တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောကော ဆန်ကြမ်းပါ အရောင်းအဝယ်အေး ဈေးအေးအနေအထား မှာရှိနေပြီး၊ ဈေးကလဲငြိမ်နေပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာပေါ်ဆန်း(စပါး)က ၄၆ပေါင်တင်း၁၀၀ကို ၈၉၀၀၀၀ ကျပ်၊ ဧည့်မထ(စပါး) ကတော့ ကျပ် ၅၇၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပုသိမ်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး၊ ပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ဒေးဒရဲဈေးကွက်မှာတော့ ဧည့်မထ(စပါး)က တင်း၁၀၀ ကို ၅၃၃၀၀၀ ကျပ်ရှိပြီး၊ ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ် နဲ့ဈေးငြိမ်နေပါတယ်။ ဖျာပုံဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်၊ ဆန်ကလည်းတစ်အိတ်ကို ၂၂၀၀၀ ကျပ်နဲ့ ပြီးခဲ့တဲ့ တစ်ပတ်ဈေးနှုန်းအတိုင်း ဆက်ရှိနေပါတယ်။ ပေါ်ဆန်းဆန်တွေကတော့ လက်ကျန်နည်းလာတဲ့အတွက် ဈေးဆက်တက်လာနိုင်တယ်လို့ ကုန်သည်တွေကခန့်မှန်းထားကြပါတယ်။ လက်ရှိမှာတော့ စပါးဈေးကျဆင်းမှုကြောင့် တောင်သူအချို့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
အိန္ဒိယဝယ်ယူမဲ့သတင်းတွေအပြင် ပြည်ပအဝယ်လိုက်လို့ဈေးတက်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ် မှာလဲဈေးဆက်အေးနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မတ်ပဲက၈၅၄၀၀၀ကနေ ၈၆၅၀၀၀ အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း ငွေကျပ်၄၀၀၀ ဈေးအနည်းငယ် ထပ်မံကျဆင်းခဲ့ပါသေးတယ်။ နေပြည်တော်ဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ဈေးတက် လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ လာမဲ့အပတ်မှာ တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီတွေကို ကြေညာပေးသွားမှာဖြစ်တယ် လို့ကုန်သည်တွေကဆိုပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ အခြားနိုင်ငံတွေလည်း အဝယ်ရှိနေတဲ့အတွက် ဈေးကတော့ အနည်းငယ် အပြောင်းအလဲသာရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အဟောင်းက တစ်တန်ကို၉၄၀၅၀၀ကနေ၉၅၃၀၀၀ ဈေးရှိပြီးပြီးခဲ့တဲ့ အပတ်နဲ့ယှဉ့်ရင်၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၃၂၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကလည်း ဒီတစ်ပတ်မှာ ဈေး ကျဆင်းသွားခဲ့ပြီး အရောင်းအဝယ်လဲ အေးနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိသာကို ၄၀၀ကနေ ၇၀၀ပေါက်ဈေးရှိပြီး၊ ၁၅၀ကျပ် ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း ကြက်သွန်နီက တစ်ပိသာကို ၄၂၅ကနေ၅၆၃ကျပ်ရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
အားလူး
အားလူးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ အာလူးက တစ်ပိသာကို ကျပ် ၄၀၀ကနေ ၈၂၀ကြားဈေးပေါက်ပြီး၊ အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် ၁၂၀ ကျပ်ဈေးမြင့် တက်လာပါတယ်။ နေပြည်တော်ဈေးကွက်မှာတော့ အားလူးက တစ်ပိသာကို ကျပ် ၆၀၀ကနေ ၁၂၀၀ ကျပ် ဈေးရှိပြီး၊ အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိသာကို ၂၀၀ကျပ် ဝန်းကျင် ဈေးတက်လာပါတယ်။
စိုးချစ်ချစ်ပိုင်(AMIA)
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....