၂ ပတ်ဆက်တိုက် ဈေးကျနေတဲ့ ပဲစဉ်းငုံနီနဲ့ ဈေးငြိမ်နေတဲ့ ပဲတီစိမ်း
ပဲစဥ်းငုံနီ
ပဲစင်းငုံနီ ဒီတစ်ပတ် ဈေးကျဆင်းပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တစ်တန်ကို သိန်း ၄၀ အောက်ရောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း အဆမတန် မြင့်တက်နေတဲ့ ပဲဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံလုံး အနှံ့မြေပြင်ကွင်းဆင်း အရေးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် ပဲ ဈေးဟာ ဆက်တိုက်ကျဆင်းနေခဲ့တာပါ။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်၊ နယူးဒေလီ ဈေးကွက်မှာ တော့ ၂ ရက်တာကာလ ဈေးအဖွင့်မရှိတာကို တွေ့ရပါတယ်။
အိန္ဒိယအစိုးရက ပြည်ပကနေ ပဲစင်းငုံနီ တင်သွင်းခွင့်ကို ပေးထားပေမယ့် အိန္ဒိယနိုင်ငံ ပဲစင်းငုံလိုအပ်ချက် မြင့်မားနေတဲ့အတွက်ကြောင့် ပြည်ပကနေလည်း ပဲ အဝင်က နည်းပြီး ပဲစင်းငုံနီဈေးဟာ ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။
ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၅၈၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင်တော့ ပဲစင်းငုံနီ ဈေးဟာ အတက်ဈေး မှာပဲရှိနေဆဲပါပဲ။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၂ ပတ်တာကာလအတွင်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်းဝယ်ရောင်း အခြေအနေကလည်း ငြိမ်နေတယ်လို့သိရပါတယ်။ လက်ရှိဈေးငြိမ်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် သိုလှောင်မယ်ဆိုရင်တော့ ဒီအခြေအနေက ဝယ်ယူသိုလှောင်သင့်တယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။
ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေစပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ပုံမှန် သင်္ကြန်ကာလအပြီး ဈေးငြိမ်နေပေမယ့် မေလ ကုန် ဇွန် လဆန်းပိုင်းလောက် အတက်ဈေး ရှိနေခဲ့ဖူးပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာ လည်းပဲတီစိမ်း(အညာ)ကလည်း တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၅၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်းဆက်ပြီး ဈေးမြင့်တက်လာပါတယ်။ မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်ပြီး တင်ပို့မှုရှိနေပြီဖြစ်လို့ ဈေးပြန်လည် မြင့်တက်နေတာလို့ သိရပါတယ်။
ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့် တောင်သူ့လက်ထဲမှာတော့ ပြောင်းတွေ မရှိတော့ဘူးလို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကြားရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၁၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
စားတော်ပဲ
ပြည်တွင်းစားတော်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ် မြင့်တက်ပေမယ့် ပြည်ပကနေ တင်သွင်းတဲ့ စားတော်ပဲ ကနေဒါကတော့ ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ ပြည်တွင်း ပဲရော ပြည်ပ ပဲက ပုံမှန် အဝင်ရှိနေတဲ့အတွက် စားတော်ပဲ ဈေးက လက်ရှိကာလ အတွင်း အကျဈေးနဲ့ ပဲ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅၁၆၅ မှ ၅၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ စားတော်ပဲ (ကနေဒါ)ကတော့ တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး