မတ်ပဲဈေးဆက်တိုက်ကျနေသော်လည်း ဈေးအနိမ့်ဆုံးအထိ ဆွဲချနိုင်ခြေမရှိဟု ကုန်သည်ကြီးအချို့ဆို
ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ်နဲ့သာ အပြောင်းအလဲ ရှိခဲ့တဲ့ မတ်ပဲကတော့ ဒီတစ်ပတ်အတွင်းမှာ တစ်တန်ကို ကျပ် ၅ သောင်းလောက် ဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ မေ ၁၃ ရက် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ကျပ် ၁၄ သိန်း ၁ သောင်းကျော်ပေါက်ဈေးရှိနေပြီး ဒီတစ်ပတ်အဖွင့်ဈေးထက် တစ်တန်ကို ကျပ် ၅ သောင်းကျော်ဈေးကျသွားတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာလည်း ဒီနေ့ပေါက်ဈေးအနေနဲ့ တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၃၇၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၆ ထောင်လောက်ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်စီ အသီးသီး ဈေးကျသွားတာပါ။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ မော်လမြိုင်မှာတော့ တစ်တင်းကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

အိန္ဒိယသတင်းတစ်ပုဒ်မှာတော့ အိန္ဒိယနိုင်ငံမှာ ရူပီးငွေဈေးကျဆင်းမှုကြောင့် ပြည်ပကနေ ပဲဝယ်ယူမှု လျော့နည်းသွားလို့ အခုလို မတ်ပဲဈေးတွေ ကျဆင်းသွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာတော့ လက်ရှိငွေကြေးလဲလှယ်မှုနှုန်းကို ကန့်သတ်ထားမှုကြောင့် အရောင်းအဝယ်က အေးနေပြီး လိုအပ်မှသာအရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။
လတ်တလော မတ်ပဲဈေးက ကျဆင်းနိုင်ခြေရှိနေသေးပေမယ့် အမြင့်ဈေးနဲ့ဝယ်ယူသိုလှောင်ထားမှုတွေကြောင့် ဈေးကို အနိမ့်ဆုံးထိ ဆွဲချမှာမဟုတ်ဘူးလို့ ကုန်သည်ကြီးအချို့က ဆိုပါတယ်။
အခြားပဲဈေးနှုန်းတွေမှာတော့ ပြီးခဲ့တဲ့တစ်ပတ်လုံးဈေးအပြောင်းအလဲ မရှိပဲ ငြိမ်နေခဲ့တဲ့ ပဲစင်းငုံနီဟာ ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံကို မြန်မာအပြင်အခြားနိုင်ငံတွေကပါ ဝင်ရောက်မှုများနေတဲ့အတွက် ထိန်းဝယ်ယူမှုတွေကြောင့် အခုလိုဈေးတွေကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။
သင်္ကြန်အပြီးကနေ မေလ ပထမပတ်အထိ ဆီစက်လုပ်ငန်းတွေကနေဝယ်ယူမှု များတဲ့အတွက် ပြန်လည်ဈေးမြင့်တက်လာခဲ့တဲ့ မြေပဲဆံတွေဟာလည်း စီးပွားကူးသန်းကနေတင်ပို့မှု ခေတ္တရပ်ဆိုင်းလိုက်လို့ ဈေးတွေပြန်ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....