ချယ်ရီပန်းပွဲတော်ဖြစ်အောင် ကြိုးစားကြရအောင်
ခုလိုဆောင်းရာသီက အထင်ကရပန်းတစ်မျိုးဖြစ်ပြီး တစ်နှစ်မှာတစ်ကြိမ်သာပွင့်တဲ့ ချယ်ရီလေးတွေ ဖူးပွင့်ကြတဲ့အချိန်ပါ။ အပန်းဖျော့၊ အပန်း၊ အဖြူ ဆိုပြီးအရောင်အသွေးပြည့်စုံလှပတဲ့ ချယ်ရီတွေဟာဆိုရင် အအေးပိုင်းဒေသတွေ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးဘက်နဲ့ ချင်းပြည်တွေမှာ အများဆုံးပေါက်ရောက်ကြပါတယ်။
ချယ်ရီပန်းတွေပွင့်တဲ့ ဒေသဘက်တွေမှာတော့ ပန်းလိုချင်လို့ ကိုင်းချိုးသွားတဲ့အခြေအနေတွေ ရှိနေတဲ့အတွက် တစ်ချို့ဒေသခံတွေအနေနဲ့ သဘာဝအလှတရားလျော့ကျသွားမှာ စိုးရိမ်နေမှုတွေတွေ့နေရပါတယ်။
ယခင်တစ်ချိန်ကနဲ့ယှဉ်ရင်တော့ ဒီခေတ်မှာချယ်ရီလေးတွေဖူးပွင့်ကြတယ်ဆိုတာ ချယ်ရီတွေဝေဆာတဲ့မြို့တော့ မဟုတ်တော့ပါဘူး။
ယခင်အချိန်က တောင်ကြီးမြို့အနီးတစ်ဝိုက် တောင်ပေါ်တွေနဲ့ မြို့ပေါ်လမ်းမပေါ်တွေမှာဆိုရင် ချယ်ရီတွေဟာ တစ်မြို့လုံးဝေဆာအောင် ဖူးပွင့်ခဲ့ကြဖူးပါတယ်။ ရာသီဥတုပြောင်းလဲလာမှု၊ တောမီးတွေရှို့မှုတွေကြောင့် တစ်ဖြည်းဖြည်းနဲ့ ချယ်ရီပင်တွေနည်းလာတာကလည်း သက်သေတေပါပဲ။
ချယ်ရီတွေလှပစွာပွင့်တဲ့ ကိုးရီးယား၊ ဂျပန်တို့လိုနိုင်ငံများတွေမှာဆိုရင် ချယ်ရီပန်းပွင့်တဲ့အထင်ကရမြို့တွေမှာ ပန်းတွေကိုမခူးယူဘဲ ပန်းပွဲတော်အနေနဲ့တောင် လာရောက်ကြည့်ရှုရင်း အပန်းဖြေကျတာမျိုးရှိပါတယ်။
လှပတဲ့ချယ်ရီပွင့်လေးတွေကို အပင်ပေါ်မှာ သဘာအတိုင်းမြင်နေရတာကလည်း စိတ်ချမ်းသာစရာတစ်ခုပဲမဟုတ်ပါလား? အာလုံးသိကြတဲ့အတိုင်း တချို့သောအလှအပတွေက မြင်နေရရုံနဲ့တင် စိတ်ကျေနပ်စရာ ကောင်းနေတာမျိုးပါ။
ဒါကြောင့် ချယ်ရီပင်တွေကိုမခုတ်ဘူး၊ နွေရာသီတောမီးရှို့မှုများမရှိဘူးဆိုရင် တောင်ပေါ်ဒေသတစ်လျှောက်မှာ ချယ်ရီတွေဝေဆာပြီး အရမ်းလှပနေမှာပဲဖြစ်ပါတယ်။
အပင်ပေါ်မှာကြာကြာရှင်သန်နိုင်တဲ့ ချယ်ရီပန်းလေးတွေကို ခူးလိုက်ပြီး ညှိုးသွားမှာမျိုး မလုပ်မိကြပါစေနဲ့နော်။ လှပလှတဲ့ချယ်ရီပန်းလေးတွေက အပင်ပေါ်မှာပဲ မြတ်မြတ်နိုးနိုးအလှဆင်ဖို့ ထိုက်တန်ကြပါတယ်။
လက်ရှိပေါက်ရောက်နေတဲ့ အပင်များကိုလည်းထိန်းသိမ်းရင်း နောက်ထပ်ချယ်ရီပင်တွေအများကြီးစိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်နဲ့ အလှတရားများကိုတန်ဖိုးထား အလှဆင်နိုင်ကြပါစေ။
ပန်းကိုလိုချင်လို့ ကိုင်းကို ချိုးယူ/ခုတ်ယူသွားတဲ့အဖြစ်မျိုး လျော့နည်းအောင် အားလုံးပူးပေါင်းထိန်းသိမ်းနိုင်ကြစေဖို့ ရည်ရွယ်ရေသားလိုက်ရပါတယ်။
koko
လွန်ခဲ့သော ၁ နှစ် ကမျိုးဘယ်လိုယူရလဲ အလှစိုက်ချင်လို
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကခုတော့ ချယ်ရီပင်အချို့ကို ခုတ်ထားတယ်
Khine Min Httun
လွန်ခဲ့သော ၅ နှစ် ကချယ်ရီစိုက်ပျိုးနည်းနှင့် ချယ်ရီဉယျာဉ်ဖန်တီးနည်း ဝေမျှပေးပါ။ Thanks
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ကျော့နန္ဒာစိုး
အားလုံး