တရုတ်များ၏ သစ်ခိုးထုတ်မှုကြောင့် ကမ္ဘာ့အရှားပါးဆုံး မြန်မာ့မျောက်မျိုးစိတ်များ မျိုးသုန်းဖွယ်ရှိ
ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင် မြန်မာနိုင်ငံက နှာခေါင်းတိုမျောက်တွေဟာ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင်သစ်ခိုးထုတ်လုပ်မှုနဲ့ ဆေးဖက်ဝင် ရှားပါးမျောက်ရိုးစျေးကွက်ကြောင့် မျိုးသုန်းလုနီးပါး အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ အထိန်းအကွပ်မရှိ လုပ်ကိုင်နေတဲ့ တရားမဝင်သစ်ထုတ်လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့အတူ မြန်မာ့သစ်တောထဲက တောရိုင်းတိရိစ္ဆာန်တွေရဲ့ အသက်ရှင်သန်ရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရတာ တော်တော်ကြာပါပြီ။
ရာသီဥတုဖောက်ပြန်မှုနဲ့ လူတွေရဲ့ စီးပွားရေးနယ်ချဲ့မှုကြောင့် စားကျက်ဧရိယာတွေ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာနေတာကို ရင်ဆိုင်နေရတဲ့အချိန်မှာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ရိုးရာတိုင်းရင်းဆေး ကုန်ကြမ်းစျေးကွက် အတွက် မြန်မာ့သစ်တောထဲက ရှားပါးတောရိုင်းတိရိစ္ဆာန်တွေဟာ စည်းမဲ့ကမ်းမဲ့ အမဲလိုက်တာကို ခံနေကြရပါတယ်။ အဲဒီတိရိစ္ဆာန်တွေလိုပဲ ရှားပါးမြန်မာ့ပရဆေးပင်တွေဟာလည်း မှောင်ခိုစျေးကွက်ကနေ တရုတ်နိုင်ငံထဲကို နေ့စဉ်တင်သွင်းခံနေရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်အားကြီးတရုတ်နိုင်ငံရဲ့ သယံဇာတနယ်ချဲ့ခြင်းကို အဆိုးဝါးဆုံးခံနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒေသအခြေစိုက် အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အားပြိုင်မှု၊ ပြည်တွင်းက လူမျိုးရေးအဓိကရုဏ်းတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံရေးစီမံကိန်းတွေရဲ့ မတရားမှုတွေကို ဖြေရှင်းနေရလို့ ပြည်တွင်းအခြေစိုက် နိုင်ငံရေးအင်အားစုတွေကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
အဲဒီကွက်လပ်တွေကြားမှာ တရုတ်မှောင်ခိုသမားတွေ ခြေလှမ်းစိတ်နေတာ တော်တော်ကြာခဲ့ပါပြီ။ မြန်မာပြည်မြောက်ပိုင်းက ကချင်စစ်ဘေးဒုက္ခသည်တွေလိုပဲ မြန်မာ့သစ်တောထဲက တောရိုင်းတိရိစ္ဆာန်တွေရဲ့ အနာဂတ်ဟာလည်း မျှော်လင့်ချက်အရမ်းကင်းမဲ့တဲ့ အနေအထားကို ရောက်နေပါတယ်။
ခု မျိုးသုန်းလုဖြစ်နေတဲ့ နှာခေါင်းတိုမျောက်မျိုးစိတ်ကို မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်မှာ စတင်တွေ့ရှိခဲ့ရပြီး ကမ္ဘာပေါ်က မျိုးသုန်းလုဆဲအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ တိရိစ္ဆာန်များစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတယ်လို့ သိရပါတယ်။ အဲဒီမျောက်မျိုးစိတ်ဟာ ယခုအချိန်မှာ အကောင်ရေ ၂၆၀ ကနေ ၃၃၀လောက်ပဲ ကျန်တော့တယ်လို့ တောရိုင်းတိရိစ္ဆာန်စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
အပေါ်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ Fauna &Flora International အဖွဲ့ကနေ ၂၀၁၄ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းဓာတ်ပုံပဲ ဖြစ်ပါတယ်။ ပုံထဲက နှာခေါင်းတိုမျောက်သားပေါက်လေးဟာ မိခင်ကို အမဲလိုက်မုဆိုးတွေက ပစ်သတ်လိုက်တဲ့အချိန် သစ်ပင်ပေါ်ကပြုတ်ကျပြီး ဒဏ်ရာနဲ့မေ့မြောနေတဲ့ ပုံပဲဖြစ်ပါတယ်။ မြန်မာ့ရေမြေပေါ်က သစ်ပင်၊ပန်းမန်၊ ပိုးမွှား၊တိရိစ္ဆာန် မှန်သမျှ မျိုးသုန်းပျောက်ကွယ်မသွားရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ဝတ္တရားဖြစ်တဲ့အကြောင်း ဝံသာနုမှ သတိပေးနှိုးဆော်လိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်။
မြတ်သိန်းထွန်း
အယ်ဒီတာချုပ်
၀ံသာနု
ref; New Straits Times
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....