ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး (IPM)
"ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးဆိုတာ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် အန္တရာယ်တွေကို လျော့နည်းစေတဲ့ နည်းလမ်းနဲ့ ဇီဝနည်း၊ စိုက်ပျိုးရေးနည်း၊ ရူပနည်းနဲ့ ဓါတုနည်းတွေနဲ့ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့ ရေရှည်တည်မြဲတဲ့ နည်းလမ်းဖြစ်ပါတယ်"
ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ ရည်ရွယ်ချက်များ
• ဓါတုပိုးသတ်ဆေးအသုံးပြုမှုလျှော့ချရေး
• ပတ်ဝန်းကျင် ကျန်းမာရေး
• ဖျက်ပိုးအန္တရာယ် အနည်းဆုံးဖြစ်ရေး
• အကျိုးအမြတ်ရရှိရေး
• ဘေးကင်းသော အစားအစာထုတ်လုပ်ရေး
ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ အခြေခံသဘောတရားများ
• အဓိကဖျက်ပိုးများနှင့် အကျိုးပြုသက်ရှိများကို အမျိုးအစားခွဲခြားခြင်း
• ကာကွယ်နှိမ်နင်းရေးယူနစ်တစ်ခုဖြစ်သော စိုက်ပျိုးရေးဂေဟစနစ်ကို သတ်မှတ်ခြင်း
• ကာကွယ်နှိမ်နင်းရေးနည်းဗျူဟာကို ဖွံ့ဖြိုးစေခြင်း
• စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့်ကို သတ်မှတ်ခြင်း
• စိစစ်သုံးသပ်ရေးနည်းပညာများကို ဖွံ့ဖြိုးစေခြင်း
• ကြိုတင်ခန့်မှန်းနိုင်သော ဖျက်ပိုးမော်ဒယ်များ ဖြစ်ပေါ်လာမှုကို ဖော်ပြခြင်း
ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး၏ လက်နက်များ
စောင့်ကြည့်စစ်ဆေးခြင်း - ဖျက်ပိုးများလာရောက်နိုင်ရာလမ်းကြောင်းတွေနဲ့ ဖြစ်နိုင်ဖွယ် ပျက်စီးမှုတွေကို စောင့်ကြည့်ပါ။ ဒီလိုလုပ်တာဟာ လက်ရှိဖျက်ပိုးတွေနဲ့ သီးလှည့်စိုက်ပျိုးမှုအကြောင်း ဗဟုသုတကို ရစေပြီး ဖျက်ပိုးကာကွယ်နှိမ်နင်းရေး နည်းလမ်းတွေအတွက် အကောင်းဆုံးဖြစ်နိုင်ဖွယ် ပေါင်းစပ်ခြင်းတွေကို ရွေးချယ်ရာမှာ အကူအညီရစေပါတယ်။
ဖျက်ပိုးခံနိုင်ရည်ရှိမျိုးများ - ဖျက်ပိုးခံနိုင်ရည်ရှိရန်အတွက် မျိုးစပ်ခြင်းဟာ ဆက်တိုက်လုပ်ရမဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အဓိကဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းစေနိုင်ဖို့ မျိုးစပ်ပြီးရွေးချယ်ခြင်းဖြစ်သည်။
စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း - ဖျက်ပိုးကို ခံနိုင်ရည်ရှိတဲ့ သီးနှံပတ်ဝန်းကျင်ကို ပြုလုပ်တဲ့ သီးနှံထုတ်လုပ်ရေး အလေ့အထတွေ ပါဝင်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်း၊ မြေဖုံးပင်စိုက်ပျိုးခြင်း၊ စိုက်တန်းအကွာအဝေးနှင့် ပင်ကြားတန်းကြား၊ စိုက်ပျိုးသည်နေ့နှင့် ရိတ်သိမ်းသည့်နေ့၊ သီးနှံဟောင်း အကြွင်းအကျန်များကို ဖျက်စီးခြင်းတို့ဟာ ဥပမာအချို့ဖြစ်ကြပါတယ်။
လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်း - လက်အားဖြင့်ကာကွယ်နှိမ်နင်းခြင်းဟာ ဖျက်ပိုး၏ အပြုအမူအပေါ်အခြေခံပါတယ်။ လက်နဲ့ကောက်ယူခြင်း၊ ငှက်နားကိုင်းများထားခြင်း၊ ကောက်ရိုးဖုံးခြင်းနဲ့ ထောင်ချောက်ဆင်ခြင်းတို့ဟာ ဥပမာအချို့ဖြစ်ပါတယ်။
ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း - ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းမှာ အင်းဆက်သားရဲကောင်တွေ၊ ကပ်ပါးပိုးမွှားတွေ၊ ရောဂါတွေနဲ့ ပေါင်းတွေကိုစားတဲ့ သက်ရှိတွေလို သဘာဝရန်သူတွေကို အမြောက်အမြားလွှတ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ ပါဝင်ပါတယ်။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အစီးအစဉ်တွေမှာ ဒေသရှိသဘာဝရန်သူတွေကို ထိန်းသိမ်းပြီး ဒေသကမဟုတ်တဲ့ သက်ရှိတွေကို အကြီးအကျယ် သတိထားပြီး လွှတ်ရပါသည်။
ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း - ဖျက်ပိုးတွေကို အထက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်းမှု မလုပ်နိုင်တော့တဲ့အခါ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးထိခိုက်နိုင်မှုအဆင့်အောက်ကို ထိန်းထားနိုင်ဖို့ ပိုးသတ်ဆေးတွေကို အသုံးပြုကြပါတယ်။ ဒီနည်းကို ဖျက်ပိုးတွေရဲ့ ဖျက်ဆီးမှုက ထိခိုက်နိုင်မှုအဆင့်နား ကပ်လာတဲ့အခါမှသာ အသုံးပြုရပါတယ်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020