စပါးဂုတ်ကျိုးရောဂါ
တောင်သှုဦးကြီးများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ။ ကျွန်တော် ဒီနေ့ဆွေးနွေးတင်ပြ ချင်တဲ့ အကြောင်းအရာကတော့ စပါးဂုတ်ကျိုးရောဂါပဲ ဖြစ်ပါတယ်။ စပါးဂုတ်ကျိုးရောဂါဆိုတာ စပါးသီးနှံမှာ ကျတတ်တဲ့ မှိုရောဂါတွေထဲက တစ်မျိုးပါပဲ။ ဒီရောဂါဟာ အခြေအနေပေးတယ် ဆိုရင် မိုးစပါးရော၊ နွေစပါးမှာပါ ပျိုးခင်း အပင်ငယ်အဆင့်ကနေ အနှံထွက်ချိန်ထိ ကျရောက်နိုင်ပါတယ်။
အပင်ငယ်စဉ်မှာ ရောဂါကျရင် စပါးအရွက်တွေပေါ်မှာ လက္ခဏာတွေကို ပြပါတယ်။ ဒီလက္ခဏာဟာ တခြားမှိုရောဂါတွေနဲ့ မတူပါဘူး။ ဘယ်လိုလက္ခဏာမျိုးတွေ့ရမလဲဆိုရင် အလယ်ဖောင်းပြီး ဘေးနှစ်ဖက်ချွန်နေတဲ့ မျက်လုံးပုံစံ (သို့) လွန်းပုံသဏ္ဍာန် မှိုကွက်တွေ စဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို မှိုကွက်တွေကို ဘယ်လိုနေရာတွေမှာ စတွေ့ရမလဲဆိုရင် ပုလဲမြေသြဇာ (ယူရီးယား) အများကြီးကျွေးထားလို့ စပါးသန်နေတဲ့နေရာမျိုးတွေ၊ ရွာခြေနဲ့နီးလို့ မြေသြဇာကောင်းပြီး စပါးရွက်ဖား ထိုးတဲ့နေရာတွေကနေ စတင်ဖြစ်ပေါ်တတ်ပါတယ်။
ရာသီဥတုက အခြေအနေပေးလာရင် အဲဒီမှိုကွက်ကလေးတွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းသွားပြီး ဆိုးရွားလာတဲ့အခါ တစ်ရွက်လုံး ခြောက်ပြီး သေသွားပါတယ်။ ဘယ်လိုရာသီဥတုမျိုးက စပါးဂုတ်ကျိုးရောဂါကို အခြေအနေပေးသလဲလို့ မေးလာရင် အဖြေကတော့ မနက်ခင်း နှင်းကျတဲ့ရက်တွေ၊ တစ်နေ့လုံး မိုးအုံ့နေတဲ့ နေ့တွေဟာ စပါးဂုတ်ကျိုးရောဂါ ပွါးများဖို့ အခြေအနေပေးပါတယ်။ ဘာလို့လဲ ဆိုတော့ နှင်းတွေကျနေတဲ့အတွက် စိုးထိုင်းဆ များတဲ့ အတွက်ကြောင့်ရယ် မိုးအုံ့နေခြင်းကလည်း ပူအိုက်စွတ်စိုနေတဲ့အတွက်ကြောင့် ဂုတ်ကျိုး မှိုပွားများမှုကို အားပေးပါတယ်။
ဒါ့အပြင် စပါးခင်းထဲမှာ ဂုတ်ကျိုးမှိုရောဂါ စတင်ကျရောက်နေပြီဆိုရင် ပုလဲ(ယူရီးယား)မြေသြဇာ မကျွေးသင့်သလို စပါးခင်းထဲကိုလည်း လမ်းဖြတ်မလျှောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စပါးဂုတ်ကျိုးရောဂါဟာ မှိုရောဂါ ဖြစ်တဲ့အတွက် အလွယ်တကူ ကူးစက် ပျံ့နှံ့နိုင်ပါတယ်။ လေကတစ်ဆင့် ကူးစက်နိုင်တယ်။ ရေကတစ်ဆင့်လည်း ပျံ့နှံ့နိုင်သလို့ မိုးစက်၊ နှင်းစက်တွေကတစ်ဆင့်လည်း ပျံ့နှံ့နိုင်ပါတယ်။ ပုလဲမြေသြဇာကြောင့် စပါးရွက်တွေဟာ ပိုပြီး နူးညံ့ အရည်ရွမ်းလာပြီး ရောဂါကူးစက်နိုင်သလို့ လမ်းဖြတ် လျှောက်ခြင်းကြောင့် မှိုမျိုးဥများ လူနဲ့ကပ်ပါပြီး အခြား ကျန်းမာတဲ့ စပါးပင်တွေကို ဆက်လက်ကူးစက်စေပါတယ်။ ဒါကြောင့် စပါးဂုတ်ကျိုးရောဂါ ကျနေပြီဆိုရင် စပါးခင်းထဲ လမ်းဖြတ်မလျှောက်သင့်ပါဘူး။
စပါးဂုတ်ကျိုးရောဂါကျနေပြီးဆိုရင်တော့ အရေးတကြီး လုပ်ဆောင်ရမယ့် လုပ်ငန်းချက်တွေရှိပါတယ်။
၁။ စပါးဂုတ်ကျိုးရောဂါ လက္ခဏာပါတဲ့ စပါးပင်တွေကို နှုတ်(သို့) ရိတ်ပစ်ရပါမယ်။ ရိတ်ပြီး စပါးခင်းနဲ့နီးတဲ့နေရာ၊ ကန်သင်းပေါ်တွေမှာပဲ ထားခဲ့လို့ မရပါဘူး။ စပါးခင်းနဲ့ ဝေးရာကို အိတ်တစ်ခုခုနဲ့ထည့်ယူသွားပြီး မီးရှို့ဖျက်ဆီးပစ်ရပါမယ်။
၂။ စပါးခင်းထဲမှ ရေကို လျှော့ပေးရပါမယ်။ ရေလျှော့ပေးလိုက်ရင် စပါးခင်းထဲမှ စိုထိုင်းဆတွေကို လျှော့ချနိုင်တဲ့အတွက် စပါးဂုတ်ကျိုးရောဂါ ပွားများမှုကိုလည်း ဟန့်တားနိုင်ပါတယ်။
၃။ စပါးဂုတ်ကျိုးရောဂါကျနေတာကို သိတာနောက်ကျလို့ပဲဖြစ်ဖြစ် အခြေအနေဆိုးနေပြီဆိုရင်တော့ ဆေးဖျန်းဖို့လိုအပ်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာလည်း ပင်လုံးပြန့်မှိုသတ်ဆေး ကို ရွေးချယ် အသုံးပြုရပါမယ်။ ဆေးဖျန်းတဲ့အခါမှာ ပိုးသတ်ဆေးတွေ နဲ့ မှိုသတ်ဆေးတွေ ရောစပ်ပြီး အသုံးမပြုသင့်ပါဘူး။ နောက်ပြီး စပါးဂုတ်ကျိုးရောဂါအတွက် ဆေးဖျန်းတဲ့အခါ သိထားသင့်တာက ရောဂါလက္ခဏာ နည်းတဲ့ဖက်ကစပြီး ဖျန်းသင့်ပါတယ်။ ရောဂါလက္ခဏာ များတဲ့ဖက်ကို နောက်ဆုံးမှ ဖျန်းသင့်ပါတယ်။
အထက်မှာ ဆွေးနွေးခဲ့တဲ့အချက်တွေကတော့ ရောဂါကျနေပြီဆိုရင် အရေးတကြီး ချက်ချင်း လုပ်ဆောင်ရမယ့် နည်းတွေဖြစ်ပြီး ရေရှည်အတွက် လုပ်ဆောင်ရမယ့် အချက်တွေကတော့
၁။ စပါးဂုတ်ကျိုးရောဂါ ကျခဲ့တဲ့အခင်းကို စပါးရိတ်သိမ်းပြီးချိန်ရင် ရိုးပြတ်တွေကို မီးရှို့ရပါမယ်။
၂။ စပါးဂုတ်ကျိုးရောဂါဟာ မျိုးစေ့ကနေလည်း ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ရောဂါကျ စပါးခင်းမှ စပါးတွေကို မျိုးအဖြစ် အသုံးမပြုသင့်ပါဘူး။
၃။ စပါးစိုက်ပျိုးခြင်းမှာ ပုလဲမြေသြဇာတစ်မျိုးတည်း အဓိကထားမသုံးဘဲ တီဆူပါ၊ ပိုတက်မြေသြဇာများ တွဲဖက်ပြီး အချိုးညီ မျှတစွာ အသုံးပြုရပါမယ်။
အောင်ကိုဝင်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးဂုတ်ကျိုးရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Paing Zin Oo
လွန်ခဲ့သော ၁ လ ကရောဂါဖစ်စေသောအကြောင်းအရင်းကိုပြောပြပေးပါလားဗျာ
သီဟဇော်
လွန်ခဲ့သော ၁ နှစ် ကအနှံ့ထွက်တဲ့ အချိန်မှာ ဆေးဖျန်းလို့ရပါသလား
aungsanoo
လွန်ခဲ့သော ၁ နှစ် ကစပါးရွက်ခြောက်ရောဂါ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစပါးရွက်ညှိကြောက်
Tun Tun
လွန်ခဲ့သော ၅ နှစ် ကကြိုတင်ကာကွယ်လို့ရလားခင်ဗျ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....