အထွက်နှုန်း (၇၀%) ခန့်အထိပျက်စီးနိုင်တဲ့ သီးလုံးဖောက်ပိုး (Fruit worms) (Helicoverpa armigera)
ခရမ်းချဉ်စိုက်ပျိုးရာတွင် အဓိကအဖျက်ဆီးဆုံးသော အင်းဆက်ထဲတွင် ပါဝင်သည်။ သီးလုံးဖောက်ပိုးကြောင့် အထွက်နှုန်း (၇၀%) ခန့်အထိ ပျက်စီးနိုင်သည်။ သီးကင်းများသည် လောက်ကောင်များ စားသောက်မှုကြောင့် ကြွေကျသည်။
လောက်ကောင်ကြီးများသည် ခရမ်းချဉ်သီးအရင့်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်စားသောက်ကြသည်။ လောက်ကောင်ဝင်ရောက်သော ဒဏ်ရာမှတဆင့် အခြားသက်မဲ့စားမှိုများဝင်ရောက်ခြင်းကြောင့် အသီးများ ပုပ်သွားသည်။ ထို့ကြောင့် လောက်ကောင်ဝင်ရောက်သော အသီးများသည် လျင်မြန်စွာ ပုပ်သိုးပျက်စီးသွားတတ်သည်။ လောက်ကောင်ဝင်ရောက်သော အသီးများ၏ အညှာရင်းတွင် အနက်ရောင် အပေါက်ငယ်များကို တွေ့ရတတ်သည်။
ထိုသီးလုံးများကို ခွဲကြည့်ပါက လှိုင်ခေါင်းပုံသဏ္ဍာန် ထိုးထွင်းစားသောက်ပုံများနှင့် လောက်ကောင်ငယ်များကို တွေ့ရပါသည်။ လောက်ကောင်သည် သီးလုံးမျာကိုသာမက အရွက်များ၊ ပင်စည်များကိုပါ ဂလိုင်ပုံစံ ထိုးထွင်းစားသောက်တတ်သည်။ လောက်ကောင်ဝင်ရောက်စားသောက်ထားသော အရွက်များသည် ဂလိုင်ကြောင်းများနှင့် အရည်များ၊ လောက်ကောင်အညစ်အကြေးများနှင့် ပုပ်နေသော လက္ခဏာများကို မြင်တွေ့ရသည်။
အကောင်ကြီးအဆင့်
ဖလံကောင်သည် အညိုရောင်ရှိပြီး အတောင်တစ်ခုစီပေါ်တွင် အညိုရောင်အစက်အပြောက်များ ပါရှိသည်၊။ ဖလံအမသည် နွေဦးတွင်ထွက်လာပြီး အရွက်များအပေါ်သို့ ဥအုချတတ်သည်။
ဥအဆင့်
ဥအရောင်သည် နို့နှစ်ရောင်ရှိပြီး အနည်းငယ်ပြားသည်။ အရွယ်အစားမှာ ပင်အပ်ထိပ် အရွယ်အစားလောက်သာ ရှိသည်။ လောက်ကောင်များ ဖောက်ထွက်ခါနီးချိန်တွင် ဥမျက်နှာပြင်သည် နီညိုရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။ အပူချိန်ပေါ်မူတည်၍ ၂ ရက်မှ ၁၀ အထိ ကြာရှိတတ်သည်။
လောက်ကောင်အဆင့်
လောက်ကောင်ငယ်ဘဝတွင် အညိုရောင်ဦးခေါင်းနှင့် အညိုရောင်အမွေးအမျှင်များ ပါရှိသည်။ လောင်ကောင်ငယ်သည် အစိမ်းရောင်မှ အဝါရောင်၊ အဝါရောင်မှ အညိုရောင် (သို့) အနက်ရောင်သို့ အဆင့်ဆင့် အရောင်ပြောင်းလဲ၍ လောက်ကောင်ကြီးဘဝသို့ ရောက်ရှိသည်။ ကျောဘက်တွင် အညိုရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။ လောက်ကောင်သည် အရွက်များ၊ အသီးများကို လှိုင်ခေါင်းပုံသဏ္ဍာန် ထွင်းဖောက်ကာ အသက်ရှင်နေထိုင်သည်။ လောက်ကောင်အဆင့်သည် ၁၄ – ၂၁ ရက်အတွင်း ကြာရှိသည်။
ရုပ်ဖုံးအဆင့်
အညိုရောင်ရှိ၍ ၂ – ၃ လက်မ ရှိသည်။
ကာကွယ်နှိမ်နင်းနည်းများ
- အပင်များအပေါ် ဥများကို တွေပါက လျင်မြန်စွာ ဖယ်ရှားပါ။ ဥမျာကို အရွက်၏ မျက်နှာပြင် နှစ်ဖက်စလုံးအပေါ်တွင် မြင်တွေ့နိုင်သည်။
- ပိုးကျနေသောအပင်၊ ပျက်စီးနေသော အပင်မျာကို စိုက်ခင်းအတွင်းမှ ဖယ်ရှားပါ။
- စမုံစပါးပင်၊ တရုတ်နံနံပင်၊ မေမြို့ပန်းများကို စိုက်ပျိုးပါ။ ထိုအပင်များသည် ထရိုင်ကိုဒါးမားမှိုကို ဆွဲဆောင်နိုင်သောကြောင့်ဖြစ်သည်။ သို့မဟုတ် ထရိုင်ကိုဒါးမားမှိုကို စျေးကွက်အတွင်းမှ ဝယ်ယူ၍ ပိုးကျနေသော စိုက်ခင်းအတွင်းသို့ ထည့်သွင်းပါ။ ဂျပိုးအုပ်စုဝင်များသည် သီးလုံးဖောက်ပိုးစားသောက်သော သားရဲကောင်များဖြစ်သည်။
- လောက်ကောင်ငယ်ဘဝတွင် ကာကွယ်နှိမ်နင်းနိုင်ရန် လိုအပ်သည်။
- ရုပ်ဖုံးအား မြေကြီးထဲတွင် ပြုလုပ်သဖြင့် စိုက်ဘောင်များအား ပလတ်စတစ်များ ဖုံးအုပ်ထားခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။
- ပေါင်းရှင်းခြင်း၊ အပင်မြေဆွခြင်းများ ပြုလုပ်၍ နှိမ်နင်းပါ။
- ခရမ်းချဉ်အား သီးလုံးဖောက်ပိုး၏ လက်ခံလွှဲပင်ဖြစ်သော ဝါနှင့် ပြောင်းခင်းအနီးတွင် မစိုက်ပျိုးသင့်ပေ။
- ဖျက်ဆီးမှုလက္ခဏာတွေ့ရှိပါက (ကလိုပိုင်ရီဖော့စ် - Chlorpyrifos)၊ (အဆီဖိတ် - Acephate)၊ (ဆိုက်ပါမီသရင် - Cypermethrin)၊ (ဒယ်တာ မီသရင် - Deltamethrin) ဆေးတို့ဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်သည်။
Ref; ခရမ်းချဉ် စိုက်ပျိုးရေးနည်းစနစ် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ ၊ ဝင်းသန်း (B. Agr. Sc, M.Sc)
http://www.tomatodirt.com/tomato-fruitworms.html
http://www.missouribotanicalgarden.org/gardens-gardening/your-garden/help-for-the-home-gardener/advice-tips-resources/pests-and-problems/insects/caterpillars/tomato-fruitworm-corn-earworm.aspx
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ခရမ်းချဉ်သီးလုံးဖောက်ပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....