ဟင်းသီးဟင်းရွက်တွေစိုက်ရင် မျိုးစေ့ဆေးလူးနယ်ကာကွယ်ပေးခြင်းက ဘာတွေအကျိုးရှိစေလဲ..
ဟင်းသီးဟင်းရွက်ပေါ်မှာ ကျရောက်လေ့ရှိတဲ့ ရောဂါတွေက မျိုးစေ့နဲ့အတူ မျိုးစေ့ဆောင်အဖြစ်ပါလာခြင်း၊ သယ်ပို့ သယ်ယူရာမှာ ပါလာခြင်း စတဲ့ဖြစ်စဉ်တွေကနေ အစပြုတာပဲ ဖြစ်ပါတယ်။
ဒီရောဂါတွေထဲကမှ ဘက်တီးရီးယား၊ မှို၊ oomycetes မှိုစပိုးများကြောင့် အဖြစ်များတတ်တာတွေကို တင်ပြသွားပါ့မယ်..။
ပြောင်းချို၊ ပြောင်းကြမ်းလို သီးနှံတွေက ရောဂါဖြစ်စေတဲ့သက်ရှိတွေကို သယ်ယူပို့ဆောင်ပေးမှု အမြင့်ဆုံးလို့ ဥပမာပေးကြပါတယ်။ တခြားပြောင်းမျိုးကွဲတွေကလည်း Fusarium (ပင်ညှိုးရောဂါဖြစ်စေသောမှို) လို မှိုမျိုးစိတ်တွေကို ပြောင်းမှာ ကျရောက်တတ်တဲ့ ရောဂါကွဲတွေနဲ့အတူ ရောနှောကူးစက် ကျရောက်တတ်ပါတယ်..။
ရောဂါဝင်ရောက်ပြီးသား မျိုးစေ့တွေက မျိုးပေါက်၊ အညှောက်ပေါက်တွေဆီကို ကူးစက်သယ်ပို့ပေးကြတယ်လို့တော့ ကံသေကံမ မှတ်လို့မရပါဘူး၊ဘာလို့လဲဆိုတော့ မျိုးစေ့ဆောင်ရောဂါတွေရဲ့ လုပ်ဆောင်နိုင်ပုံကို ပတ်ဝန်းကျင်အခြေအနေများကပဲ လုံးလုံးလျားလျား ပံ့ပိုးပေးထားတာကြောင့်ပါ..။
လက်ခံသီးနှံပင်များ၊ အခြားလက်ခံပေါင်းပင်များ၊ ကြားပင်များနဲ့ မျိုးစေ့ဆောင်ရောဂါဖြစ်စေတဲ့သက်ရှိတွေအပေါ် အပူချိန်နဲ့ ရောဂါဖြစ်နည်းလမ်းတွေက ဖြည့်ဆည်းအားကူခြင်း၊ မြေလွှာအစိုဓါတ်က ပံ့ပိုးလုပ်ဆောင်ခြင်း၊ အပင် စိုက်ပြီးနောက် အဏုဇီဝပိုးမွှားများ ယှဉ်ပြိုင်ကြခြင်း၊ မြေဆီဓာတ်ဖွဲ့စည်းပုံ၊ သီးနှံပိုးသတ်ဆေးများ သုံးစွဲခြင်းတွေက ရောဂါဖြစ်စေဖို့ ပိုပြီးအရေးပါနေတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။
ရေနွေးကိုသုံးပြီး ရောဂါသန့် ခြင်း၊ ဓါတုဆေးဖြင့် ရောဂါသန့်ခြင်းတွေက ဖြစ်လာမယ့် ရောဂါဖြစ်စေတဲ့ သက်ရှိတွေကို ကြိုတင်နှိမ်နင်းထားခြင်းဖြင့် ရောဂါကြောင့် ဆုံးရှုံးနိုင်ခြေအတွက် သီးနှံပင်ကို ကြိုတင်ကာကွယ်တဲ့ နေရာမှာရော၊ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာဝန်းကျင်အတွင်း ရောဂါဖြစ်စေတဲ့သက်ရှိတွေ မဝင်ရောက်နိုင်အောင်ကော တားဆီးပေးနိုင်ပါတယ်။
ဓါတုနည်း၊ ဇီဝပိုးအကူအညီနည်းတွေနဲ့ မျိုးစေ့တွေပေါ်၊ ပျိုးခင်းထဲ ရောဂါနှိမ်နင်းခြင်းကလည်း မျိုးစေ့တွေကို ကာကွယ်ပေးသလို မြေကြီးထဲက မြေဆောင်ရောဂါပိုးတွေကြောင့် ပုပ်ရိခြင်း၊ ခါးရိတတ်ခြင်းတွေကိုလည်း တားဆီးပေးပါမယ်။
ဒါပေမဲ့ မျိုးစေ့ဆေးစီရင်ခြင်း၊ ဓာတ်စီရင်ခြင်းတွေချည်းသက်သက်က ရောဂါအားလုံးကို နှိမ်နင်းပေးနိုင်တာတော့ မဟုတ်ပါဘူး။ မျိုးစေ့ဆေးစီရင်ခြင်းက ရံခါအကျိုးရှိစေတဲ့ ရောဂါကာကွယ်နှိမ်နင်းခြင်းနည်းတွေ ၊ အဆင့်တွေ ထဲက လုပ်သင့်လုပ်ထိုက်တဲ့ ကနဦး အလေ့အကျင့်ကောင်းတစ်ခုဆိုတာလောက်ပဲဆိုတာကိုတော့ အကြံပေးပါရစေ။
ရောဂါဖြစ်စေတဲ့သက်ရှိတွေဆိုတာက ပျိုးခင်းတွေထဲ၊ ပျိုးကျန်အပင်၊ ပျိုးပင်ထားတဲ့ အဆောက်အအုံ၊ ပျိုးခြံသုံး ပစ္စည်းများ၊ ပျိုးဘောင်/ဘောင်ခံ များ၊ မြေကြီးထဲ၊ ပေါင်းပင်များ၊ နီးစပ်ရာသီးနှံများ၊ မျိုးရင်းတူ သီးနှံအပင်များ စတဲ့ ရောဂါဖြစ်စေတဲ့သက်ရှိနေနိုင်တဲ့ နေရာများမှာလည်း ရှိနေ အောင်းနေတတ်တာပါပဲ။
တစ်ခုသတိထားရမှာက Fusarium (ဖျူစေရီယမ်) မြေဆောင်ရောဂါကိုတော့ မျိုးစေ့ဆေးမစီရင်ပဲ ရောဂါဝင်ရောက်မှုကို မတားဆီးနိုင်ပါဘူး..။
ရောဂါတွေကင်းဖို့ဆိုရင် ဆေးစီရင်တာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘဲ အောက်ပါအချက်တွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်..။
- စိုက်နည်းစနစ်များနဲ့ ရောဂါဖြစ်စေသက်ရှိများကို ဖြိုခွဲနှိမ်နင်းကြည့်ခြင်း။
- ပျိုးဘောင်ပျိုးခင်း၊ စိုက်ခင်းများက ရောဂါတွယ်ကပ်နေတတ်တဲ့ လမိုင်းပင်ကြွင်းအကျန်တွေကို ရှင်းလင်း ဖယ်ရှားခြင်း။
- အခြားနေရာတနေရာမှာ စုပီး မီးရှို့ဖျက်စီးပေးရခြင်း၊ သီးလှည့်ခြင်း၊ မြေလှပ်ခြင်း(ရံဖန်ရံခါ သီးနှံအမျိုး အစားပေါ် မူတည် ပြီး ၈ ရာသီခန့်အထိ လုပ်ပေးရ။)
- ပေါင်းမျိုးစေ့များကို နှိမ်နင်းပေးခြင်း။
- ဘက်စုံရောဂါနှိမ်နင်းရေး အစီအစဉ်ကို အောင်မြင်အောင် စနစ်တကျ ပူးတွဲ လုပ်ဆောင်ပေးရခြင်း။
စတာတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုမှာ ဖြစ်ပါတယ်..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Rob G Parker
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....