ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၉.၁၁.၂၀၁၈ မှ ၂၃.၁၁.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပွဲတော်ကာလဖြစ်ပြီး ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်ရပ်နားထားတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာပါ။အိန္ဒိယနိုင်ငံကိုတော့ ပုံမှန်တင်ပို့မှုတွေ ပြုလုပ်လျှက်ရှိပေမယ့် အကျဈေးနဲ့သာအရောင်းအဝယ်ပြုလုပ်နေခဲ့ပါတယ်။ လက်ရှိမှာ မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံတို့ G to G စနစ်နဲ့ ပဲတင်ပို့ကို မကြာခင်လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်းသတင်း ထုတ်ပြန်ခဲ့ပေမယ့် G to G စနစ် ပြုလုပ်ပါက အိန္ဒိယကသတ်မှတ်မယ့် ဈေးကနည်းကြောင်း ကုန်သည်တွေက မှတ်ချက်ပြုကြပါတယ်။ ကုန်သည်တွေအနေနဲ့ကတော့ ဈေးနှုန်းကို အရှင် သတ်မှတ်ပေးရန်နဲ့အရေအတွက်ကို သတ်မှတ်မထားရန်လိုအပ်ကြောင်း တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အနေနဲ့ G to G စနစ်ကို သွားရန်အတွက် လွန်ခဲ့တဲ့နှစ်ကတည်းက ကြိုးစားခဲ့ပေမယ့် ပေးတဲ့ဈေးနည်းတဲ့အတွက်ကြောင့် မြန်မာကုန်သည်တွေဘက်က လက်ရှိအချိန်အထိ လက်မခံသေးတာကိုလည်းတွေ့ရပါတယ်။ လက်ရှိမှာ G to G စနစ် နဲ့ လုပ်ဆောင်ထားတာ မလုပ်တဲ့အတွက် အိန္ဒိယက ၎င်းနိုင်ငံရဲ့ လိုအပ်ချိန်ကိုသာ မြန်မာက အရောင်းအဝယ်ပြုလုပ်နေရတဲ့အတွက် ပဲဈေးက တည်ငြိမ်မှုမရှိခဲ့ပါဘူး။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲဈေးက အနိမ့်ဆုံးဈေး ၈၅၀၀၀၀ အထိ ဈေးကျဆင်းခဲ့ပေမယ့် ပိတ်ရက်တွေကြောင့် အရောင်းအဝယ်ကလည်း ရပ်နားနေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ နဲ့ ၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ် နဲ့ ၆၀၀ ကျပ်နဲ့ ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်မရှိပဲ ပိတ်ထားပါတယ်။ ကုန်အဝင်ကလည်းနည်းပြီး တင်ပို့မှုကလည်း နည်းနေပါတယ်။ နယ်ဈေးကွက်တွေမှာလည်း အသစ်ဝင်ရောက်မှုကလည်းနည်းပြီး အဟောင်းလက်ကျန်သာ အရောင်းအဝယ်ရှိနေပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက် ဈေးကတော့ ကျဆင်းနေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ယခုနှစ်ပဲစိုက်ပျိုးမှုက ၁၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ ပဲထွက်ရှိမှုလျော့နည်းတာနဲ့အမျှ ပြည်ပကနေ ပဲဝယ်ယူမှုများတဲ့အတွက် မြန်မာ့ပဲစင်းငုံနီတွေကတော့ ဈေးကောင်းရနိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ကုန်သည်ကြီးတွေကတော့ ၂၀၁၅ ခုနှစ်အခြေအနေကို ရောက်နိုင်သေးတယ်လို့ မျှော်လင့်နေကြပါတယ်။
ဒါပေမယ့် ပဲအသစ်ထွက်မယ့်အချိန်က လိုအပ်နေသေးတဲ့အတွက် အိန္ဒိယပဲဝယ်မှုက မတ်ပဲကို အလေးသာနေတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ဈေးမဖွင့်ပါဘူး။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၅၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ရှိပြီး ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတာ့ တစ်တင်းကို ၂၂၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးအသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တရုတ်ကလည်း အဝယ်ဆက်တိုက်ရှိနေတဲ့အတွက် ဈေးကတက်လာနေတာဖြစ်ပြီးတော့ ပဲအဝင်တွေကလည်း ပုံမှန်ရှိနေခဲ့ပါတယ်။
အိန္ဒိယတင်ပို့မှုမှာ ပဲတီစိမ်းကလည်း ပါဝင်တဲ့အတွက် ပဲတီစိမ်းကို တရုတ်ကလည်း ဝယ်သလို အိန္ဒိယကလည်း ဝယ်တဲ့အတွက် ပဲတီစိမ်းကတော့ ဈေးကျဆင်းတယ်ဆိုရင်တောင် မတ်ပဲတို့လောက် ရုပ်ပျက်ဆင်းပျက် ကျဆင်းသွားတာမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၆၅၀၀ ကနေ ၂၇၀၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၃၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပါတယ်။
ကုလားပဲ
ကုလားပဲရာသီ မကြာခင်ကုန်ဆုံးမှာ ဆိုပေမယ့် ဒီတစ်ပတ်ကတော့ ပွဲတော်ကာလဖြစ်ပြီး ကုန်စည်ဒိုင်တွေပိတ် အရောင်းအဝယ်တွေ နားထားတဲ့အတွက် ပဲအဝယ်လည်း မရှိသလို ဈေးတွေကလည်း ကျဆင်းသွားခဲ့ပါတယ်။ ကုလားပဲရာသီကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ကုလားပဲဈေးကတော့ အရမ်းကြီးဈေးတက်သွားတော့မှာ မဟုတ်ပဲ အနည်းငယ်သာ ဈေးက တက်နိုင်ပါတော့တယ်။ ကုလားပဲအစားထိုး သီးနှံတွေကလည်း မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် ကုလားပဲဝယ်လိုအားက လျော့နည်းလာနိုင်ပြီး ဈေးက ငြိမ်နေဖွယ်ရှိပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၄၇၀၀ ကနေ ၂၆၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ကျပ်၊ ကုလားပဲဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၂၀၀ ကနေ ၂၇၀၀၀ ၁၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၄၂၀၀ ရှိပြီး ၇၅၀ ကျပ်၊ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၅၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက ၂၅၆၅၀ ရှိပြီး ၄၇၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးက တော့ ၂၃၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026