ငရုတ်ချိုအထွက်ကောင်းပြီး ရောဂါကင်းစေဖို့..
ငရုတ်ချိုအထွက်နှုန်းကောင်းမွန်
ငရုတ်ချိုကို ရာသီအမျိုးမျိုးတွင်ဖြစ်စေ သီးနှံအမျိုးမျိုးတွင်ဖြစ်စေ အလှည့်ကျစိုက်ပျိုးခြင်းက အထွက်နှုန်းတိုးကာ ဈေးကိုပိုရရှိစေနိုင်ပါတယ်။ အခြားသီးနှံနဲ့ အလှည့်ကျစိုက်ခြင်း သို့မဟုတ် သီးညှပ်စိုက်ခြင်းက မြေယာ တစ်ကွက် တည်းမှ အပိုဝင်ငွေရရှိကာ ပိုးမွှားရောဂါပြဿနာကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့်ပြန်ရမယ့် အကျိုး အမြတ်ကို တွက်ပြီး မိမိတို့အတွက် အကောင်းဆုံးဖြစ်စေနိုင်မယ့်မျို
ငရုတ်ချိုမျိုးစေ့အများစုက အဓိကမျိုးစေ့ဆောင် မှိုရောဂါဖြစ်တဲ့ မှဲ့ပြောက်စွန်းရောဂါကို ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့သက်ရှိကတော့ ကိုလက်ထိုထရိုင်ခမ် မျိုးစိတ်ဖြစ်ပါတယ်။ ထိုရောဂါကိုမျိုးစေ့မှ ပျံ့နှံ့ကူးစက်မှု နည်းစေရန် မျိုးစေ့များကို ၅၀ ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ ၃၀ မိနစ်စိမ်ပေးပြီးနောက် မျိုးစေ့၏လေးပုံတစ်ပုံ အဆရှိ ကလိုရော့ဆေးရည်မှာ မိနစ် ၃၀ စိမ်ပေးထားရပါတယ်။ ထို့နောက်ရေးအေးနဲ့ ဆေးကြောပြီး မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ရပါမယ်။ ဥပမာ- ပြင်းအား ၂၀ ရာခိုင်နှုန်းရှိသော ဘီနိုမိုင်းရေပျော်ဆေးမှုန့် တစ်ဂရမ်ကို ပြင်းအား ၂၀ ရာခိုင်နှုန်းရှိသော ရေပျော်ဆေးမှုန့် သိုင်ရမ်တစ်ဂရမ်နဲ့ ရောပြီးရေ ၄၀၀ မီလီမီတာ (၄၀၀)စီစီတွင် ဖျော်ပါ။ ဤနည်းဖြင့် နောက်ဆုံး ၀.၁ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ဖျော်ရည်ကိုရရှိနိုင်ပါတယ်။
ထို့နောက် မှိုသတ်ဆေး ၁ စီစီတွင် မျိုးစေ့တစ်ဂရမ်ထည့်ပြီး သမအောင်မွှေပေးခြင်းဖြင့် မျိုးစေ့ဆေးစီရင်နိုင် ပါတယ်။ ၎င်းမျိုးစေ့များကို အပူချိန်၂၀ ဒီဂရီစင်တီဂရိတ်နဲ့ အစိုဓာတ် ၄၀ ရာခိုင်နှုန်းရှိတဲ့အထိ အခြောက်ခံပြီး ချက်ချင်းစိုက်ပျိုးရပါမယ်။ ထိုကဲ့သို့ ဆေးစီရင်ထားခြင်းဖြင့် ပျိုးပင်ငယ်များကို ညှိုးသေစေသော ရိုင်ဇိုတိုနီးယား၊ ပီသီယမ်ဖျူစေရီယမ်မှိုမျိုးများ
အဓိကမျိုးစေ့ဆောင်ဗိုင်းရပ်စ်ရေ
မျိုးစေ့ဆောင် ဘက်တီးရီးယားရောဂါဖြစ်တဲ့ အစက်အပြောက်များကို ဖြစ်ပေါ်စေသော Xanthomonas campestris ကျရောက်မှုနည်းစေရန် အစေ့ ၂ ဂရမ်ကို ၁.၃ ရာခိုင်နှုန်းပြင်းအားရှိ အက်စီတစ်အက်ဆစ် (ရှာလကာရည်) ၁၀ စီစီတွင် ၄ နာရီကြာစိမ်ပြီး ရေဖြင့် ၃ ကြိမ်မျိုးစေ့များကို ဆေးကြောပြီး ၁.၂၅ ရာခိုင်နှုန်း ပြင်းအားရှိ ကလိုရော့ဖျော်ရည်တွင် မျိုးစေ့များကို ၅ မိနစ်ထပ်စိမ်ကာ ရေပိုက်အောက်၌ ၁၅မိနစ်ကြာ ဆေးကြော ရပါမယ်။ သို့မဟုတ်ပါက ၅၀ ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးတွင် မျိုးစေ့များကို နာရီဝက်စိမ်ပြီး အခြောက်ခံပါ (သို့မဟုတ်) ချက်ချင်းစိုက်ပါ။
အကယ်၍ မျိုးစေ့တွင် မည်သည့်ရောဂါ သက်ရှိကျရောက်တတ်သည်ကို မသိရှိပါက TSP (Triple Superphosphate) တွင် မျိုးစေ့များကို စိမ်ပြီး ဘန်လိတ်ဆေးမှုန့်ဖြင့် လူးနယ်ပေးခြင်းဖြင့် မျိုးစေ့စီရင်နိုင် ပါတယ်။ မျိုးစေ့စီရင်ခြင်းဖြင့် အစေ့ပေါက်ခြင်း ကို မထိခိုက်စေပါ။ ရောဂါကင်းမျိုးစေ့များကို ပိုးသတ်မြေတွင် ဆေးစီရင်ရန် မလိုအပ်ကြောင်းကိုလည်း ရေးသားကာ ဖော်ပြလိုက်ရပါတယ်။
Ref: စိုက်ပျိူးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်း
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....