ပဲတီစိမ်းဖျက်ပိုးများကို ဓာတုဆေးမသုံးဘဲ ကာကွယ်နှိမ်နင်းနည်း
ပဲတီစိမ်းဟာ နုန်းစနယ်မြေမှာ ကောင်းစွာဖြစ်ထွန်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် မိုးရာသီအကုန် ဆောင်းရာသီမှာ စိုက်ပျိုးကြလေ့ရှိပါတယ်။ အချို့ဒေသတွေမှာတော့ မိုးရာသီမှာပါ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ပဲစိုက်ရာသီရောက်တဲ့အခါမှာဆိုရင်လည်း တောင်သူတွေဟာ နေရာ၊ ဒေသ၊ ရေမြေရာသီဥတုကိုလိုက်ပြီး ပဲအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ပဲတီစိမ်းရဲ့ သက်တမ်းမှာ ၇၀ မှ ၇၅ ရက်ခန့်ရှိပြီး သက်တမ်းကိုလိုက်ကာ အဖျက်ပိုးများ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ ပဲစိုက်ပျိုးတဲ့ တောင်သူတွေဟာဆိုရင် စပါးနဲ့ အခြားသီးနှံတွေမှာထက် ပဲသီးနှံတွေမှာ ပိုးသတ်ဆေးကို အများအပြားသုံးစွဲလေ့ရှိကြပါတယ်။
ပဲအမျိုးအမျိုးဟာဆိုရင် စားသုံးသူအများအပြားရှိတဲ့အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချတာတွေရှိတာကြောင့် ဓာတုပိုးသတ်ဆေးများကို အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဓာတ်ကြွင်းအာနိသင်များကြောင့် စားသုံးသူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်သလို သီးနှံများရောင်းချရာမှာလည်း ဈေးကွက်ကို ထိခိုက်နိုင်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ပဲတီစိမ်းမှာ ကျရောက်တတ်တဲ့ ပိုးမွှားများအကြောင်းနဲ့ ၎င်းအဖျက်ပိုးများကို သဘာဝနည်းများဖြင့် နှိမ်နင်းမယ့်နည်းလမ်း အချို့ကိုပဲ အဓိကထားပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ယင်ဖြူ

ယင်ဖြူဟာ ပဲပင်သက်တမ်း ၂၀ ရက်သားမှ ၅၀ ရက်သားအထိ ကျရောက်နိုင်ပါတယ်။ ယင်ဖြူကျရောက်ခြင်းကြောင့် အဝါရောင်မိုစိတ် ဗိုင်းရပ်စ် (Yellow Mosaic virus) ရောဂါကိုလည်း ဖြစ်စေနိုင်ပြီး ဆိုးဆိုးရွားရွားကျရောက်ပါက သီးနှံအထွက်နှုန်း ထိခိုက်နိုင်ပါတယ်။ ယင်ဖြူဟာ အရွက်ရဲ့အောက်မျက်နှာပြင်မှာနေတာကြောင့် သေချာစစ်ဆေးဖို့လိုပြီး ဆေးဖျန်းပါက အောက်မျက်နှာပြင်ကို ဆေးထိအောင်ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဝါရောင်ကော်ထောင်ခြောက် (Yellow Sticky Trap) များကို ၁ ဧကလျှင် ၄ - ၅ ခုနှုန်း အသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ အဝါရောင် ကော်ထောင်ခြောက် (Yellow Sticky Trap) များကို အသုံးပြုခြင်းဖြင့် မိမိစိုက်ခင်းအတွင်းမှာ ရှိနေသော အင်းဆက်ပိုးမွှားကိုလည်း ကင်းထောက် စစ်ဆေးပြီးသားဖြစ်စေပါတယ်။
*ယင်ဖြူအား ကာကွယ်ရန် နံနက်စောစော နေမထွက်မီအချိန်မှာ စိုက်ခင်းအား မီးခိုးမှိုင်းတိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။
၂။ ပဲပင်စည်ထိုးယင်

ပဲပင်စည်ထိုးယင်မှာ ပဲပင်သက်တမ်း ၂၀ ရက်သားမှ ပန်းပွင့်ချိန် ၃၅ ရက်သားအထိ ကျရောက်လေ့ရှိပါတယ်။ ပဲပင်စည်ထိုးယင်ကျရောက်ပါက အပင်ငယ်အဆင့်မှာပင် ဝါခြောက်ပြီး သေသွားနိုင်ပါတယ်။ အချို့မှာ အသီးအပွင့်ဝင်စအချိန်မှာ မီးလောင်သကဲ့သို့ ဝါခြောက်ပြီး သေတာမျိုးကိုလည်း တွေ့နိုင်ပါတယ်။ ၎င်းအဖျက်ပိုးဟာဆိုရင် သီးနှံရဲ့ အထွက်နှုန်း ၃၀ ရာခိုင်နှုန်းလောက်အထိကို ထိခိုက်ပျက်စီးနိုင်တာဖြစ်ပါတယ်။ ၎င်းပိုးဟာ အရွက်ပေါ်မှာ ဥဥပြီး ဥမှပေါက်တဲ့ လောက်ကောင်ငယ်တွေဟာ အရွက်အတွင်းသားကနေတစ်ဆင့် ရွက်ညှာသို့ဝင်ပါတယ်။ ထိုမှတစ်ဆင့် ပင်စည်ထဲသို့ဝင်ရောက်သွားတာ ဖြစ်ပါတယ်။ လောက်ကောင်ငယ်တွေဟာ ပင်စည်ထဲမှာစားသောက်ရင်းနဲ့ ပင်စည်ဟာဖောင်းကြွပြီး အက်ကွဲကြောင်း ပုံစံတွေ့နိုင်ပါတယ်။ ပင်စည်ကို ခွဲကြည့်မယ်ဆိုရင်တော့ လောက်ကောင်ကို တွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဖျက်ဆီးမှု လက္ခဏာတွေ့ရမယ်ဆိုရင်တော့ ၎င်းအပင်တွေကို နုတ်ယူမီးရှို့ဖျက်စီးပေးပါ။ မြေပြင်ချိန်မှာ ထယ်ရေးနက်နက်ထိုးပြီး အလေ့ကျပေါက်နေတဲ့ ပေါင်းပင်တွေနဲ့ ပဲရိုင်းပင်တွေကို မီးရှို့ဖျက်စီးပါ။
*အချိန်စောစိုက်ခြင်းနဲ့ သီးညှပ်စိုက်ခြင်း တို့ကိုပြုလုပ်ပေးခြင်းဖြင့်လည်း အဖျက်ပိုးများကို လျော့ကျစေနိုင်ပါတယ်။
၃။ ပျ၊ ဖြုတ်၊ လှေးပိုး

ပျ၊ ဖြုတ်၊ လှေးပိုးများမှာ ပဲပင်သက်တမ်း ၂၀ ရက်သားမှ ၅၀ ရက်သားအထိ ကျရောက်တတ်သော အဖျက်ပိုးများဖြစ်ပါတယ်။ ပိုးများဟာ အပင်ခြေနဲ့ အရွက်အောက်ဘက်မှာနေတာကြောင့် ဆေးဖျန်းမယ်ဆိုရင် ဂရုစိုက်ပြီးသေချာဖျန်းဖို့ လိုအပ်ပါတယ်။ ၎င်းတို့ဟာ အရွက်အောက်ဘက်မှာနေပြီး ပင်ရည်ကိုစုပ်ယူစားသုံးတဲ့ စုပ်စားပိုးများဖြစ်ပါတယ်။
*၎င်းပိုးများအား ကာကွယ်ရန် အဝါရောင်ကော်ထောင်ခြောက်များအသုံးပြုခြင်း၊ မနက်စောစောမီးခိုးမှိုင်းတိုက်ခြင်း၊ စိုက်ခင်းများစုပေါင်း၍ မီးထောင်ခြောက်ထွန်းခြင်း၊ ဆပ်ပြာဖျော်ရည် ပက်ဖျန်းခြင်း၊ စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များနဲ့ ပဲမျိုးရင်းဝင်အပင်များအားဖယ်ရှားခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။
၄။ ငမြှောင်တောင်

ငမြှောင်တောင်ပိုးဟာ ပဲပင်သက်တမ်း ၂၀ ရက်သားမှ ရိတ်သိမ်းခူးဆွတ်ချိန်အထိ ကျရောက်နိုင်ပါတယ်။ ငမြှောင်တောင်ရဲ့ ပိုးလောက်ကောင်ငယ်များဟာ အရွက်များကို ခြစ်စားပြီး အကောင်ကြီးတွေကတော့ အပင်ကို ကိုက်ဖြတ်စားသောက်တတ်ပါတယ်။ ဒါ့ကြောင့် ငမြှောင်တောင်ကျရောက်ဖျက်ဆီးပါက စိုက်ခင်းထဲမှာ အပင်ငုတ်တိုများကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းတို့ရဲ့ ဥမြုံများနဲ့ ပိုးလောက်ကောင်များကို တွေ့ရှိပါက ချက်ချင်းဖျက်ဆီးသင့်ပါတယ်။ ညဘက်မှာ စိုက်ခင်းတွေထဲ မီးထောင်ခြောက်များထွန်းပြီး ပိုးဖလံများကို ဖမ်းယူဖျက်ဆီးနိုင်ပါတယ်။
*စိုက်ခင်းပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်သရိုက်တွေနဲ့ ပေါင်းမြက်တွေကိုလည်း ပုံမှန် ရှင်လင်းပေးသင့်ပါတယ်။
၅။ ပွင့်ထွေးပိုး၊ ပဲတောင့်ထိုးပိုး

ပွင့်ထွေးပိုးမှာ ပဲသက်တမ်း ၃၅ ရက်သားမှ ၅၀ ရက်သား အတွင်း ကျရောက်လေ့ရှိပြီး ပဲတောင့်ထိုးပိုးမှာ ၅၀ ရက်သားမှ ခူးဆွတ်ချိန်အထိ ကျရောက်ဖျက်ဆီးတတ်ပါတယ်။ ပွင့်ထွေးပိုးနဲ့ ပဲတောင့်ထိုး ပိုးများဟာ အရွက်၊ အဖူး၊ အပွင့်နဲ့ အသီးတို့ကို ၎င်းတို့ရဲ့ ပါးစပ်ကနေထွက်ရှိတဲ့ ပိုးချည်မျှင်နဲ့ လုံးထွေးပြီး စားသောက်ဖျက်ဆီးတာ ဖြစ်ပါတယ်။
*ဒါ့ကြောင့် ပိုးချည်မျှင်နဲ့ လုံးထွေးနေတဲ့ အပင်အစိတ်အပိုင်းများ၊ အပေါက်တွေ့ရှိရတဲ့ သီးတောင့်များနဲ့ ပိုးကောင်များကို ဖမ်းယူဖျက်ဆီးရပါမယ်။
ကိုးကားချက်
- ပဲတီစိမ်းသက်တမ်းအလိုက် ကျရောက်တတ်သော ပိုးမွှားများနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းလျော့နည်းစေရန် အသုံးပြုသင့်သော ဆေးများလမ်းညွှန် (DOA)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲတီစိမ်းတွင်ကျရောက်တတ်သောဖျက်ပိုးများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နိုင်၀င်းထွန်း
လွန်ခဲ့သော ၁ နှစ် ကဆရာဆပ်ပြာရည်က ဖူဂျီဆပ်ပြာရည်ဆိုအစဉ်ပြေလားဗျ
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဇင်ထူးနိုင်
အားလုံး
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....