ကမ္ဘာကြီးကို ကယ်တင်စေနိုင်တဲ့ အလွယ်လမ်းများ - အဆင့်(၂) အိမ်နေရင်းလုပ်ဆောင်နိုင်သည့် အရာများ
- လေနဲ့သာ အခြောက်ခံပါ။ ခင်ဗျားရဲ့ဆံပင်တွေနဲ့ အဝတ်အစားတွေကို စက်နဲ့အခြောက်ခံမယ့်အစား သဘာဝအတိုင်းပဲ အခြောက်ခံတာ ပိုကောင်းပါတယ်။ ခင်ဗျားရဲ့အဝတ်အစားတွေကို အဝတ်လျှော်စက်နဲ့လျှော်တယ်ဆိုရင် စက်ထဲမှာ အဝတ်အစားအပြည့်ထည့်ပြီးတော့မှ လျှော်ပါ။
- ရေချိုးရင် အချိန်တိုတိုနဲ့ ပြီးနိုင်တဲ့ ရေပန်းနဲ့သာချိုးပါ။ ရေချိုးဇလုံနဲ့ရေချိုးခြင်းဟာ ၅မိနစ် ၁၀မိနစ်နဲ့ပြီးသွားတဲ့ ရေပန်းနဲ့ချိုးတာထက် ရေဂါလံပေါင်းများစွာ ပိုကုန်ပါတယ်။
- အသားနဲ့ငါးကို လျှော့စားပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အရင်းအမြစ်အများစုကို အပင်ထက် သားငါးရဖို့အတွက် အသုံးပြုနေကြရပါတယ်။
- စားစရာတွေကို ပုတ်သိုးမသွားခင် စားလိုက်ဖို့အချိန်မရှိဘူးဆိုရင် အအေးခံထားပါ။ ဒါမှမဟုတ် ပူပူနွေးနွေးအစားအစာတွေနဲ့ လွယ်လွယ်ကူကူသယ်သွားလို့ရတဲ့ အစားအစာတွေကိုပဲ ဝယ်ယူစားသုံးပါ။ ဒီလိုဆိုရင် ခင်ဗျားဟာ အစားအစာတွေနဲ့ ငွေကို ချွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။
- မြေဆွေးမြေသြဇာပြုလုပ်ပါ။ အစားအသောက်အကြွင်းအကျန်တွေကို မြေဆွေးမြေသြဇာပြုလုပ်တာဟာ အရင်းအမြစ်တွေကို ထိန်းသိမ်းရာရောက်သလို တစ်ချိန်တည်းမှာပဲ အာဟာရတွေကို ပြန်လည်အသုံးချခြင်းနည်းလမ်းကို အသုံးပြုပြီးဖြစ်နေပါလိမ့်မယ်။
- မြေဆီလွှာကို ပျက်စီးစေတဲ့ ပစ္စည်းတွေဖြစ်တဲ့ စက္ကူ၊ ပလပ်စတစ်၊ ဖန်နဲ့ အလူမီနီယံသုံးပစ္စည်းများကို ပြန်လည်အသုံးပြုပါ။
- ထုပ်ပိုးပစ္စည်းအနည်းငယ်သာပါတဲ့ ပစ္စည်းများကိုသာ ဝယ်ယူသုံးဆောင်ပါ။
- မီးဖိုကို ကြိုတင်အပူပေးခြင်း ရှောင်ပါ။ ကိုယ်ချက်ပြုတ်မဲ့ အစားအစာ မီးဖိုပေါ်ကိုရောက်ရှိပြီး အပူပေးချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်မှ မီးဖိုဖွင့်ပါ။
- ကိုယ်နေတဲ့အဆောက်အအုံရဲ့ ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကို လေဝင်လေထွက်ကောင်းအောင် ဖန်တီးပေးထားခြင်းအားဖြင့် စွမ်းအင်သုံးစွဲမှု ချွေတာနိုင်ပါတယ် (ပန်ကာဖွင့်ထားခြင်း၊ အဲကွန်းအသုံးပြုခြင်း စတဲ့ အရာတွေက စွမ်းအင်သုံးစွဲမှု မြင့်တက်စေနိုင်သောကြောင့် ဖြစ်ပါတယ်။)
- အဲကွန်းတွေကို အရမ်းပူပြင်းတဲ့ အခြေအနေ၊ ရာသီဥတုမဟုတ်ခဲ့ရင် မလိုအပ်ဘဲ မသုံးစွဲပါနဲ့။ (အပူပိုင်းဒေသအတွက်) အပူပေးကိရိယာတွေကို အရမ်းအေးတဲ့ ရာသီဥတုမရောက်သေးပဲ မသုံးစွဲပါနဲ့။ (အအေးပိုင်းဒေသအတွက်)
- မိမိသုံးစွဲနေမိတဲ့ လျှပ်စစ်အသုံးအဆောင် ပစ္စည်းကိရိယာဟောင်းတွေအစား စွမ်းအင်ချွေတာမှုရှိတဲ့ အမျိုးအစားတွေကို ပြောင်းသုံးပါ။
- ဖြစ်နိုင်မယ်ဆိုရင် မိမိအိမ်မှာနေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို တပ်ဆင်အသုံးပြုပါ။ ဒီလိုသာသုံးစွဲနိုင်မယ်ဆို ခင်ဗျားရဲ့ လျှပ်စစ်သုံးစမွုကုန်ကျစရိတ် အတော်သက်သာသွားပါလိမ့်မည်။
- အေးတဲ့ရာသီမှာ မိမိအိမ်၌ ကြမ်းခင်းကောဇောခင်းပါ။ ကောဇောများက ပတ်ဝန်းကျင်ကို နွေထွေးသွားအောင် ဖန်တီးပေးနိုင်ပါပြီး အပူပေးစက်သုံးစွဲခြင်း လျှော့နည်းသွားနိုင်ပါတယ်။
- မီးဖိုခေ်ာင်သုံးပစ္စည်းတြေကို ဆေးကြောတဲ့အခါ ရေကို ပရမ်းပတာ သုံးစွဲခြင်း မပြုပါနဲ့။ ရေပိုက်ကို မေ့ပြီး ဖွင့်ထားမိတာမျိုး မဖြစ်ရအောင် အမြဲသတိထားပါ။
- အကယ်၍ မိသားစုတွင် ကလေးရှိပါက ကလေးခါးတောင်းကျိုက်ပိတ်စ(ဒိုင်ပါ)ကို ရွေးချယ်သုံးစွဲပါ။ အကောင်းဆုံးမှာ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော အဝတ်စများကို သုံးစွဲခြင်းဖြစ်သည်။ ဒိုင်ပါဝယ်ယူသုံးစွဲမည်ဆိုပါက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတံဆိပ်ကိုသာ ဝယ်ယူသုံးစွဲပါ။
- မိမိအိမ်တွင် အမှိုက်သရိုက်တွေကို ရှင်းလင်းတဲ့အခါ အတတ်နိုင်ဆုံး သာမာန်တံမျက်စည်းကိုသာ သုံးပါ။ ပတ်ဝန်းကျင်ကို ဆူညံပွက်လောရိုက်စေတဲ့ အသံထွက်သည့် ဖုန်စုတ်စက်မသုံးပါနဲ့။ တံမျက်စည်းသာ သုံးစွဲခြင်းက ခန္ဓကိုယ်အတွက် စနစ်ကျတဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ရာရောက်သလို လျှပ်စစ်စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာပြီး ဖြစ်နေပါလိမ့်မယ်။
- ကဒ်ထူပြားနဲ့ခြစ်ရသော မီးခြစ်မျိုးကိုသာ သုံးစွဲပါ။ သူတို့တွေက တခြားသော ဂက်စ်ဖြည့်ထားရတဲ့ ပလပ်စတစ်မီးခြစ်တွေလို ဓာတ်ဆီဖြည့်ထားစရာ မလိုတဲ့အတွက် စွမ်းအင်အရင်းအမြစ် သက်သာစေမှာ ဖြစ်ပါတယ်။
မုဒြာ (အစိမ်းရောင်လမ်း)
ဆက်စပ်မေးခွန်းများ
နှမ်းပင်ပိုးစေးနှဲကျရင်ဘယ်လိုဆေးသုံးရမလဲ
ဦးကိုကြီး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ မိုနိုကေးနဲ့ ဒယ်ဘလယ် ပိုးသတ်ဆေးဖျန်းထားတာပါဆျာ ဒါမှမဟုတ် မန်ကိုဇက်တစ်မျိုးတညိးဖျန်းရမလား
U Yan • ဖြေကြားချက် 1 ခု
ကလေးမြို့မိုးရာသီမှာနံနံစိုက်ပျိုးနည်းလေးဖြေပေးပါ
Sui Nei Mawi • ဖြေကြားချက် 1 ခု
ကချင်ပြည်နယ်ဘက်မှာခရမ်းချဥ်မိုးတွင်းကာလစိုက်ပျိုးလို့ရပါသလား
Royal • ဖြေကြားချက် 1 ခု
ကချင်ပြည်နယ်ဘက်မှာ မိုးတွင်းခရမ်းချဥ်စိုက်ပျိုးလို့ရပါသလား
Royal • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....