နဂါးမောက်သီးများ ခူးဆွတ်ရောင်းချပြီးချိန်ဖြစ်သဖြင့် အပင်ခြေပေါင်းရှင်းခြင်းနှင့် အပင်ပြုစုထိန်းသိမ်းခြင်းတို့ လုပ်ဆောင်သင့်
ယခုကာလသည် နဂါးမောက်သီးများ ခူးဆွတ်တင်ပို့ရောင်းချပြီးချိန် ဖြစ်သဖြင့် အပင်ခြေရင်း ပေါင်းရှင်းခြင်းနှင့် အပင်ပြုစုထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း နဂါးမောက်ပင်စီးပွားဖြစ်စိုက်ပျိုးသူများက ပြောသည်။
နဂါးမောက်သီးအားလုံးဆွတ်ခူးပြီးတဲ့ နိုဝင်ဘာလကုန်ကစပြီး တိုင်ပေါ်မှာရှိတဲ့ သိမ်လှီညံ့ဖျင်းတဲ့ ကိုင်းတွေ၊ ရောဂါနဲ့ ပိုးမွှားကျရောက်ထားတဲ့ ကိုင်းတွေ၊ အလက်တိုတွေ၊ အဝါရောင်ကိုင်းတွေကို ဦးစွာဖြတ်တောက်ဖယ်ရှားပါ။ ပွင့်လင်းရာသီရောက်လာပြီဆိုတော့ နဂါးမောက်ပင်တွေပြုပြင်တာအပြင် ပေါင်းရှင်းတဲ့လုပ်ငန်းကို မဖြစ်မနေလုပ်ကြရတော့မှာဖြစ်ပါတယ်။ ပေါင်းမြက်ပင်တွေဟာ သီးနှံပင်တွေနဲ့အပြိုင် ရေနဲ့အစာကို လုယူစားသုံးတတ်တာကြောင့် ပေါင်းမြက်နှိမ်နှင်းတဲ့အလုပ်က နဂါးမောက်စိုက်ပျိုးရေးခြံတိုင်းအတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပါ။
ဟု စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ဖက်ယားရေရှင်ကျေးရွာရှိ မိဘမေတ္တာစိုက်ပျိုးမွေးမြူရေးခြံ (သူဌေး-အော်ဂဲနစ်လက်မှတ်ရနဂါးမောက်သီး) ၏ စီမံအုပ်ချုပ်သူ ဦးသန်းမြင့်က ပြောသည်။
နဂါးမောက်ပင်အောက်ခြေတွင် ပေါင်းမြက်များဖြင့် ရှုပ်ထွေးနေပါက မှိုရောဂါကျရောက်တတ်သည့်အပြင် အခြားပိုးမွှားများ ဝင်ရောက်ခိုအောင်းရာနေရာ ဖြစ်သွားတတ်ခြင်းကြောင့် ကြိုတင်ရှင်းလင်းကာကွယ်ထားသင့်ကြောင်း သိရသည်။
ကျွန်တော်တို့ဒေသမှာတော့ ဒီနှစ်ဆိုရင် ခရုတအားကျပါတယ်။ အကောင်ပေါက်နှုန်းလည်းမြန်ပါတယ်။ အသီးနဲ့အရွက်တွေကိုလည်း စားသောက်ပစ်ပါတယ်။ ဒါ့ကြောင့် အပင်ခြေကိုရှင်းဖို့ သတိပေးလိုတာပါ။ နောက်တစ်ခုအနေနဲ့ အထူးဂရုစိုက်လုပ်ပေးရမှာကတော့ နွယ်ပင်တွေကို နဂါးမောက်ပင်ပေါ် လုံးဝတက်ရောက်ခွင့်မပေးတာဘဲ ဖြစ်ပါတယ်။ ချုံနွယ်တွေက အလျှင်အမြန်ပဲ နဂါးမောက်ကိုင်းတွေကို ရှုပ်ထွေးအောင်ရစ်ပတ်တတ်လို့ပါ။ အဲ့ဒီနွယ်ပင်တွေက နဂါးမောက်ပင်ကို နေရောင်ခြည်မရအောင် အုပ်မိုးထားသလိုဖြစ်သွားမယ်ဆိုရင် နဂါးမောက်ပငင်ရဲ့ အစာချက်စနစ်ကို ထိခိုက်စေပါတယ်။ အချက်ကြေချက်ဖို့အတွက် ခက်ခဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ခြုံနွယ်တွေ မများလာခင် သတိပြုနှိမ်နှင်းပေးရပါမယ်။
ဟု ဦးသန်းမြင့်က ဆက်လက်ပြောသည်။
အလင်းရောင်မရ၍ အသီးမသီးနိုင်ခဲ့သည့် ကိုင်းများ၊ ရှုပ်ထွေးနေသည့် ကိုင်းများ၊ ကြပ်ညပ်နေသည့် ကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေးသင့်ပြီး အလက်များကြပ်၍ဖြတ်တောက်ထားသည့်ကိုင်းများအနက်မှ ရောဂါပိုးမွှားကင်းစင်၍ သတ်မှတ်အရွယ်အစားပြည့်မှီသည့် ကိုင်းများကိုမူ စိုက်ခင်းသစ်များအတွက် မျိုးကိုင်းယူနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022