ယခုတစ်ပါတ်အတွင်းစျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
ဆန်၊စပါး
ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးရော ဆန်ချောဈေးပါ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ထမင်းကောင်းဆန်ကောင်းရင် အရောင်းအဝယ်ကောင်းပြီး ဆန်မကောင်း ထမင်းမကောင်းရင်တော့ အရောင်းအဝယ်မကောင်းတာတွေ့ရပါတယ်။
ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ တစ်ပတ်အတွင်း တစ်အိတ်ကို ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ကြားပျံကလည်း တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးဈေးကငြိမ်နေပြီး ဆန်ဈေးတွေကတော့တက်လာပါတယ်။ အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့သိရပါတယ်။ ဒုတိယတန်းစားစပါးနဲ့ဆန်အချို့လည်း ဈေး တက်လာခဲ့ပါတယ်။
ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၀၃၃၉၀၄ ပေါက်ဈေးရှိပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကလည်း တင်း ၁၀၀ ကို ၉၄၆၂၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀၀ ကျပ် တက်လာကာ ၃၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံ ပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၇၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းခွဲကို ၂၈၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။ မနောသုခစပါး ကတော့ တင်း ၁၀၀ ကို ၆၁၁၈၀၀ ရှိပြီး တင်း ၁၀၀ ကို ၂၇၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။ဆန်ကလည်း တစ်တင်းခွဲကို ၂၃၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ မီးကောက်စပါးကလည်း တင်း ၁၀၀ ကို ၅၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀၀ ကျပ်တက်လာလာ ၂၃၀၀၀ ပေါက်ဈေးရှိပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးထိုးတက်တာမျိုးမဟုတ်ပဲ ဈေးက တစ်အိအိ တက်နေခဲ့တာဖြစ်ပြီးတော့ ကုန်သည်တွေအနေနဲ့ ဈေးကွက်ကို သေချာထိန်းထားပုံရပါတယ်။ ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီးတော့ ဈေးကလည်း တစ်နေ့တစ်နေ့ သောင်းဂဏန်းနီးနီးလောက် အတက်နဲ့ ရှိနေခဲ့တာပါ။
မုံရွာဈေးကွက်မှာ တော့ မတ်ပဲက တစ်တင်း ကို ၂၀၇၅၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းသွားခဲ့ပြီးတာ့ ဒီတစ်ပတ်မှာတော့ ဈေးကအတက်အကျအပြောင်းအလဲ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဈေးမဖွင့်ခဲ့ပါဘူး။ နယ်ဈေးကွက်မှာတော့ ဈေးတွေက ကျဆင်းနေခဲ့ပါတယ်။
မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၅၈၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၄၀၀ ကျပ် ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၅၀၀ ကျပ်တက်လာပြီး ၂၅၅၀၀ ပေါက်ဈေးရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဈေးတက်လာသလို အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့သိရပါတယ်။ ကုန်စည်ဒိုင်တွေကို တစ်နေ့ပဲတီစိမ်း အိတ် ၄၀၀ နီးပါးအဝင်ရှိပြီး ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးတက်တယ်ဆိုပေမယ့် အရည်အသွေးအလိုက်ကတော့ ဈေးကွာခြားမှုတွေ ရှိနေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၂၇၀၀၀ ကနေ ၃၀၂၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၁၆၀၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၁၆၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၆၈၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း အသေးက ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲပုတ်
ပဲပုတ်ကတော့ လက်ရှိမှာ ဈေးက ကျဆင်းနေခဲ့ပါတယ်။ ပဲအဝင်ကလည်း နည်းနေပြီး အရောင်းအဝယ်ကလည်း နည်းတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ။
မုံရွာဈေးကွက်မှာ တစ်တင်းကို ၁၈၃၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၈၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....