ရေမြှုပ်ဒဏ်ခံနိုင်သည့် ဆင်းသုခမျိုးရရှိရန် သုတေသနပြု
အဖိုဝတ်မှုန်အိတ် မွေးမြူနည်းနှင့် Marker Assisted Selection (MAS) နည်းတို့ဖြင့် ရေမြှုပ်ဒဏ်ခံနိုင်သည့် ဆင်းသုခမျိုးရရှိရန် သုတေသနပြုဆောင်ရွက်နေမှုများအား ရှင်းလင်းပြသသည့် ကွင်းသရုပ်ပြပွဲကို အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၇)နာရီ အချိန် က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများနှင့် သုတေသနပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က အဖွင့်အမှာစကားပြောကြားရာ၌ သုတေသနပညာရှင်များအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် မျိုးများ၊ ပိုးမွှားရောဂါဒဏ်ခံ၊ ရာသီဉတုဒဏ်ခံနိုင်ရည်ရှိသည့် မျိုးများ၊ နည်းပညာများ ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင် ဖြစ်ထွန်းသည့် မျိုးများမှ ကောင်းမွန်သည့် ဗီဇများအား ဆွဲထုတ်၍ သုတေသနပြု ရှာဖွေဖော်ထုတ်ကာ အပင်ဇီဝကမ္မ ဗေဒဆိုင်ရာ လက္ခဏာများနှင့် အပင်ဗီဇများ ပေါင်းစပ်၍ ပိုမိုကောင်းမွန်သော မျိုးသစ်များ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ သုတေသနပြု ရရှိလာသည့် မျိုးများမှလည်း အားနည်းချက်၊ အားသာချက်များအား ဆက်လက်လေ့လာရန် လိုအပ်ပါကြောင်းနှင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝသည့် သီးနှံမျိုးသစ်များအား သုတေသနပြု ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဇီဝနည်းပညာ သုတေသနဌာနစု အနေဖြင့် အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာဖြင့် သီးနှံမျိုးသစ်များ ထုတ်လုပ်ရန်၊ အပင်တစ်သျှူး မွေးမြူနည်းပညာနှင့် မျိုးထွန်းနည်းပညာတို့ ပူးပေါင်း၍ သီးနှံမျိုးသစ်များ ထုတ်လုပ်ရန်၊ အပင်တစ်သျှူး ပွားများနည်းဖြင့် အချိန်တိုအတွင်း သီးနှံမျိုးသန့်များ ပွားများထုတ်လုပ်ရန်၊ သီးနှံမျိုးသစ်များ ထုတ်လုပ်ရေးတွင် မော်လီကျူလာ နည်းပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် သီးနှံအထွက်တိုးရေးအတွက် အထောက်အကူ ပြုစေမည့် အပင်ဇီဝကမ္မဗေဒဆိုင်ရာ လက္ခဏာများကို လေ့လာရန် စသည့် ရည်ရွယ်ချက်များဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၊ မိုးရာသီ၌ ဆင်းသုခ စပါးမျိုးများအား ရေမြုပ်ဒဏ်ခံစပါးမျိုးများဖြစ်သည့် Swarna Sub-1 စပါးမျိုးနှင့် မျိုးစပ်ခဲ့ ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မိုးကြိုရာသီတွင် ရရှိလာသည့် F1 မျိုးစေ့များအား ပြန်လည် စိုက်ပျိုးခဲ့ပြီး၊ စပါးပင် ဖုံးတုံးလုံးတုံးအဆင့်၌ Anther (အဖိုဝတ်မှုံ) များအား ထုတ်၍ အပင်တစ်သျှူး မွေးမြူနည်းဖြင့် မွေးမြူခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မိုးရာသီတွင် မွေးမြူရရှိလာသည့်စပါးပင်များမှ Double Haploid (DH) ပင်များအား ရွေးချယ်ခဲ့ကြောင်း၊ ၂၀၁၇ မိုးကြိုရာသီတွင် ရွေးချယ်ရရှိလာသော DH ပင်များအား Gene Specific Marker များကို အသုံးပြု၍ စစ်ဆေးခဲ့ရာ ဘတ်တီးရီးယား ရွက်ခြောက်ရောဂါဒဏ်ခံ ဗီဇနှင့် ရေမြုပ်ဒဏ်ခံဗီဇ နှစ်မျိုးလုံးပါဝင်သော စပါးမျိုးလိုင်း (၃၈) လိုင်းနှင့် ဘတ်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံ ဗီဇ တစ်မျိုးတည်းပါဝင်သော မျိုးလိုင်း (၈၃)လိုင်းအား ရွေးချယ်ရရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ မိုးရာသီတွင် အဆိုပါ စပါးမျိုးလိုင်း (၃၈) လိုင်းတို့ကို မိဘမျိုးများနှင့် နှိုင်းယှဉ်စိုက်ပျိုး၍ လေ့လာခဲ့ရာ အထွက်နှင့် အထွက်မိတ်ဖက်လက္ခဏာများအရ ဗီဇတည်ငြိမ်မှုအရှိဆုံး မျိုးလိုင်း (၁၄) လိုင်းကို ပထမအဆင့်အနေဖြင့် ရွေးချယ်နိုင်ခဲ့ကြောင်း အပင်ဇီဝနည်းပညာ သုတေသနဌာနစု တာဝန်ခံ ဒေါ်သက်သက်ဦး နှင့် လက်ထောက် သုတေသနအရာရှိ ဒေါက်တာသတိုးအောင် တို့က ပြောသည်။
အဆိုပါ အဆင့်ဆင့် ရွေးချယ်စိုက်ပျိုးခဲ့သည့် မျိုးများကို ၂၀၁၉ ခုနှစ် မိုးရာသီတွင် မိဘမျိုးများထက် သာလွန်သော ရေမြုပ်ဒဏ်နှင့် ဘတ်တီးရီးယား ရောဂါဒဏ်ခံနိုင်ရည်ရှိသော DH လိုင်း (၇) လိုင်းမှ ထပ်မံရွေးချယ်၍ ဆင်းသုခ၊ မနောသုခတို့နှင့် အထွက်ယှဉ်ပြိုင်၍ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကွင်းသရုပ်ပြပွဲ သို့ တက်ရောက်လာကြသည့် သုတေသနပညာရှင်များက သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Source_agri news
နေလင်းထွန်း
လွန်ခဲ့သော ၂ နှစ် ကရာသီစပါး သက်တန်းစပါးလား
U Mya Maung
လွန်ခဲ့သော ၃ နှစ် ကရေမြုပ်ခံ ၁ စပါးသက်တမ်းသိပါရစေ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 4 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 2 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026