သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ
သီးထိုးယင်လို့ပြောလိုက်တာနဲ့ သိပြီးသားသူတွေလည်းရှိသလို ပျားလိုလို အကောင်လေးမို့ သီးနှံတွေဖျက်ဆီးတတ်တဲ့အကောင်လို့ မထင်မိတဲ့သူတွေလည်းရှိမှာပါ။ အသီးက အပြင်ကကြည့်ရင်တော့အကောင်း၊ ခွဲကြည့်လိုက်မှ အထဲမှာ လောက်ကောင်တွေတွေ့နေရပြီဆို သေချာပြီ။ သီးထိုးယင်ရဲ့လက်ချက်ပါ။
အသီးကိုထိုးခဲ့ပြီး သားလောင်းလေးက အသီးထဲမှာ ကြီးလာ၊ အကောင်ကြီးအဆင့်ရောက်ခါမှ အပြင်ထွက်တော့ သီးနှံက ပျက်စီးပြီးကျန်ခဲ့ရပါတယ်။ အကောင်ကြီးအဆင့်တွေကိုက အဓိကထိန်းချုပ်နိုင်မှ သီးထိုးယင်ရဲ့အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အကောင်ကြီးတွေက အပင်မှာ တရားသေရှိနေတဲ့ အကောင်တွေမဟုတ်လို့ ဆေးဖြန်းလို့လည်းမရပါဘူး။ ဒီတော့ ထောင်ချောက်လုပ်မှသာ အဆင်ပြေတာပါ။ ထောင်ချောက်လုပ်နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်သီးနှံ၊ ကိုယ့်စိုက်ခင်းနဲ့ အဆင်ပြေမယ့်ပုံစံကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
ဘာနဲ့ထောင်ချောက်လုပ်မှာလဲ
သီးထိုးယဉ်တွေ ကျွန်မတို့ရဲ့သီးနှံတွေကိုလိုက်ထိုးကြတာ ဥ အုဖို့ပါ။ဥ ဥဖို့အတွက် အကောင်တို့ရဲ့သဘာဝ မိတ်လိုက်ကြပါတယ်။ ဒီအချက်ကိုသုံးပြီး ထောင်ချောက်လုပ်တာပါ။ မိတ်လိုက်တဲ့အခါမှာ သူတို့အချင်းချင်း အနံ့နဲ့ဆွဲဆောင်ကြပါတယ်။ ဒီအနံ့ထည့်ထားပြီး ထောင်ချောက်လုပ်ခြင်းဖြစ်ပါတယ်။ အဝါရောင်ရှိတဲ့အရာတွေကိုလည်း သူတို့က မက်မောကြပါသေးတယ်။ ဒါ့ကြောင့် ထောင်ချောက်ပုံစံ (၂)မျိုးလုပ်လို့ရပါတယ်။
နည်းလမ်း ၁။ အဝါရောင်ကပ်ခွာ ထောင်ချောက်
ပိုးကပ်ကော်လို့လည်း တစ်ချို့ဒေသတွေမှာခေါ်ကြပါတယ်။ စျေးကွက်ထဲမှာလည်း ဒီနာမည်နဲ့မေးဝယ်လို့ရပါတယ်။ မရနိုင်တဲ့အဆုံး အဝါရောင်တိတ်တွေကိုအသုံးပြုကြည့်ပါ။
နည်းလမ်း ၂ 
• ရေသန့်ဘူးခွံရဲ့ ၃ပုံ ၁ ပုံကနေ ထက်ပိုင်းဖြတ်လိုက်ပါ။
• သွပ်နန်းကြိုးနဲ့ ပလပ်စတစ်ဘူးခွံကို ဖောက်လိုက်ပြီး ချိတ်စရာလုပ်လိုက်ပါ။
• ပလတ်စတစ်ဘူးခွံထဲမှာရှိတဲ့ သွပ်နန်းကြိုးရဲ့ထိပ်မှာတော့ သီးထိုးယ်ကိုဆွဲဆောင်မယ့်ဆေးရည် (Methyl eugenol) တို့ထားတဲ့ ဂွမ်းစတစ်ခုခုကို ထားလိုက်ပါ။
• ပလတ်စတစ်ဘူးရဲ့ဘေးပတ်လည်မှာ ပိုးကောင်ဝင်နိုင်လောက်မယ့် အပါက်လေးတွေဖောက်ထားပေးပါ။ ဒါဆိုရင်တော့ အနံ့ရတဲ့ပိုးကောင်တွေ ထောင်ချောက်ထဲဝင်လာဖို့ အဆင်သင့်ဖြစ်ပါပြီ။
• ပိုးကောင်တွေ ပြန်ထွက်မသွားဖို့ကတော့ ဖြတ်ထားတဲ့ ပလတ်စတစ်ဘူးရဲ့အောက်ဘက် ပွင့်နေတဲ့အပိုင်းကို ပလတ်စတစ်အိတ်အကြည်နဲ့စွပ်ပြီး သားရေပင်နဲ့မြဲအောင်ချည်လိုက်ပါ။ ဒါဆိုရပါပြီ။ ဒါကတော့ ချိတ်ဆွဲထားဖို့အတွက်ပါ။
ကိုယ့်အတွေးရှိရင်ရှိသလို ပုံစံအမျိုမျိုးနဲ့လုပ်လို့ရပါတယ်။ ဆေးအလွယ်တကူဝယ်လို့ မရနိုင်ဘူးဆိုရင် ရှာလကာရည်ထဲကို ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ဝယ်ရခက်တယ်ဆိုရင်လည်း အမှည့်လွန်နေတဲ့အသီးတစ်ခုခုကို ထည့်ထားပြီး ဆွဲဆောင်နိုင်ပါသေးတယ်။
သိမ့်ဇာ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from သိမ့်ဇာ
အားလုံး