ကော့မှူးနှင့် တွံတေးမြို့နယ်ရှိ မှိုစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်မည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ မှိုစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် လိုအပ်သောကူညီမှုများ ပေးအပ်နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ စားသုံးမှို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရသည်။
မှိုလုပ်ငန်းတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်ချေးငွေကို ဘယ်ကချေးလို့ချေးရမှန်း မသိခဲ့ကြဘူး။ စိုက်ဘဏ်နဲ့ SME ကလည်း မချေးပေးဘူး။ အသေးစားချေးငွေလျှောက်တော့လည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက တောင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုတော့ မှိုမျိုးထုတ်လုပ်သူဆိုရင်လည်း မျိုးထုတ်တဲ့လိုင်စင်၊ မှိုကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူဆိုရင်လည်း စိုက်ပျိုးထုတ်လုပ်တဲ့လိုင်စင်တွေ ချမှတ်ထားတာမျိုး မရှိတဲ့အတွက် ဘဏ်ချေးငွေ၊ အသေးစား ချေးငွေတွေ ချေးလို့မရဘဲ နစ်နာနေကြတယ်။ ချေးငွေချပေးမယ့်အစီအစဉ် ဖြစ်ပေါ်လာတာကတော့ ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ မှိုစိုက်တောင်သူတစ်ယောက် ပါဝင်ဆွေးနွေးခဲ့ရာကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်ကြီး (၂) ဦးကို ကော့မှူးမြို့နယ်တစ်မြို့နယ်စာက မှိုစိုက်တောင်သူတွေအတွက် စတင်ကူညီပေးဖို့ လမ်းညွှန်ခဲ့ပါတယ်။
ဟု မြန်မာနိုင်ငံ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းသန်းမောင်မောင်က ပြောသည်။
၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ မှိုစိုက်တောင်သူများ၊ မှိုမျိုးထုတ်လုပ်သူများ၊ မှိုအဝယ်ဒိုင်များတွေ့ဆုံခဲ့ပြီး မှိုမျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးစနစ် မှန်ကန်တိကျရေး၊ ဈေးကွက်၊ သွင်းအားစုကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးနှင့် ချေးငွေ စသည့် ခေါင်းစဉ် (၅) ခုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မှိုမျိုးထုတ်လုပ်ပြီး အရောင်းအဝယ်လုပ်နေသည့် မှိုဒိုင်ကြီး (၄) ဒိုင်၊ ကော့မှူးမြို့နယ်ရှိ မှိုအများဆုံးစိုက်ပျိုးနေသည့် ကျေးရွာ (၁၃) ရွာမှ မှိုစိုက်တောင်သူ (၃၀၀) ကျော်၊ နိုင်ငံတကာအဆင့်မီ စက်မှုစနစ်ဖြင့် ကောက်ရိုးမှို စိုက်ပျိုးထုတ်လုပ်နေသည့် “အမေ့ဥယျာဉ်” မှိုခြံနှင့် ကြွက်နားရွက်မှို အဓိကစိုက်ပျိုးနေသည့် တွံတေးမြို့နယ် တွံတေးဝဒေသတို့ကို ချေးငွေရရှိစေရန် စီစဉ်နေကြောင်း သိရသည်။
မူလစိုက်ပျိုးနေတဲ့ အခြေအနေကနေ ထပ်မံတိုးချဲ့စိုက်ပျိုးလိုသူတွေအတွက် လိုအပ်တဲ့အရင်းအနှီးကို ချေးယူလိုတယ်ဆိုရင် ချေးယူပိုင်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။ ချေးငွေလျှောက်ထားမယ့် မှိုစိုက်တောင်သူဟာ အမှန်တကယ် မှိုစိုက်ပျိုးနေတယ်ဆိုတဲ့အကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ထောက်ခံချက်တွေ လိုအပ်ပါမယ်။ ကျေးရွာ (၁၃) ရွာလို့ ပါပေမယ့် ကျေးရွာ (၁၃) ရွာမှာရှိတဲ့ လူတိုင်းအားလုံးတော့ အကျုံးဝင်မှာမဟုတ်ဘူး။ ယခင်ကလည်း တကယ်စိုက်ပျိုးခဲ့တယ်၊ လက်တွေ့မှာလည်း တကယ်စိုက်ပျိုးနေတယ်၊ နောင်လည်း မှိုစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ကြည့်ရှုမှာဖြစ်ပါတယ်။ ချေးငွေရမယ်ဆိုမှ ထစိုက်ပျိုးတဲ့သူတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး။
ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်တို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ကျေးရွာအလိုက်ရှိသည့် တောင်သူဦးရေအပေါ် မူတည်၍ တောင်သူအစုအဖွဲ့များ လိုက်လံဖွဲ့စည်းပေးခြင်း၊ အစုအဖွဲ့ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ ရွေးချယ်ပေးခြင်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022