အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

Green Way
Green Way Greenovator 11/01/2019

ဆန်၊စပါး

ဒီတစ်ပတ်ကတော့  ဈေးနှုန်းအတက်အကျကတော့ အနည်းငယ်သာရှိပါတယ်။ ဆန်အဝင်ကလည်းပုံမှန်ရှိနေပြီး အရောင်းအဝယ်ကလည်း ပုံမှန်ရှိနေပါတယ်။ ပေါ်ဆန်းဆန်ကတော့ အရောင်းအဝယ်သွက်ပြီးအဝင်ကတော့နည်းပြီး ဈေးက အနည်းငယ်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀ ကျပ်လောက် ဈေးကတက်သွားခဲ့ပါတယ်။လက်ရှိပေါက်ဈေးကတော့ ၃၄၀၀၀ ကနေ ၃၅၅၀၀ ပေါက်ဈေးရှိပါတယ်။ ကြားပျံရှယ်ကလည်း ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၅၀၀ကျပ် ခန့် ဈေးကျဆင်းသွားပြီး ၃၆၀၀၀ ကနေ ၃၉၅၀၀ ကျပ်ရှိပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်ချောဈေးပြောင်းလဲခဲ့သလို ပုသိမ်ဈေးကွက်မှာလည်း ပထမတန်းစား စပါးတွေက ဈေးတက်လာခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၀၇၆၀၀၀ ကျော်ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၅၀၀၀ လောက်ဈေးတက်လာခဲ့ပြီး ပေါ်ဆန်းရင်အမျိုးအစားကလည်း တင်း ၁၀၀ ကို ၄၄၀၀၀  ကျော် ဈေးတက်လာခဲ့ပြီး ၉၂၀၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၇၆၀၀၀ ကျပ် ဈေးငြိမ်နေခဲ့ပါတယ်။

ဒုတိယတန်းစားစပါးတွေဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းစပါးတို့ကတော့ တင်း ၁၀၀ ကို ၆၇၁၆၀၀ ကျပ်၊ မနောသုခနဲ့ မီးကောက်ကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ကျပ်၊ သီးထပ်ရင်စပါးကတော့ တင်း ၁၀၀ ကို ၅၇၉၀၀ ဝကျပ် နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ မထင်မှတ်လောက်အောင် ပြန်ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမြန်မာဘက်ကတော့ မတ်ပဲအသစ်တွေက ဝင်ရောက်လာနေပြီး ဈေးကျဆင်းသွားမှာ စိုးတဲ့အတွက် အများအပြား ရောင်းချနေခဲ့ပါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းရင်တော့ ဈေးကကျဆင်းတာ ပုံမှန်ဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ထိန်းပြီး ရောင်းဖို့ လိုအပ်ပါတယ်။ 

အိန္ဒိယက ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလမှာ ပဲမျိုးစုံကို တန်ချိန် ၄၅ သိန်း ဝယ်ယူခဲ့ပြီး အရန်ပဲကို ပြန်လည်ရောင်းချရာမှာ ဖြည်းဖြည်းရောင်းချဖို့ အိန္ဒိယအစိုးရက အိန္ဒိယကုန်သည်တွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်နှစ်ကိုအိန္ဒိယက စားသုံးတဲ့ စာရင်းနဲ့ ယှဉ်ရင်လုံလမှုမရှိပေမယ့် ဈေးကထိုးတက်မှာစိုးလို့ ထိန်းဝယ်နေတာကိုလည်း တွေ့ရပါတယ်။

ထိုသို့ အိန္ဒိယမှ လိုအပ်မှ ဝယ်ယူမယ့်စနစ်အစား အခြေခံဈေးနှုန်းသတ်မှတ်ပြီး G to G စနစ်နဲ့ ရောင်းချဖို့ကို မြန်မာအစိုးရကပြီးခဲ့တဲ့ နှစ်ကတည်းက လုပ်ဆောင်နေပေမယ့် လက်ရှိမှာ G to G ကလည်း အကောင်အထည်မဖော်နိုင်သေးဘူးလို့ သိရပါတယ်။ ပဲကုန်သည်အသင်းကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ဆိုထားပါတယ်။

ဇန်နဝါရီလပထမအပတ်ကနေစပြီး ဈေးကတစ်ဖြေးဖြေး ကျဆင်းလာခဲ့ပြီး ၁၀ ရက်အတွင်း ရန်ကုန်တစ်တန်ကို ၄၅၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိပေါက်ဈေးကတော့ ၇ သိန်းအထိ အနိမ့်ဆုံးဈေး ကျဆင်းသွားပါတယ်။ လက်ရှိမှာ မတ်ပဲအသစ်တွေ ဈေးကွက်ထဲကို ဝင်လာပြီး အသစ်တွေက ဈေးမြင့်နေတာကိုလည်းတွေ့ရပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲလို ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိဈေးကွက်မှာ အသစ်တွေကလည်း ဆက်တိုက်ဝင်ရောက်လာပြီး မတ်ပဲနဲ့ယှဉ်ရင် အသစ်တွေက ဈေးမြင့်နေ တာတွေ့ရပါတယ်။ အသစ်တွေ ဆက်တိုက်ကိုပေါ်နေပေမယ့် လက်ကျန်ပဲတွေက များတဲ့အတွက်ကြောင့် ရန်ကုန်ဈေးကွက်မှာတော့ ပြည်ပတင်ပို့မှုက ပဲစင်းငုံနီ ၂၀၁၇ ကို တင်ပို့နေတာလည်း တွေ့ရပါတယ်။ 

ပဲစင်းငုံနီ အသစ်တွေကတော့ အဟောင်းနဲ့ယှဉ်ရင် တစ်တင်းကို ၃၀၀၀ လောက်ဈေးကွာနေတာလည်း တွေ့ရပါတယ်။ လက်ရှိအိန္ဒိယကအနိမ့်ဈေးနဲ့ ဝယ်ယူနေပေမယ့် အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံနီက မိုးခေါင်မှုကို ကြုံတွေ့ခဲ့ရတဲ့အတွက် ဆောင်းသီးနှံထွက်ရှိမှုကလည်းေ  လျာ့နည်းနေခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တစ်တန်ကို ၄၆၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၆၉၀၀၀၀ သာ ပေါက်ဈေးရှိခဲ့ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ဈေးတွေက တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ဒေသအချို့မှာ မိုးတွေရွာခဲ့ပြီး ပဲတွေပျက်စီးမှု ရှိခဲ့တဲ့အတွက် ဈေးကကျဆင်းသွားတာ ဖြစ်တယ်လို့  သိရပါတယ်။ ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးမြင့်တဲ့ ပဲတစ်မျိုးဖြစ်ပြီးတော့ တစ်တင်းကို ငွေကျပ် အနိမ့်ဆုံးဈေး ၃၀၀၀၀ ထိ ရရှိနေတဲ့ ပဲလည်းဖြစ်ပါတယ်။ တရုတ်က အဓိကဝယ်ယူနေတာဖြစ်တဲ့အတွက် 

 အလွန်အကျူးဈေးကျဆင်းသွားတာကိုတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မကြုံခဲ့ရပါဘူး။လက်ရှိမှာလည်း အိန္ဒိယကလည်း ဝယ်ယူနေတာဖြစ်တဲ့အတွက် အမြင့်ဆုံးဈေးကတော့ တစ်တင်းကို ၃၅၀၀၀ အထိ ရရှိနေပြီး ထောင်ဂဏန်းလောက်သာ အတက်အကျ ရှိခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲလုံးဝါ၊ဖြူ (အကြီး၊သေး)တို့ကတော့ ဇန်နဝါရီလ ပထမအပတ်ကတည်းက ဈေးက ငြိမ်ကျသွားတာ ဖြစ်ပြီးတော့ လက်ကျန်ပဲတွေကိုသာ ဖြေးဖြေးနဲ့ပုံမှန်ရောင်းဝယ်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အနည်းငယ်ကျဆင်းသွားခဲ့တာကိုလည်းတွေ့ရပါတယ်။ 

 လက်ရှိမှာတော့ ကုလားပဲလုံးဝါ၊ဖြူတို့က တစ်တင်းကို ၂၄၀၀၀ နဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ နယ်ကုန်စည်တွေဖြစ်တဲ့မုံရွာ၊ ပခုက္ကူကုန်စည်ဒိုင်တို့မှာတော့ တစ်တင်းကို ၂၂၅၀၀ ကနေ ၂၄၅၀၀ ကြား ရှိပြီး ဈေးကတော့တစ်တင်းကို ၁၀၀၀ လောက်ကျဆင်းသွားခဲ့ပါတယ်။

 

ဝတ်ရည်မွန် (AMIA)

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။