သီးထိုးယင်ထောင်ချောက်အတွင်း ထည့်ရသည့် မျှားစာရည်ပြုလုပ်နည်း
စိုက်ခင်းများတွင် ကျရောက်သော အင်းဆက်ပိုးမွှားများကို ပိုးသတ်ဆေးများဖျန်း၍ နှိမ်နင်းကာကွယ်နိုင်သည်။ သို့ရာတွင် အချို့သော အင်းဆက်ပိုးများကို ဆေးဖျန်းကာကွယ်ရန်ခက်ပြီး မြင်တွေ့ဖို့ပင်မလွယ်ကူပါ။ ထို့ကြောင့် မျှားစာဖြင့် ထောင်ချောက်ဆင်၍ သုတ်သင်ရမည်ဖြစ်သည်။ ထို့ကြောင့် အသီးများမမှည့်မီ တစ်လခွဲ၊ ၂ လ အလိုမှစကာ သခွားမွှေးသီး စိုက်ခင်းများအတွင်းတွင် မျှားစာထောင်ချောက်များကို တပ်ဆင်အသုံးပြုပါ။ အရွယ်ရောက်အကောင်ကြီးများကို အနံ့ဖြင့် ဆွဲဆောင်နိုင်ရန်အတွက် ထောင်ချောက်များကို သခွားမွှေးသီး စိုက်ခင်း၏ လေတိုက်ရာဖက် လေတင်တွင် အနှံ့အပြားချိတ်ဆွဲထားရန်ဖြစ်သည်။ ထောင်ချောက်များမှ အနံ့များလေအောက်ဖက် သခွားမွှေးသီး စိုက်ခင်းအတွင်းမှ ပျံ့နှံ့သွားစေပြီး သခွားမွှေးသီး စိုက်ခင်းအတွင်းမှ သီးထိုးယင်များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
သီးထိုးယင်ထောင်ချောက်ပြုလုပ်နည်းကို အောက်ကလင့်ခ်မှာဖတ်နိုင်ပါတယ်။
https://greenwaymyanmar.com/posts/how_to_make_fruit_fly_trap
ထောင်ချောက်အတွင်းထည့်ရသည့် မျှားစာရည် ပြုလုပ်နည်းမှာ
နည်းလမ်း(၁)
ဗင်နီလာအမွှေးရည် (၁.၅) လက်ဖက်ရည်ဇွန်း (၇ စီစီ)
ကျင်ငယ်ရည် (၀.၅) ခွက် (၁၀၀ စီစီ)
သကြား (၆) ကျပ် (၁၀၀ ဂရမ်)
ဆေးဂန္ဓမာပွင့် (၀.၅) ကျပ်သား (၁၀ ဂရမ်)
ရေ (၁) လီတာ
ဆေးဂန္ဓမာအပွင့်အခြေက် (၀.၅) ကျပ်သားကို အမှုန့်ထောင်းပြီး အသုံးပြုရန် ဖြစ်ပါသည်။ ကျင်ငယ်ရည် အနေဖြင့် နွားကျင်ငယ်ရည်ကို အသုံးပြုနိုင်သလို လူကျင်ငယ်ရည်ကိုလည်း အသုံးပြုနိုင်ပါသည်။ ဖော်ပြပါပစ္စည်းများကို ရေတစ်လီတာတွင် အချိုးကျရောစပ်ပေးရမည်ဖြစ်ပါသည်။ ဖျော်စပ်ရရှိသော အရည်ကို ထောင်ချောက်ဘူးများတွင် ၅၀ စီစီ သို့မဟုတ် ပရုတ်ဆီဘူး ၂ ဘူးစာခန့်ထည့်ပြီး အသုံးပြုပါ။
နည်းလမ်း (၂)
လိမ္မော်သီး၊ သခွားမွှေးသီး အမှည့်အသား (၁) ခွက်စာ (၂၀၀) စီစီ
ကျင်ငယ်ရည် (၁၀၀) စီစီ
ရေ (၅၀၀) စီစီ
လိမ္မော်သီး၊ သခွားမွှေးသီးအမှည့်တို့၏ အသားသက်သက်ကို လက်ဖက်ရည်ခွက် တစ်ခွက်စာ ချေမွပါ။ ရေ (၅၀၀) စီစီတွင် ကျင်ငယ်ရည် (၁၀၀) စီစီထည့်မွှေပြီး သစ်သီးသား အမှည့်အသားများကိုထည့်ကာ ရောမွှေသမပါ။ ၎င်းဖျော်ရည်ကို တစ်ညသိပ်ထားပြီးနောက် ရေ ၁၅ လီတာနှင့် ရောစပ်အသုံးပြုနိုင်ပါသည်။ ထောင်ချောက်တစ်ခုလျှင် ၁၅၀ စီစီခန့် ထည့်သွင်းအသုံးပြုပါ။

နည်းလမ်း (၃)
သခွားသီး အမှည့် (၁) ခွက် (၂၀၀) စီစီ
ပျားရည် (၁) ခွက် (၂၀၀) စီစီ
ဗယ်နီလာ အမွှေးရည် (၁) ဇွန်း (လက်ဖက်ရည်ဇွန်း) ၅စီစီ
ဆေးဂန္ဓမာအပွင့် ၀.၂၅ ကျပ်သား (၅) ဂရမ်
ရေ (၁၀) လီတာ
ဆေးဂန္ဓမာအပွင့် အခြောက် (၀.၂၅) ကျပ်သားကို အမှုန့်ထောင်းပြီး ရေတစ်လီတာတွင် ရောမွှေသမပါ။ ဆေးဂန္ဓမာအပွင့်အမှုန့်များ သမသွားပြီဆိုမှ ကျန်အမယ်များကို အချိုးကျကျထည့်ကာ ရောမွှေသမပေးပါ။ ရေ ၁၀ လီတာကို နည်းနည်းချင်းထည့်၍ မွှေပေးခြင်းဖြင့် ကောင်းစွာသမစေပါသည်။ ထောင်ချောက်တစ်ခုလျှင် ၁၅၀ စီစီထည့်၍ အသုံးပြုပါ။
နည်းလမ်း (၄)
ပင်စိမ်းရွက် (၁.၅) ကျပ်သား ၂၅ ဂရမ်
သံပရာရည် (၁၃) ဇွန်း (ထမင်းစားဇွန်း) ၂၀၀ စီစီ
ဆေးဂန္ဓမာအပွင့်/ ဆေးရွက်ကြီးမှုန့် (၁) ဇွန်း ထမင်းစားဇွန်း
ရေ (၂၀၀) စီစီ
ပင်စိမ်းရွက် (၁.၄) ကျပ်သားကို ထုထောင်းချေမွ၍ ရေ ၁၀၀ စီစီတွင် ဖျော်စပ်ထားပါ။ ဆေးဂန္ဓမာ အပွင့်မှုန့် သို့မဟုတ် ဆေးရွက်ကြီးမှုန့် တစ်ဇွန်း (ထမင်းစားဇွန်း) ကိုကျန်၍ ၁၀၀ စီစီတွင် သမအောင်မွှေပေးပါ။ ထို့နောက်ဖျော်ရည်နှစ်မျိုးကို ရောစပ်ပြီး သံပရာရည် ၁၃ ဇွန်းထပ်မံရောစပ်၍ အသုံးပြုပါ။
ဤမျှားစာဖျော်ရည်ကို အဝကျယ်ပလတ်စတစ်ခွက်၊ အုန်းမှုန့်ခွက်များတွင် ထည့်၍သခွားမွှေးသီးခင်း အနီးတွင် ဝါးတိုင်/ တုတ်တိုင်ထောင်ကာ ချိတ်ဆွဲထားပေးပါ။
တစ်ပတ်တစ်ကြိမ်စာ မျှားစာဖျော်ရည်ကို လဲလှယ်ပေးပါ။ သခွားမွှေးသီးပင် အရွယ်အစားလိုက်၍ တစ်ပင်လျှင် ၃ ခုမှ ၅ ခုအထိ ချိတ်ဆွဲထားပါ။
နည်းလမ်း (၅)
လက်ဖက်ရည်ကြမ်း (၁) ခွက် (၂၀၀ စီစီ)
ရှာလကာရည် (၁) ခွက် (၂၀၀ စီစီ)
ပျားရည် (၁) ဇွန်း (ထမင်းစားဇွန်း)
ရေ (၂) ခွက် (၄၀၀ စီစီ)
ပလတ်စတစ်ရေသန့်ဘူးတစ်ဘူးတွင် အောက်ခြေမှ ၃ လက်မ အကွာတွင် ၀.၂၅ လက်မအရွယ် အပေါက် ၄ ပေါက်ဖောက်ပါ။ အပေါက်များတွင် အချိုရည် ပိုက်အကြီးတစ်လက်မအရှည်ဖြတ်၍ ထည့်ပေးပါ။ အထက်ဖော်ပြပါ ပစ္စည်းများကို အချိုးကျဖျော်စပ်ပေးပြီး ပုလင်းအဝမှနေ၍ တစ်လက်မထုရရန် လောင်းထည့်ပေးပါ။ ထို့နောက် အဖုံးပိတ်၍ သခွားမွှေးသီးပင်အနီးတွင် ထောင်ထားသော ဝါးတိုင်တွင် ချိတ်ဆွဲပေးပါ။ တစ်ပတ်လျှင် ၃ ခုမှ ၅ ခုထိ ချိတ်ဆွဲထားပါ။
နည်းလမ်း (၆)
သစ်သီးမှည့်ဖျော်ရည်တွင် သကြားအနည်းငယ်ဖြည့်စွက်ထားပြီး နည်းလမ်း ၅ တွင်ဖော်ပြထားသော ပလတ်စတစ်ရေသန့်ဘူး ထောင်ချောက်တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ဒေါက်တာကိုကို ရေးသားသော အရည်အသွေးကောင်း သခွားမွှေးသီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နည်း စာအုပ်မှ ဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....