ကြက်ဟင်းခါးသီး အရမ်းမခါးအောင်ကြော်နည်း
ကြက်ဟင်းခါးသီးကြော်ဆိုရင် အများအားဖြင့် ခါးတဲ့ အရသာ ရှိတာတော့ လူတိုင်းသိမှာပါ..။ အခါးကြိုက်တဲ့ သူတွေအတွက်တော့ ပြဿနာမရှိပေမယ့် ကြက်ဟင်းခါးသီးလည်းစားချင်၊ ခါးလည်းသိပ်မခါးချင်ဘူးဆိုတဲ့သူတွေ အတွက်တော့ အခက်အခဲတစ်ခုရှိနိုင်ပါတယ်..။
အဲ့ဒီလို ခါးသက်သက်အရသာမကြိုက်သူတွေအတွက် ကြက်ဟင်းခါးသီး အရမ်းမခါးရအောင် ကြော်လို့ရတဲ့ နည်း လေးကို ပြောပြပေးပါမယ်။
ကြက်ဟင်းခါးသီး အရမ်းမခါးအောင် ကြော်မယ်ဆိုရင်..
၁။ ကြက်ဟင်းခါးသီးကို အထူကြီး မလှီးပါနဲ့။ ခပ်ပါးပါးလေးတွေပဲ လှီးပါ။
၂။ လှီးထားတဲ့ ကြက်ဟင်းခါးသီးတွေကို ဆားနဲ့ နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။
၃။ ပြီးရင် ရေနဲ့ ၅ ကြိမ်လောက် ဆေးကြောပါ။
၄။ ပြီးရင် ရေကို သေချာညှစ်ချပြီး ရေစစ်ထားပါ။
၅။ အဆာပလာအဖြစ် ပုစွန်ခြောက်အကောင်လေးတွေကို ရေစိမ်ပြီး မညက်တညက် ထောင်းထားပါ။
၆။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို တစ်ဆုံ ထောင်းထားပါ။
၇။ ကြော်မယ်ဆိုရင် ဆီနိုင်နိုင်သတ်ပါ။ ကြက်ဟင်းခါးသီးကို ဆီနဲ့ပဲ အိသွားအောင် ကြော်ရပါမယ်။ မနူးလို့ဆိုပြီး ရေထည့်ရင် အခါးတွေ ပိုထွက်လာပါလိမ့်မယ်။
၈။ မတူးအောင် မွှေပြီး ကြက်ဟင်းခါးသီး နူးအိလာခါနီးလေ မွှေလေ လုပ်ပေးပါ။
၉။ ကြက်ဟင်းခါးသီးလေးတွေ အစိမ်းရောင်ပျောက်ပြီး အိလာပြီဆိုရင်တော့ အိုးချလို့ရပါပြီ။
ဆီများများနဲ့ ကြော်တာဆိုတော့ စားခါနီးရင် ဆီတွေ ခပ်ထုတ်ထားဖို့ မမေ့ပါနဲ့နော်။
ကဲ..ဒီလိုဆိုရင်တော့ အရသာရှိပြီး အိအိလေးနဲ့ မခါးတဲ့ကြက်ဟင်းခါးသီးလေးတစ်ခွက် ရပါပြီနော်..။
ရေးသားသူ- နှင်းဖြူဖြူ
မှီငြမ်း- ချက်နည်းပြုတ်နည်းမှတ်စု။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026