အစိမ်းရောင်လမ်း
(၂) နှစ်တာအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး စိုက်ပျိုးသူများအဆင်ပြေနေ

(၂) နှစ်တာအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး စိုက်ပျိုးသူများအဆင်ပြေနေ

    ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်များအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး၊ စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများထံမှ သိရသည်။

ပြီးခဲ့တဲ့ ၂ နှစ် ဝန်းကျင်လောက်ကတော့ ဈေးကွက်ကျဆင်းတာမျိုး ဖြစ်ခဲ့ဖူးသေးတယ်။ အခုဆိုရင် ၂ နှစ်ဆက်တိုက်ရှိပြီ၊ ဈေးကွက်ပုံမှန်ဖြစ်နေတာ။ မနှစ်ကနဲ့ ဒီနှစ်လည်း ဈေးသိပ်မကွာဘူး။ ဘာဖြစ်လို့ဈေးကွက်ငြိမ်လာလဲတော့ မသိဘူး။ စိုက်ပျိုးသူနည်းလို့ပဲလား၊ ဝယ်လက်များလို့ပဲလား တစ်ခုခုပါပဲ။ ကျွန်တော်တို့ဒေသကစိုက်ပျိုးတဲ့ ပဲတီစိမ်းတွေကို မကွေး၊ မင်းဘူးမြို့တွေကို တင်ပို့ရောင်းချတယ်။ အဲ့ဒီမြို့တွေက ကုန်သည်တွေကတဆင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကို အဓိကတင်ပို့ကြတယ်။ ရန်ကုန်ကနေမှ ကျန်တဲ့ဈေးကွက်အမျိုးမျိုးကို ဖြန့်တယ်လို့ သိရပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ပဲအမျိုးမျိုးစိုက်ပျိုးသူ ဦးသိန်းလွင်က ပြောသည်။

    ပဲတီစိမ်းအပါအဝင် ပဲအမျိုးမျိုးကို နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး (ခရမ်း၊ သုံးခွ၊ ကျောက်တန်း အစရှိသောဒေသများ)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စသဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနေသည်။

ကျွန်တော်က ပဲတီစိမ်းသီးသန့်ကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ ပဲတီစိမ်းစိုက်တာက စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုးဖလာစိုက်ပျိုးခဲ့တာပါ။ ကျွန်တော်တို့ဒေသတစ်ဝိုက်မှာတင် ကုန်သည်တွေရှိတာမို့ သူတို့ကတဆင့် မန္တလေးမြို့ကို တိုက်ရိုက်တင်ပို့ရောင်းချတယ်။ မနှစ်ကရောင်းချခဲ့တာတော့ ပိဿာချိန် ၂၀ (တစ်တင်း) ကို ၄၂၀၀၀ ကျပ် ရခဲ့ပါတယ်။ ပဲတီစိမ်းက သူ့ဈေးကွက်နဲ့သူ ဈေးကွက်ပုံမှန်ရှိနေတာကြောင့်မို့ တကူးတကတော့ ဈေးကွက်မရှာဖွေရပါဘူး။ ဈေးကွက်တင်ပို့ရာမှာတော့ အရည်အသွေးပိုင်းက အဓိကပါပဲ။ ရိတ်သိမ်းခါနီးမှာ မိုးမမိအောင်တော့ သတိထားရပါတယ်။

ဟု ရန်ကုန်တိုင်းဒေသကြီး၊  သုံးခွမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ ကိုသူရထွန်းက ပြောသည်။

    ပဲတီစိမ်းစိုက်ပျိုးရာတွင် မိုးကြိုရာသီ ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီ မေလမှဇွန်လလယ်အတွင်း၊ မိုးနှောင်းရာသီ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း ကာလများတွင် စိုက်ပျိုးလေ့ရှိကြသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။