော့ဘူး ”
MA-OH မုန်တိုင်းဟာ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် - အနောက်-အနောက်မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားပြီး ဂွမ်ဒုံးပြည်နယ်၊ ဂွမ်ဇီပြည်နယ်၊ ဗီယက်နန်နိုင်ငံမြောက်ပိုင်းမှ ယူနန်ပြည်နယ်အထိ ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအဆင့်အထိ လျော့ကျကာ အားပျော့ပျက်ပြယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ ယူနန်ပြည်နယ်ကို ဖြတ်သန်းပြီး ဩဂုတ်လ ၂၅ နှင့် ၂၆ ရက်နေ့တွေမှာ မြန်မာနိုင်ငံအရှေ့ပိုင်းကတဆင့် တစ်နိုင်ငံလုံးသို့ ရောက်ရှိလာနိုင်မှာဖြစ်ပြီး နိုင်ငံအနှံ့အပြားမိုးရွာသွန်းနိုင်တာ၊ နေရာကွက်မိုးကြီးတာတွေဖြစ်နိုင်တာ ဖြစ်ပါတယ်။
Photos Crd_ U Win Naing
✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
u khin mg oo
လွန်ခဲ့သော ၄ နှစ် ကတံတားဉီးမြိုနယ်ရောမိုးများနိုင်မည့်အနေအထားရှိပါသလား
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026