ငှက်ပျောသီးမှာကျတဲ့ မှဲ့ပြောက်စွန်း
မှဲ့ပြောက်စွန်းရောဂါက အရေးကြီးသလား
ငှက်ပျောပင်စိုက်ထားတယ် ငှက်ပျောသီးသီးလာတော့ ဒီလိုရောဂါတွေပါလာတယ်။ အသီးခွံမှာ အကွက်လေးတွေပါလာတယ်။ အဲ့လိုတွေက တစ်ချို့ စားသုံးသူတွေ၊ ပွဲစားတွေက လက်မခံနိုင်ကြပါဘူး၊ အဲ့လိုဆို ပြဿနာရှိပါတယ်။ အသီးကိုင်းတွေ မခုတ်ခင်မှာ အစက်သေးသေးလေးကနေစပြီးတော့ ဖြစ်တာကနေ မရင့်ခင်မှည့်မယ်။ အထားမခံဘူး။ တစ်ဖြည်းဖြည်းချင်း ပုပ်လာမယ်။
မှဲ့ပြောက်စွန်းရောဂါ ဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
လက္ခဏာတွေကိုကြည့်ပြီးတော့ ဆုံးဖြတ်ရပါတယ်။ စစချင်းဖြစ်နေတယ်ဆိုရင်တော့ အမဲရောင် အနက် အစက် သေးသေးလေးကို အခွံပေါ်မှာရော၊ ပန်းပွင့်ပေါ်မှာရောတွေ့နိုင်ပါတယ်။ စစချင်းဖြစ်တဲ့အချိန်ပါ။
နောက်ပိုင်းကျရင်တော့ အဲ့အနက်ကွက်လေးက တစ်ဖြည်းဖြည်းကြီးလာပြီးတော့ ပျော့ပုတ်လေးတွေ ဖြစ်ပြီးတော့ ပန်းရောင်မှိုစပိုးလေးတွေ ထွက်လာတာကိုမြင်ရမှာပါ။
အဲ့လိုဖြစ်ပြီးရင်တော့ တစ်ဖြည်းဖြည်းနဲ့ ပျော့လာပြီးတော့ တစ်ဖြည်းဖြည်းပုပ်လာပြီး အသီးကိုင်းကနေ ကြွေကျမှာပါ။
ရောဂါကျနေတာ သိဖို့ ခက်သလား
မခက်ပါဘူး၊ အစက်အပြောက်သေးသေးလေးတွေကနေ စတဲ့ ရောဂါဖြစ်ပြီးတော့ တစ်ခြားရောဂါတွေကနေ ခွဲခြားရလွယ်ကူတဲ့ရောဂါဖြစ်ပါတယ်။
ရောဂါဖြစ်စေတဲ့သက်ရှိ
Collectotrichum musae ဆိုတဲ့ မှိုကြောင့်ဖြစ်တာပါ။ စိုထိုင်းဆ များခြင်း၊ အပူချိန်များခြင်းနဲ့ မိုးပါစိုနေတယ်ဆိုရင်တော့ ရောဂါဝင်ရောက်ဖို့အတွက် အခြေအနေ ကောင်းကိုဖြစ်သွားတာပါ။ ကော်နီဒီယား လို့ခေါ်တဲ့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေက ဆွေးနေတဲ့ အပင်အကြွင်းအကျန်တွေမှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ပြီးတော့ ရေအားဖြင့်၊ လေအားဖြင့်၊ အင်းဆက်အားဖြင့် ကူးစက် ပျံ့နှံ့နိုင်ပါတယ်။
တိုက်ခိုက်ပုံ
ကော်နီဒီးယားတွေက အသီးခွံတွေမှာသွားကပ်ပြီးတော့ အသီးစမှည့်တဲ့အချိန်မှာ မှိုမျှင်တွေထုတ်ပြီးတော့ အပင်ကို တိုက်ခိုက်ပါတယ်။ အဲ့လိုကနေ အခွံကနေ အသီးထဲအထိ ဝင်ရောက်ပြီးတော့ ထပ်ပြီးတော့ အညှောင့်တွေပေါက်တယ်။ မှိုမျိုးတွေပွားနိုင်အောင် ကြီးထွားလာကြပြီးတော့ မျိုးပွားအင်္ဂါတွေကို ထပ်မံထုတ်လုပ်ကြပါတယ်။ အဲ့လိုနဲ့ ရောဂါသံသရာက လည်ပတ်ကြပါတယ်။
အကောင်းဆုံး စီမံခန့်ခွဲမှုကို ဘယ်လိုလုပ်ကြမလဲ
၁) ခူးတဲ့အချိန်နဲ့ သိုလှောင်တဲ့အချိန်တွေမှာ အသီးကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ပါ။
၂) ဖြစ်နိုင်ရင် အသီးခူးပြီးနောက် ရေသန့်သန့်လေးဆေးပေးပြီးမှ လှောင်ပေးတာကောင်းပါတယ်။
၃) မဖြစ်မနေ ဆေးသုံးရမယ်ဆိုရင်တော့ Indofil M 45 (0.25%) နဲ့ Bavistin (0.05%)တွေကို ဖျန်းပေးပြီးတော့ အသီးကိုင်းတွေကို ပြန်အုပ်ထားပေးရင် ရပါတယ်။ အဲ့လိုနည်းနဲ့ကြိုတင်ကာကွယ်ကုသပေးလို့ရပါတယ်။
ထွန်းဝင်းကျော်
http://farmextensionmanager.com/English/Banana%20technology%20bank/pest%20doctor/Anthracnose.html
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Htunn Winn Kyaw
အားလုံး
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026