မြန်မာ့ဖရဲသီးကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ ပထမဆုံးအကြိမ်တင်ပို့ရောင်းချမည်
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဖရဲသီးကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
အခုလာမယ့် ဒီဇင်ဘာပထမအပတ်ကစပြီး မြန်မာ့ဖရဲသီးတွေကို ဒူဘိုင်းကိုတင်ပို့မှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဈေးကွက်ကို ဒါပထမဦးဆုံးတင်ပို့တာပါ။ တရုတ်ဈေးကွက်တစ်ခုတည်းကို အားကိုးနေမယ့်အစား ဈေးကွက်သစ်တွေဖော်ဆောင်ဖို့ အများကြီးမျှော်လင့်ထားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ အသင်းရဲ့ကြိုးပမ်းမှုတွေကြောင့် အခုတော့ ဈေးကွက်သစ်ရရှိခဲ့ပါပြီ။
ဟု မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
မြန်မာ့ဖရဲသီးများ ပြည်ပသို့တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ အဓိကထား အမှီပြုရောင်းချနေရသည့်အတွက် ယခုတင်ပို့မှုသည် မြန်မာ့ပထမဆုံး ဖရဲ၊သခွားမွှေး Export ဈေးကွက်သစ် ဖော်ဆောင်နိုင်မှုလည်း ဖြစ်သည်။
မြန်မာနိုင်ငံကနေ ဖရဲသီးတွေတင်ပို့တဲ့အခါ တစ်ပါတည်း သခွားမွှေးသီးတွေကိုလည်း အမြည်းအနေနဲ့ ထည့်ပို့ပေးလိုက်ဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ကြိမ်မှာ ဒူဘိုင်းကိုတင်ပို့တာ အဆင်ပြေသွားတာနဲ့ ကာတာနိုင်ငံ၊ စင်ကာပူနိုင်ငံတွေကို ဆက်ပြီးတော့ တင်ပို့သွားဖို့ စီစဉ်သွားမှာပါ။
ဟု ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ကနဦးအကြိမ်အနေဖြင့် အစေ့မဲ့ဖရဲအမျိုးအစား ဖရဲသီး (၂၅) တန်ကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုနန်း
လွန်ခဲ့သော ၅ နှစ် ကပို့ကုန်နေရာကောင်းတွေအများကြီးထပ်တွေ့ပါစေ
Dawyuhswe
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါသည်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....