အရာတော်မြို့နယ်အနီးတဝိုက်တွင် သနပ်ခါးဇုန်တစ်ခုအကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေ
အရာတော်မြို့နယ်အနီးတဝိုက်တွင် သနပ်ခါးဇုန်တစ်ခုအကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံသနပ်ခါးအသင်းမှ သိရသည်။
သနပ်ခါးဇုန်တစ်ခု တည်ထောင်နိုင်ဖို့အတွက် မြေနေရာကို ကျွန်တော်တို့ အရာတော်သနပ်ခါးအသင်းအနေနဲ့ ပြင်ဆင်နေတယ်။ သနပ်ခါးဇုန်ထဲမှာ အဓိက ဘာတွေပါမလဲဆိုတော့ သနပ်ခါးကိုစိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေအတွက် သနပ်ခါးနဲ့သက်ဆိုင်သမျှကို လွယ်လင့်တကူလေ့လာနိုင်တဲ့ နေရာဖြစ်ရမယ်။ သနပ်ခါးကို တိုက်ရိုက်ဝယ်ယူသွားနိုင်တဲ့ အနေအထားလည်း ဖြစ်ရမယ်။ သနပ်ခါးနဲ့ မျက်နှာပေါင်းတင်တာမျိုးတို့ သနပ်ခါးနဲ့ Spa လုပ်တာမျိုး၊ သနပ်ခါးရေချိုးတာမျိုး၊ သနပ်ခါးမီးပုံပွဲလိုမျိုးတွေ လုပ်နိုင်ပြီး တည်းခိုးအနားယူနိုင်တဲ့နေရာလည်း ဖြစ်ရမယ်။ ဒါ့အပြင် ဒေသထွက်ပစ္စည်းဆိုင်တွေ၊ သနပ်ခါးနဲ့ထုတ်လုပ်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန် အရောင်းပြခန်းမျိုးတွေလည်း သနပ်ခါးဇုန်နေရာထဲမှာ ပါဝင်မယ်။
ဟု မြန်မာနိုင်ငံ သနပ်ခါးအသင်း၏ ဥက္ကဌ ဦးကျော်မိုးက ပြောသည်။
သနပ်ခါးဇုန်ပြုလုပ်ရန် နေရာ(၂)နေရာ အကြမ်းဖျဉ်းရွေးချယ်စီစဉ်ထားပြီး သက်ဆိုင်ရာအဆင့်ဆင့်ထံသို့ တင်ပြအကောင်အထည်ဖော်သွားမည် ဖြစ်သည်။
နေရာကတော့ အကြမ်းဖျဉ်းတော့ (၂) နေရာ စီစဉ်ထားတယ်။ အဲ့ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို တင်ပြမယ်။ နောက်ပြီး တိုင်းဒေသကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကိုလည်း အကြံဉာဏ်တောင်းမယ်။ ကိုယ်ကြိုက်တာအပြင် သူတို့က ဘယ်လိုအကြံပေးမလဲဆိုတာအပေါ်မူတည်ပြီး ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်သွားမှာပါ။
ဟု ၎င်းက ဆက်လက်ပြောသည်။
သနပ်ခါးသည် မြန်မာ့ရိုးရာအမွေအနှစ်တစ်ခု ဖြစ်သော်လည်း ယခုအခါ သနပ်ခါးစိုက်ခြံအသစ်များအဖြစ် တိုးချဲ့စိုက်ပျိုးသူ မရှိသလောက် ရှားပါးလာခြင်း၊ သနပ်ခါးစိုက်ပျိုးသူများမှ ရာသီပေါ်အပင်များပြောင်းလဲစိုက်ပျိုးလာကြခြင်း တို့ ဖြစ်ပေါ်နေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
နှမ်းပင်ပိုးစေးနှဲကျရင်ဘယ်လိုဆေးသုံးရမလဲ
ဦးကိုကြီး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ မိုနိုကေးနဲ့ ဒယ်ဘလယ် ပိုးသတ်ဆေးဖျန်းထားတာပါဆျာ ဒါမှမဟုတ် မန်ကိုဇက်တစ်မျိုးတညိးဖျန်းရမလား
U Yan • ဖြေကြားချက် 1 ခု
ကလေးမြို့မိုးရာသီမှာနံနံစိုက်ပျိုးနည်းလေးဖြေပေးပါ
Sui Nei Mawi • ဖြေကြားချက် 1 ခု
ကချင်ပြည်နယ်ဘက်မှာခရမ်းချဥ်မိုးတွင်းကာလစိုက်ပျိုးလို့ရပါသလား
Royal • ဖြေကြားချက် 1 ခု
ကချင်ပြည်နယ်ဘက်မှာ မိုးတွင်းခရမ်းချဥ်စိုက်ပျိုးလို့ရပါသလား
Royal • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....