စိုက်ပျိုးရေးသုံးပိုးသတ်ဆေးနှင့် အုန်းဆီ
ယခုအခါမှာ လူနှင့် ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်သော ဓာတုမြေသြဇာများ၊ ဓာတုပိုးသတ်ဆေးများ ကင်းစင်သည့် အော်ဂဲနစ်စိုက်ပျိုးရေးပုံစံကို ဦးစားပေးလာကြပါတယ်။
ဒီနေရာမှာ အုန်းဆီပါဝင်သည့် အန္တရာယ်မရှိသော ကမ္ဘာ့အသိအမှတ်ပြု ပိုးသတ်ဆေးအဖြစ် အမေရိ ကန်နိုင်ငံ၏ စိုက်ပျိုးရေး စာစောင်များမှာပင် ကြော်ငြာ၍ စီးပွားဖြစ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချတဲ့ ပိုးသတ်ဆေးတစ်မျိုးကို ဖော်ပြလိုပါတယ်။ ဖော်စပ်နည်းကလည်း အလွန်ရိုးရှင်းနေတဲ့အတွက် အထင်သေးသွားမှာပင် စိုးရိမ်ရပါတယ်။ ကုန်ကြမ်း ပိုတက်ဆီယမ်ဟိုက်ဒရောက်ဆိုက်(KOH) ကို ရန်ကုန်မြို့၊ ကုန်စျေးတန်းဓာတုပစ္စည်းဆိုင်မှာ ရရှိနိုင်ပါတယ်။
ပထမဦးစွာ တစ်လီတာဆန့်တဲ့ ရေသန့်ပုလင်းထဲကို အုန်းဆီ ဟင်းစားဇွန်းတစ်ဇွန်း(၁၀) စီစီထည့်ပြီး KOH ဟင်းစားဇွန်းတစ်ဇွန်း (၁၀) စီစီထည့်ကာ ၎င်းထဲသို့ ရေဖြည့်ပြီး လှုပ်ပေးရပါမယ်။
အသုံးပြုပုံနှင့် ဆေးနှုန်းထားကတော့
၁။ အိမ်တွင်းအလှစိုက်ပင်မှန်သမျှ အလင်းရောင်ရရှိမှု အလွန်အားနည်းတဲ့အခါ၊ ရေပြတ်သည့်အခါမှာ ဒက်ပိုး၊ အကြေးပိုး ကျရောက်တတ်ပါတယ်။ ရေတစ်ဂါလံလျှင် ဖော်စပ်ပြီးဆေး ဟင်းစားဇွန်း (၃) ဇွန်း (၃၀) စီစီ ပုလင်းလှုပ်ပီး ထည့်ပေးကာ ရွှဲနေအောင် ဖျန်းပေးပါ။ ခြောက်သွေ့သွားချိန်မှာ ဂွမ်းစများနှင့် ပွတ်တိုက်ပေးခြင်းဖြင့် ပိုးမွှားကင်းစင်သွားသည့်အပြင် အရွက်၏ အရောင်ကလည်း သန်းရှင်း တောက်ပြောင်လာပါလိမ့်မည်။
၂။ သစ်ခွပန်းပင်ကဲ့သို့ ဒက်ပိုး၊ အကြေးပိုး၊ မွှား၊ လှေးပိုးများကြောင့် ပန်းပွင့်ကုတ်ခြင်းများကို ရေတစ်ဂါလံလျှင် ဆေးရည် ဟင်းစားဇွန်း (၃) ဇွန်းထည့်ပြီး တစ်ပတ်တစ်ကြိမ် ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
၃။ နှင်းဆီ၊ Kiss Me ကဲ့သို့ ပန်းမန်ပင်များတွင် ကျရောက်သော မွှားပင့်ကူများကို ရေတစ်ဂါလံလျှင် ဆေးရည် (၃၀ မှ ၄၀)စီစီ ထည့်ကာ ပက်ဖျန်းပေးပါ။ ဘော်ဒိုမှိုသတ်ဆေးရည်နှင့် တွဲဖျန်းလျှင် ပိုကောင်းပါတယ်။
၄။ ရုံးပတီ၊ ခရမ်း၊ ပဲတောင့်ရှည်ကဲ့သို့ ဟင်းသီးဟင်းရွက်များတွင်ကျသော ပျပိုး၊ လှေးပိုး၊ မွှားပင့်ကူနီ၊ ယင်ဖြူ၊ လိပ်ပြာဖလံအုပ်စုဖြစ်တဲ့ ငမြှောင်တောင်၊ ခူမွေးရှည်၊ ထွာကောင်စိမ်း၊ ပင်ဖြတ်ပိုးများကို ရေတစ်ဂါလံလျှင် ဆေးရည် (၄၀-၅၀) စီစီနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ဖျန်းပေးပါ။ လိပ်ပြာဖလံ အုပ်စုအတွက် ဆေးရွက်ကြီး (၅) ကျပ်သားခန့် ရေစိမ်၍ ဆေးရည်ထဲသို့ ပေါင်းထည့်ပေးပြီး ပက်ဖျန်းလျှင် ပိုပြီး ထိရောက်ပါတယ်။
၅။ မာလကာပင်ကဲ့သို့ သစ်သီးဝလံပင်များမှာ ပျပိုး၊ အဖြူရောင် ဒက်ပိုးများကျရောက်သောအခါ ပုရွက်ဆိတ်များ အုံခဲတက်လာပီး အပင်ညိုမည်းပျက်စီးစေတတ်သဖြင့် ရေတစ်ဂါလံလျှင် ဆေးရည် (၅၀) စီစီအထက်နှုန်းဖြင့် တစ်ပတ်တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။ ဒီလိုပက်ဖျန်းတဲ့အခါမှာ ဆေးရည်ခြောက်သွေ့သွားရင် ဓာတ်ကြွင်းအာနိသင် မရှိတော့တဲ့အတွက် ပိုးမွှားကျတဲ့ အပင်အစိတ်အပိုင်းတွေမှာ စိုရွှဲနေအောင် ဖျန်းပေးရပါမယ်နော်။
ကဲ အလွန်ကိုရိုးရှင်းတဲ့ အုန်းဆီပါဝင်တဲ့ ပစ္စည်းကနေ အပင်တွေမှာ ကျရောက်တဲ့ပိုးမွှားများကို ကာကွယ်နှိမ်နင်းလို့ရတယ်ဆိုတော့ အံသြဖွယ်ရာပဲ မဟုတ်ဘူးလား။
စာညွှန်း။ ။ အထက်ပါဆောင်းပါးသည် မင်းဝင်းထိန်(B.Ag)၏ ထိုင်းအုန်းမွှေးစိုက်ပျိုးနည်း ( စီးပွားရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ အလှအပဆိုင်ရာ အုန်းသီးပင် ထုတ်ကုန်များ)စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အုန်းဆီ၊ အုန်းနို့နှင့် ပတ်သက်သည့် အကျိုးကျေးဇူးများကို ဆက်လက်ဖတ်ရှုလိုပါက ထိုစာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
naing thu
လွန်ခဲ့သော ၁ နှစ် ကkoh ဆိုတာဘာက်ုပြောတာလည်းဗျ
ရန်နောင်စိုး
လွန်ခဲ့သော ၄ နှစ် ကရေ ၈၀၀ စီစီပါ
Phyo Wai Htun
လွန်ခဲ့သော ၄ နှစ် ကအုန်းဆီ ၁၀စီစီ KOH 10cc ရေဘယ်လောက်စီစီရောရမလဲဗျ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
စပါးအပင်သက်တမ်း၈၀ရိှိပါပြီ ပုံမှာအောက်ခြေအရွက်အနည်းငယ်ခြောက်တာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ
ဦးမြတ်သူ • ဖြေကြားချက် 2 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026