မြန်မာ့ပြောင်းဈေးကွက် အတက်ဈေးနှုန်းဖြင့် ဆက်လက်တည်ငြိမ်နေ
မြန်မာ့ပြောင်းဈေးကွက်မှာ အတက်ဈေးနှုန်းဖြင့် ဆက်လက်တည်ငြိမ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
"လက်ရှိမှာ ပြောင်းဈေးကွက်က အတက်အကျ ကြီးကြီးမားမား မရှိဘူး။ ပြောရရင်တော့ ဈေးနှုန်းက အတက်ဘက်မှာရောက်ပြီးမှ အဲ့ဒီအနေအထားအတိုင်းလေးပဲ တည်ငြိမ်နေတယ်။ ဒီနှစ်ရဲ့ ပြောင်းအထွက်နှုန်းတွေကလည်း ပုံမှန်အတိုင်းပဲ ထွက်တယ်။ ပြောင်းစိုက်ထားပြီး မရိတ်သိမ်းရသေးတဲ့နေရာတွေကလွဲပြီး ကျန်တာတွေက ပုံမှန်အတိုင်း လည်ပတ်နေတာပါပဲ။"
ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဌ ဦးမင်းခိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်း (တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် ပြောင်း) ကို စိုက်ပျိုးမြေဧက (၁၂) သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေပြီး၊ စုစုပေါင်းထုတ်လုပ်မှုမှာ မက်ထရစ်တန် (၂၃)သိန်းမှ (၂၇)သိန်းဝန်းကျင်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးပြောင်း ၇၈ %, ဆောင်းပြောင်း ၁၇ % နှင့် နွေ ရေသွင်းပြောင်း ၅ % ခန့် ရှိသည်။
မိုးပြောင်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ် မေလ၊ ဇွန်လ၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးထုတ်လုပ်ပြီး၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆောင်းပြောင်းကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် ရိတ်သိမ်းကြသည်။
နွေ ရေသွင်းပြောင်းများကိုမူ မြင်းခြံ၊ ပခုက္ကူ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ ဆီဆိုင်၊ လွိုင်ကော်၊ နေပြည်တော်၊ ပျဉ်းမနား၊ ရေနီ စသည့်ဒေသများတွင် မတ်လ၊ ဧပြီလတို့၌ စိုက်ပျိုးကြပြီး၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် ရိတ်သိမ်းခြွေလှေ့ကြသည်။
"ဒီရာသီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ပြောင်းထွက်ရှိတဲ့ ရာသီချိန်ပါ။ အခုက တရုတ်ဈေးကွက်ဘက်ကို သိပ်မသွားဘူးဆိုတော့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဈေးကွက်တွေကို တင်ပို့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကိုက ရေကြောင်းလိုင်းကနေ တင်ပို့ရောင်းချတယ်။ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ကိုတော့ Border Trade ကတဆင့် တင်ပို့ရောင်းချပါတယ်။"
ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စာရင်းအရ အစေ့ထုတ်ပြောင်း Export တင်ပို့မှု ၂.၂သန်း အထိ တင်ပို့နိုင်ခဲ့သည်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022