အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

Green Way
Green Way Greenovator 09/03/2018

(၅..၂၀၁၈မွ၉..၂၀၁၈)ထိ

မတ္ပဲ(FAQ/RC)

ဖေဖော်ဝါရီကနေစပြီး တစ်ဖြေးဖြေးစျေးတက်ခဲ့တဲ့ မတ်ပဲက ပြီးခဲ့တဲ့အပတ်ကတည်းက ပြီးတစ်ဖြေးဖြေးစျေးပြန်ကျဆင်းသွားခဲ့ပါတယ်။ နေ့စဉ်ကုန်စည်ဒိုင်တွေမှာ ပုံမှန်အရောင်းအဝယ်ရှိနေပေမယ့် တခြားပဲအသစ်တွေကလည်း  နေ့စဉ်ဝင်ရောက်နေတဲ့အတွက်  စျေးကကျဆင်းနေတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲက စျေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလတင်သွင်းမှုကန့်သတ်ခဲ့တဲ့၆လအတွင်း မြန်မာမတ်ပဲ လက်ကျန်လျော့နည်းသွားတဲ့အတွက် စျေးကျနေတဲ့အချိန်  ပြန်လည်ဝယ်ယူမှုတွေ ပြုလုပ်လာနိုင်တယ်လို့လည်း Commodities Control ကခန့်မှန်းထားပါတယ်။

ဒီတစ်ပတ် ရန်ကုန်ကုန်စည်ဒိုင်မှာ မတ်ပဲက အနိမ့်ဆုံးတစ်တန်ကို၄၈၀၀၀၀ကျော်အထိ စျေးကျဆင်းခဲ့ပါတယ်။ မန္တလေးမှာတော့ မတ်ပဲအသစ်က စျေးကျဆင်းခဲ့ပေမယ့် မတ်ပဲအဟောင်းကတော့ လက်ရှိအချိန်ထိ စျေးမာနေတဲ့အခြေအနေပါ။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၀၀၀နဲ့ရ၀၀ကျော်စျေးကျဆင်းသွားပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၀၀၀ကျော်နဲ့၁၀၀၀ကျော် စျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၅၅၀၀နဲ့၁၀၀၀ကျော် စျေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ဇန်နဝါရီလ  နောက်ဆုံးအပတ်ကနေစပြီး တောင်သူတွေကို မျှော်လင့်ချက်အများအပြားပေးခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ မထင်မှတ်လောက်အောင် စျေးကကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ စျေးကျဆင်းသွားခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ပုံမှန်အရောင်းအဝယ်ရှိပြီးစျေးက ငြိမ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပြီးခဲ့တဲ့အပတ်တွေက ဆက်တိုက်စျေးတက်ခဲ့ပေမယ့် ဝယ်လက်တွေက ပဲစင်းငုံနီထက် စျေးကျဆင်းနေတဲ့မတ်ပဲကိုသာ အဝယ်လိုက်နေတဲ့အတွက် ပဲစင်းငုံနီစျေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း လက်ကျန်တွေက ကျန်နေသေးတဲ့အတွက် အကျစျေးကို ဦးတည်နေတာလည်းဖြစ်ပါတယ်။ တစ်တန်ကို ၄၈၀၀၀၀အထိ အမြင့်ဆုံးစျေးရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၃၇၀၀၀၀အထိ စျေးကအဆမတန်စျေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်မှာကျဆင်းပေမယ့် နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာမှာတော့ တစ်တင်းကို ၁၁၀၀၀နဲ့ငွေကျပ်၂၀၀စျေးတက်လာပါတယ်။ ပခုက္ကူမှာတော့ တစ်တင်းကို ၁၀၀၀၀ပေါက်စျေးရှိပြီး ၃၀၀ကျပ်စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၂၅၀၀ပေါက်စျေးရှိပြီး ၁၀၀၀ကျပ်စျေးတက်လာခဲ့ပါတယ်။

ပဲႀကီး

ပဲကြီးကတော့ လက်ရှိမှာ အသစ်တွေဝင်ရောက်နေပြီး ပဲကြော်ဖိုသမားတွေအဝယ်လိုက်တဲ့အတွက် စျေးကောင်းရရှိနေတယ်လို့ သိရပါတယ်။ ပဲအဟောင်းစျေးကို မမှီပေမယ့် လက်ရှိမှာ ပဲအားလုံးထက်ယှဉ်စာရင် ပြည်တွင်းစျေးကွက်မှာ အမြင့်ဆုံးစျေးရရှိနေတာလည်းဖြစ်ပါတယ်။ အဓိက ပန်းတောင်း၊ ကျီးသဲအစရှိတဲ့ ပြည်-အောင်လံ တောက်လျှောက်နယ်တွေတဆင့် ဝင်ရောက်နေပြီး ရန်ကုန်၊ မန္တလေးဝယ်လက်တွေပါရောင်းနေရကြောင်းသိရပါတယ်။ ပဲအဟောင်းက တစ်တင်းကို ၈သောင်းအထိ စျေးရပေမယ့် ပဲအသစ်ကတော့ တစ်တင်းကို ၄၀၀၀၀ကျော်သာ ပေါက်စျေးရှိနေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲကြီးက ပြီးခဲ့တဲ့အပတ်ထက် တစ်တင်းကို ၃၀၀၀လောက်စျေးကျဆင်းသွားခဲ့ပြီး တစ်တင်းကို ၃၈၀၀၀ကနေ ၄၂၀၀၀ပေါက်စျေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၇၀၀၀ကျော်ပေါက်ပြီး ၁၅၀၀ကျော် စျေးကျဆင်းသွားပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ အနိမ့်ဆုံးစျေးတစ်ပိဿာကို ၁၈၀၀နဲ့အမြင့်ဆုံး ၂၆၀၀ကျော်ပေါက်စျေးရှိပြီး တစ်နေ့နဲ့တစ်နေ့အတက်အကျအပြောင်းအလဲတွေရှိပါတယ်။`

ကုလားပဲ

နယ်ကုန်စည်ဒိုင်တွေက ကုလားပဲအသစ်တွေ ဆက်တိုက်ဝင်ရောက်နေတဲ့အတွက် လက်ကျန်ကုလားပဲတွေရော ပဲအသစ်တွေ စျေးကဆက်တိုက်ကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံကလည်း  ပြည်တွင်းထုတ်လုပ်မှု အဆမတန်မြင့်လာတဲ့အတွက် ပြည်ပတင်သွင်းမှုကို လျော့ချချင်တဲ့အတွက် ယခင်သွင်းကုန်ခွန်၄၀ရာခိုင်နှုန်းကနေ သွင်းကုန်ခွန်ကို  ၁၀၀ရာခိုင်နှုန်းအထိ တိုးမြင့်သတ်မှတ်လာနိုင်ခြေရှိတဲ့အတွက် စျေးကထပ်ပြီးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယရဲ့ပဲထုတ်လုပ်မှုက ဒီနှစ်မှာ၂၃သန်းအထိရှိလာနိုင်တဲ့အတွက် ခုလိုဟန့်တားလိုက်တာလည်းဖြစ်ပါတယ်။ မြန်မာကုလားပဲကို အိန္ဒိယနိုင်ငံကိုအဓိကတင်ပို့နေတာဖြစ်တဲ့အတွက် အိန္ဒိယရဲ့ထုတ်ပြန်ချက်တွေကမြန်မာနိုင်ငံပေါ် သက်ရောက်မှုကြီးမားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူ၊ဝါတို့က တစ်တင်းကို ၂၂၀၀၀ကနေ၂၅၀၀၀အမြင့်ဆုံးစျေးရှိပြီး တစ်တင်းကို ၃၀၀၀ကျော်ကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၁၀၀ကျော်ကနေ ၁၂၀၀ကျော်ရှိပြီး တစ်ပိဿာကို ၂၀၀ကျပ်လောက် ကျဆင်းသွားပါတယ်။ ပခုက္ကူမှာလည်း တစ်ပိဿာကို ၁၂၀၀ကျော်ကနေ ၁၃၀၀ကျော်ရှိပြီး တစ်ပိဿာကို ၂၀၀ကျော်စျေးကျသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၄၀၀၀ကျော်ရှိပြီး တစ်တင်းကို ၅၀၀၀ကျော် စျေးကျဆင်းသွားခဲ့ပါတယ်။

 

မဝတ်ရည်မွန်(AMIA)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။