ဝါသီးနှံတွင် ကျရောက်ဖျက်စီးသော ဝါပိုးနီ
ဝါပိုးနီသည် ဝါသီးနှံတွင် ဆိုးဆိုးရွားရွား ကျရောက်သော ဖျက်ပိုး များ အနက် တစ်မျိုးဖြစ်သည်။ကြမ်းပိုး အုပ်စုတွင်ပါဝင် ပြီး သီးနှံများကို စုပ်ယူစားသောက် ၍ ဖျက်စီးကြသည်။
ဘဝစက်ဝန်း
ဖျက်ပိုး အမသည် အဝါရောင် ဥများကို လက်ခံပင်အနီးရှိ မြေကြီးထဲတွင် အုချသည်။ ဥမှ အကောင်ပေါက်ရန် 7-8 ရက် ခန့်ကြာမြင့်သည်။ အရွယ် မရောက်ကောင် အဆင့် သည် ၂ပတ်မှ ၃ပတ် ခန့် အထိ ဖြစ်သည်။ အရွယ်ရောက် အကောင်ကြီးသည် ၁၂ မီလီမီတာ မှ ၁၅မီလီမီတာ အရွယ်အစားရှိ၍ အမများသည် အထီးများထက် ပိုမိုကြီးထွားဖွံ ့ဖြိုးသည်။
ဖျက်စီးပုံ နှင့် ပျက်စီးမှုလက္ခဏာ
အရွယ်ရောက်အဆင့် အကောင်ကြီး နှင့် အရွယ်မရောက် ကောင်အဆင့် နှစ်မျိုးလုံး သည် သီးနှံကို စားသောက် ဖျက်စီးနိုင်သည် ။ဝါပင်၏ အရွက်၊ အပွင့်၊ အဖူး၊ အသီးတို့ကို စုပ်စားဖျက်စီးကြသည်။ ထို့အပြင် ဝါချည်မျှင်များမှ တစ်ဆင့် အစေ့များကိုပါ စုပ်စားဖျက်စီးနိုင်ကြသည်။ စုပ်စားထားသော နေရာများမှ တစ်ဆင့် အခြား ရောဂါပိုးမွှားများဝင်ရောက်ပြီး ဝါသီးတောင့် ပုပ်ခြင်း၊ အရောင်ပျက်ခြင်းများဖြစ်ပေါ်နိုင်သည်။ ထို့အပြင် ဝါပိုးနီကျရောက်မှု ကြောင့် ဝါသီးထောင့်များကြွေကျခြင်း၊ ပုံမှန်ချိန်ထက်စော၍ပန်းပွင့်ခြင်း၊ ဝါချည်မျှင်များ အရောင်စွန်း၍ အရည်အသွေး ကျဆင်းခြင်း၊ စုပ်စားခံထားရသော အစေ့များကိုမျိုးအဖြစ်ထားရန် မသင့်လျော်ခြင်း စသည့် ဆိုးကျိုးရလဒ်များ တွေ့ကြုံနိုင်ပါတယ်။
လက်ခံပင်များ
ဝါပိုးနီသည် ဝါသီးနှံတွင်သာမက ရုံးပတီ၊ ရှောက်၊သံပုရာ၊ ခွေးတောက်၊ပြောင်း၊စသည့် သီးနှံများ တွင်လည်း ကျရောက် ဖျက်စီး နိုင်သည်။
ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ
- သီးနှံစိုက်ခင်းတွင် ဖျက်ပိုးကျရောက်မှု ရှိ၊ မရှိ အမြဲ ကြည့်ရူစစ်ဆေးပါ။
- ဖျက်ပိုး အရေအတွက် နည်းလျှင် လက်ဖြင့် ကောက်ယူ ဖျက်စီး ပစ်နိုင်ပါသည်။
- စိုက်ခင်းတွင် ပေါင်း၊ မြက်များကို ရှင်းလင်းပစ်ပါ။
- ထောင်ချောက် သီးနှံ များစိုက်ပျိုး၍လည်း နှိမ်နင်းနိုင်ပါသည်။
- သီးနှံ ရိတ်သိမ်းပြီးနောက်တွင် ထယ်ရေးနက်နက်ထိုးပေးပါ။
-တမာပိုးသတ်ဆေး အသုံးပြု၍ ဝါပိုးနီကို နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် ကလိုရီပိုင်ရီဖော့၊ ဖစ်ပရိုနေးလ် စသည့် ဆေးအဆိပ် အာနိသင်ရှိသော ဓာတုပိုးသတ်ဆေးများကို သုံးစွဲ၍ ဝါပိုးနီကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။
Reference:
https://en.m.wikipedia.org/wiki/Dysdercus_cingulatus
https://plantix.net/en/library/plant-diseases/600199/red-cotton-bug
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nga Tun
လွန်ခဲ့သော ၂ နှစ် ကာူလ ယြကာနသဘထညာပြူာငသနကယြာ
ဦးဝေယံစိုး
လွန်ခဲ့သော ၄ နှစ် ကဝါ သံချေးကိုက်
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Si Thu Hein
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....