ဆန်တွေကို ပိုးမတက်အောင် ဘယ်လိုထားမလဲ
အိမ်တွေမှာ ဆန်တွေဝယ်ထားတာကြာလာရင် ပိုးကောင်တွေတက်တာ၊ ဆန်တွေမည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။
ဒီရန်တွေကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့အချက်က ၅ ချက်ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူပါတယ်။
၁။ နေရောင်ခံပေးပါ။
သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင်ပိုးလေးတွေ အများကြီး တက်နေပြီဆိုရင်တော့ နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။ အပူက ပိုးတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ် ဆန်ထဲကနေ ထွက်သွားတတ်ကြပါတယ်။ တချို့ကတော့ ချက်ခါနီးမှ လင်ဗန်းထဲ ထည့်ပြီး နေပြတတ်ကြပါတယ်။ ပိုးကောင် အနည်းအများပေါ်မူတည်ပြီး နေပြမယ့်အချိန်ကို အတိုးလျော့လုပ်လို့ ရပါတယ်။
၂။ ငရုတ်သီးခြောက် ထည့်ထားပါ။
လေလုံတဲ့ပုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီးအနီခြောက်တချို့ကိုပါ ရောပြီးထည့်ထားပေးပါ။ ငရုတ်သီးရဲ့အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။
၃။ တမာရွက် ထည့်ပေးပါ။

ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေက တမာရွက်ရှိတဲ့ နေရာ မလာတတ်ပါဘူး။ တချို့ဆိုရင် အင်္ကျီတွေသိမ်းတဲ့ နေရာတွေမှာတောင် ထားတတ်ကြပါပါတယ်။
၄။ သိမ်းတဲ့နေရာ မှန်ပါစေ။
ဆန်အိတ် ဒါမှမဟုတ် ဆန်ပုံးတွေကို ထားမယ်ဆိုရင် နေရောင်တိုက်ရိုက်ရမယ့် နေရာတွေကို ရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။ စိုစွတ်နေတဲ့နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့နေရာတွေဟာ ဆန်တွေကို ပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။
၅။ ဆန်ထည့်မယ့် ပစ္စည်း
ဆန်ထည့်တဲ့အခါ အရည်အသွေးကောင်းတဲ့ ပလတ်စတစ်ပုံးတွေဟာ အသင့်တော်ဆုံးပါပဲ။ လုံအောင်ပိတ်ထားလို့ ရသလို လေလည်းလုံစေပါတယ်။
MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။
Credit: asianinspirations.com.au
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ
Ko Phyo • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄၇ရက်သားအဖျားလေးတွေခြောက်နေလို့ဖြုတ်ကျောဖြူလေးတွေအနည်းအပါးရှိပါတယ်ပိုးကြောင့်လားပိုတက်ချို့တဲ့လို့ခြောက်တာလားခဗျဒီနေ့၁၅ပတ်လည်၁ဧကအိတ်ဝက်ကျွေးထားပါတယ်
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....