တိုင်းနှင့်ပြည်နယ်အသီးသီးအတွက် ၃ ရက်အတွင်း မိုးလေဝသအခြေအနေများ
( ယနေ့ စက်တင်ဘာ ၂၁ ရက်မှ - စက်တင်ဘာ ၂၃ ရက်ထိ ခန့်မှန်းချက်)
လက်ရှိအနေအထားတွေအရ ‘ စက်တင်ဘာလ လကုန်ပိုင်းအထိ မြန်မာတစ်နိုင်ငံလုံး မိုး ဆက်လက်ရွာနေ နိုင်ဦးမှာ ဖြစ်ပြီး၊ အချို့ ပြည်နယ်တိုင်းဒေသတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါဦးမယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးမှာ နေ့အပူချိန်များအနည်းငယ်လျော့ကျလာပြီး ညဘက်/မနက်အစောပိုင်း အချိန်တွေမှာ အအေးပိုလာနိုင်မှာကိုလဲ တွေ့ရပါတယ်။ ကချင်ပြည်နယ် ရှမ်းပြည်နယ် ချင်းပြည်နယ်တွေမှာတော့ မနက်အစောပိုင်းအချိန်တွေမှာ သိသိသာသာအအေးပိုလာနိုင်ပါမယ်” လို့ နိုင်ငံတကာ မိုးလေဝသခန့်မှန်းထုတ်ပြန် ချက်တွေအရ မိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

လာမယ့် ၃ ရက်အတွင်း မိုးလေဝသအခြေအနေများအရတော့ တစ်နိုင်ငံလုံးမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုရှိနေတဲ့ထဲကမှ ထူးထူးခြားခြား မိုးများနိုင်၊ မိုးနည်းနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မိုးလေဝသအနေအထား
" အခုအနေအထားအရ (စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်း) ဆိုရင်တော့ တိမ်တွေကတော့ အကုန်လုံး ဖြစ်နေတာ ပေါ့နော်။ အခု ကျွန်တော်ကြည့်နေတဲ့ အနေအထားဆိုရင် နောက်လာမယ့် ၃ ရက်မှာ တစ်နိုင်ငံလုံးမှာတော့ မိုးရွာနိုင်မယ်"
မိုးများနိုင်၊ မိုးနည်းနိုင်သည့် ဒေသများ
" မိုးများနိုင်တာက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ နောက်တစ်ခုက စစ်ကိုင်းတိုင်း။ စစ်ကိုင်းတိုင်းမှာက အလယ်ပိုင်းကော၊ အထက်ပိုင်းကော၊ အောက်ပိုင်းကောပဲ။ နောက်တစ်ခုက ကချင်ပြည်နယ်လည်း မိုးများနိုင်တယ်။ နောက်ထပ် ပဲခူးတိုင်းဆိုရင်တော့ ပဲခူးအရှေ့ပိုင်းက မိုးများနိုင်တယ်။ အနောက်ခြမ်းကတော့ မိုးနည်းနိုင်တယ်။ ပြီးတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း မိုးများနိုင်တယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မိုးများနိုင်တယ်။ ကယားပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာလည်း မိုးများနိုင်တယ်"
" မိုးနည်းနိုင်တဲ့ဒေသတွေကို ပြောမယ်ဆိုရင်တော့ ရှမ်းပြည်နယ် မြောက်ကော၊ တောင်ကော မိုးနည်းမယ်။ နောက်တစ်ခုက မကွေးတိုင်း နည်းမယ်။ အဲ့နှစ်ခုပဲ "
ထူးထူးခြားခြား မိုးများနိုင်၊ မိုးနည်းနိုင်မည့်ဒေသများ
" ကချင်ပြည်နယ်မြောက်ပိုင်းတစ်ခုတည်းကွက်ပြီး မိုးအရမ်းများတာရှိမယ်။ ၆ လက်မခွဲလောက်ထိ ရွာမယ်။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေထဲကဆိုရင် ခုန များမယ်လို့ပြောထားတဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအရှေ့ခြမ်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စတဲ့နေရာတွေကတော့ ၁ လက်မခွဲကနေ ၂ လက်မလောက်ထိပဲ ရွာနိုင်တယ်"
" ထူးထူးခြားခြား မိုးနည်းနိုင်တာဆိုရင်တော့ မိတ္ထီလာပတ်ဝန်းကျင်ပဲ။ အဲ့ဒီမှာတော့ မိုးရေချိန် လက်မဝက်လောက်ပဲ ရွာနိုင်တယ်။ ရွာတော့ရွာနိုင်တယ်။ နည်းမှာပေါ့ "
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဉိးဌေးအောင်
လွန်ခဲ့သော ၃ နှစ် ကစုစုစံမိုဇလ
Kyaw Ko
လွန်ခဲ့သော ၃ နှစ် ကမန်းလေးတိုင်းမိုးမရွာဘူးလား
ခင်မိုးသူ
လွန်ခဲ့သော ၃ နှစ် ကရန်ကုန်ုတိုင်းခရမ်မြို့နယ်မိုးလေဝသအခြေအနေသိချင်ပါတယ်
စောအယ်ယွား
လွန်ခဲ့သော ၃ နှစ် ကလပွတ္တာ ခရိုင်၊ ပြင်စလူမြို့နယ် မိုးရွာသွန်းမှုအခြေနေမေးလိုပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....