နှမ်းမှိုအရွက်အစက်ပြောက်ရောဂါ
နှမ်းမှိုအရွက်အစက်ပြောက်ရောဂါသည် နှမ်းပင်များတွက် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်သော ရောဂါတစ်ခုဖြစ်ပါသည်။ ၎င်းရောဂါကျရောက်ပါက အထွက်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါသည်။ နှမ်းမှိုအရွက်အစက်ပြောက်ရောဂါသည် မှိုတစ်မျိုးဖြစ်သော Cercospora sesami ကြောင့် ဖြစ်စေသည်။ အပင်၏ မြေအပေါ်ပိုင်းတွင် ကျရောက်တတ်ပြီး ရောဂါကျရောက်မှု ပြင်းထန်ပါက အရွက်များကြွေကျပြီး စီးပွားရေးအရ အထွက်နှုန်းထိခိုက်စေနိုင်သည်။
ရောဂါကျရောက်မှု့လက္ခဏာများ
မှိုရောဂါသည် အပင်ပေါက်ပြီး အစောပိုင်း ၂၈ ရက်တွင် ကျရောက်တတ်ပါသည်။ ရောဂါ စတင်ကျရောက်ပါက အရွက်၏ အပေါ်အောက်မျက်နှာပြင်တွင် သေးငယ်ပြီး အရောင်ဖျော့သော အညိုအစက်အပြောက်များကို စတင်တွေ့ရမည်။ အစက်အပြောက်လေးများသည် အနက်ရောင်အနားသတ်ရှိသည်။ အနည်းငယ် သေးငယ်သော်လည်း နောက်ပိုင်းတွင် အစက်အပြောက်များထိဆက်သွားပြီး အချင်း ၅-၁၅ မီလီမီတာ (၀.၅- ၁.၅စင်တီမီတာ) အထိ ကြီးလာမည်။ မှိုအရွက်ပြောက်ရောဂါကို ဘက်တီးရီးယားအရွက်ပြောက်ရောဂါနှင့် ခွဲခြားနိုင်သည်။ မှိုအစက်ပြောက်အလယ်တွင် မီးခိုးဖျော့ရောင်ပါရှိပြီး တဖြည်းဖြည်းကြီးလာပါက တဖြည်းဖြည်း လုံးဝန်းလာသည်။ မှိုအစက်ပြောက်ရင့်လာပါက မှိုချောင်းများနှင့် မှိုသီးများ ဖြစ်ပေါ်လာပြီး မှိုအစက်ပြောက်သည် မီးခိုးရောင်မှ အနက်ရောင်ပြောင်းလာသည်။ မှိုအစက်အပြောက်ပါဝင်မှု့သည် စိုစွတ်သောအခြေအနေတွင် အရွက်တစ်ရွက်တွင် အစက် ၁၀၀ မှ ၄၀၀ အတွင်းရှိနိုင်ပြီး အရွက်များ မရင့်မီ ကြွေကျမည်။ ပင်စည်၊ အရွက်ရိုးတံနှင့် အသီးတောင့်များတွင်လည်း ကျရောက်နိုင်သည်။ မှိုသီးများသည် အခြားအပင်များသို့ မိုး၊ သွင်းရေနှင့် လေတို့နှင့်အတူ သယ်ဆောင်ကာ ရောဂါများကို ပျံ့နှံစေသည်။

ကာကွယ်နှိမ်နှင်းခြင်း
၁။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း။
၂။ မှိုရောဂါသည် ယခင်နှစ် သီးနှံကြွင်းကျန်များမှ ကူးဆက်နိုင်သဖြင့် မပြုပြင်မီ ယခင်နှစ် ရိုးပြတ်များကို မြေမပြုပြင်မီ မီးရှို့ဖျက်ဆီးရမည်။
၃။ အစေ့ဆောင်ရောဂါဖြစ်သဖြင့် ရေနွေး ၅၃·C တွင် ၃၀ ခန့်စိမ်ထားပေးရမည်။ ထို့ပြင် ကာဗန်ဒါဇင်(carbendazim ) 2g ကို အစေ့ ၁ ကီလိုဂရမ်တွင် အသုံးပြုနိုင်သည်။
၄။ စိုက်ပျိုးချိန် စောစောစိုက်ရမည်။ သီးလှည့်စိုက်ပျိုးပါက ရောဂါကျရောက်မှု့ နည်းသည်။
၅။ အပင်ပိုင်းကြီးထွားချိန် ရောဂါကျရောက်မှု့ပြင်းထန်ပါက မန်ကိုဇက် (Mancozeb) ၀.၂၅ % ကို ၁၅ ရက်တစ်ခါ သုံးကြိမ်ဖျန်းပေးရမည်။
ဇော်ရဲသူ
Reference: Plantwise Knowledge Bank
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နှမ်းမှိုအရွက်အစက်ပြောက်ရောဂါ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from U Zaw Ye Thu
အားလုံး