ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၃.၉.၂၀၁၈ မှ ၇.၉.၂၀၁၈)ထိ
ဆန်၊ စပါး
ဆန်စပါးကုန်စည်ဒိုင်အသင်းကနေ ဆန်ဈေးတက်နေရခြင်းမှာ ကုန်သည်များရဲ့ ဈေးကစားခြင်းကြောင့်ဖြစ်ပြီး ဆန်ကို ပြောင်းလဲ စားသုံးခိုင်းတဲ့ အပတ်ကနေစပြီး ဈေးကအတက်ဈေးနဲ့ပဲ ပြန်ငြိမ်သွားပါတယ်။ အချို့ နယ်ကုန်စည်ဒိုင်တွေမှာလည်း မိုးစပါးအသစ်တွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် ပုသိမ်ကုန်စည်ဒိုင်မှာတော့ စပါးဈေးငြိမ်နေပေမယ့် ဆန်ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဆန်အဝင်ပုံမှန်ရှိပြီးအရောင်းအဝယ်ကလည်းကောင်းနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဆက်တိုက်ကိုတက်သွားတဲ့ ဆန်ချောဈေးက ငြိမ်နေပေမယ့် ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်နဲ့ ဧည့်မထဆန်ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ မြီးဒုံးဆန်က ဒီတစ်ပတ်မှာ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပြီး ဒီတစ်ပတ်ပေါက်ဈေးက ၄၀၅၀၀ ကနေ ၄၂၅၀၀ ရှိပါတယ်။ ဆန်ကြမ်းပေမယ့် ဆန်ချောဈေးနဲ့သိပ်မကွာတော့တာကိုလည်း တွေ့ရပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ တစ်အိတ်ကို ၂၁၈၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ဧရာဝတီပေါ်ဆန် စပါးကတော့ တင်း ၁၀၀ ကို ၁၂၄၅၀၀၀ ၊ပေါ်ဆန်းရင်စပါးက တင်း ၁၀၀ ကို ၁၁၄၀၀၀၀ ၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၁၁၅၀၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။စပါးဈေးငြိမ်ပေမယ့် ဧရာဝတီပေါ်ဆန်း ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၉၀၀၀ နဲ့ ၁၀၀၀ ကျပ်၊ပေါ်ဆန်းရင် ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၄၇၀၀၀ နဲ့ ၂၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာတဲ့အတွက် ဈေးပြန်တက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ငွေဈေးနှုန်းက ဆက်တက်နေပေမယ့် အနိမ့်ဈေးနဲ့ဝယ်တဲ့အတွက်ကြောင့် ထင်သလောက် မတက်ပေမယ့် အများကြီးတော့ ဈေးကျဆင်းမသွားခဲ့ပါဘူး။ ပြည်တွင်းမှာတော့ ပုံမှန်အရောင်းအဝယ် ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း တစ်တန်ကို ၄၅၀၀၀၀ ပတ်လည် နဲ့ဈေးငြိမ်နေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်နဲ့နေပြည်တော်ကုန်စည်ဒိုင်တို့မှာလည်း ဒီတစ်ပတ်တစ်တင်းကို ၁၃၃၀၀ ကနေ ၁၄၀၀၀ ကြား ရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၅၀၀ ကျပ်နဲ့ နဲ့ ၅၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကနေ ၁၅၀၀၀ ကြား အရောင်းအဝယ်ရှိပြီး ရာဂဏန်းလောက် သာအပြောင်းအလဲ ရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူပါပဲ။ ငွေဈေးအပြောင်းအလဲကြောင့်သာ အတက်ဈေးရှိခဲ့ပေမယ့် ရန်ကုန်ဈေးကွက်မှာ ရက်ခြားသာ ဈေးဖွင့်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးတက်နေပေမယ့် ရန်ကုန်ဈေးကွက်မှာတော့ နေ့စဉ်အရောင်းအဝယ်မရှိတဲ့အတွက်ကြောင့်ဈေးက ပြီးခဲ့တဲ့ အပတ်ကလို အတက်အကျတော့ သိပ်မရှိပါဘူး။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ ပဲစင်းငုံနီတစ်တင်းကို ၁၃၁၀၀ ရှိပြီး ၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၃၆၀၀ နဲ့ ၄၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဈေးမဖွင့်ခဲ့တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၆၀၀ ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဈေးဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာခဲ့ပါတယ်။ ပုံမှန်အခြေအနေမှာ အဝင်ရှိသလောက် အဝယ်ရှိနေပြီး အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေခဲ့ပေမယ့် ငွေလဲနှုန်းပြောင်းလဲတာရဲ့ နောက်ဆက်တွဲကြောင့် ဈေးက ပိုတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်က ၇၀ ရာခိုင်နှုန်းလောက် အဝယ်ရှိတဲ့အတွက် လက်ရှိအချိန်ထိ ပဲတီစိမ်းဈေးကွက်က စိုးရိမ်စရာ အနေအထား မရှိဘူးလို့လည်း ကုန်သည်တွေက ပြောဆိုထားပါတယ်။ မြန်မာပြည်ကထွက်သမျှပဲတွေကို တရုတ်က အစစ်အဆေးမရှိဝယ်ယူနေပေမယ့် နောက်ပိုင်းမှာ GAP စစ်ဆေးမှုတွေကို ပြုလုပ်တော့မှာ ဖြစ် တဲ့အတွက် GAP နည်းနဲ့ပဲ စိုက်ပျိုးဖို့ကိုလည်း ကုန်သည်တွေက တိုက်တွန်းနေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၈၀၀၀ ရှိပြီး ၁၂၅၀ ကျပ်ဈေးတက်လာပါတယ်။ နေပြည် တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၆၃၀၀ ရှိပြီး ၃၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၇၅၀ ကျပ်ရှိပြီး တစ်တင်းကို ၈၅၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတာ့ တစ်တင်းကို ၂၇၅၀၀ ရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
နိုင်လင်းကို(AMIA)
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....