အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

Green Way
Green Way Greenovator 17/08/2018

(၁၃.၈.၂၀၁၈ မှ ၁၇.၈.၂၀၁၈)ထိ

ဆန်၊ စပါး 

ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးရော ဆန်ကြမ်းဈေးတွေပါ မြင့်တက်လာခဲ့ပါတယ်။ဈေးကွက်ထဲကို ပုံမှန်ဝင်ရောက်နေပြီး လက်လီအရောင်းအဝယ်ကောင်းတဲ့အတွက်ကြောင့် ဈေးတက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်လာခဲ့သလို အခြေခံစားသောက်ကုန်စည်ဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့အတွက် စားသုံးသူတွေက စိုးရိမ်မှုနဲ့ ဝယ်ယူများပြားလာတာခဲ့တာလည်း ဈေးကွက်အတွင်း ပိုမိုဈေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးက တစ်အိတ်ကို ငွေကျပ် ၄၀၀၀ အထိ ဈေးမြင့်တက်ခဲ့သလို ဆန်ကြမ်းကလည်း တစ်အိတ်ကို ငွေကျပ် ၃၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းနဲ့ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၇၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ဈေးတက်လာပါတယ်။ မြောင်းမြပုသိမ်ပေါ်ဆန်းကလည်း တစ်အိတ်ကို ၄၇၀၀၀ ကနေ ၅၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၅၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၇၀၀၀ ရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ မြီးဒုံးဆန်ကလည်း တစ်အိတ်ကို ၃၉၅၀၀ ကနေ ၄၁၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ရက် ၉၀ ဆန်က လည်း တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၆၀၀၀  ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ သီးထပ်ရှယ်ကလည်း တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၂၀၀ ရှိပြီး တစ်အိတ်ကို ၄၀၀ ကျပ်၊ အသီးသီးဈေးတက်လာခဲ့ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ၁၅ ရက်အတွင်း ဆန်တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ အမြင့်ဆုံးဈေး ၄၀၀၀ အထိ ဈေးမြင့်တက်လာပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း ပထမတန်းစားစပါးရော ဆန်ရော လက်ကျန်နည်းတဲ့အတွက်ကြောင့် ဈေးမြင့်တက်လာခဲ့ပါတယ်။ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၂၂၆၀၀၀ ကျော်ရှိပြီး တင်း ၁၀၀ ကို ၄၀၀၀၀ ကျော်၊ ဈေးတက်ခဲ့ပြီး ဆန်ကတော့ တစ်တင်းခွဲကို ၄၇၀၀၀ နဲ့ ၁၀၀၀ လောက်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကလည်း စပါးဈေးက တင်း ၁၀၀ ကို ၁၁၂၁၀၀၀ ကျော်နဲ့ ဈေးငြိမ်ပေမယ့် ဆန်ကတော့ တစ်တင်းခွဲကို ၁၀၀၀ လောက်တက်လာပြီး ၄၆၀၀၀ ကျပ်၊ ပေါက်ဈေးရှိနေပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်းဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယတင်ပို့မှုရက်ပြည့်သွားတာဖြစ်တဲ့အတွက် ပြည်တွင်းဝယ်ယူမှုလည်း လျော့သွားပြီး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။ ထို့ပြင် ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်နေပေမယ့်လည်း အိန္ဒိယဝယ်ယူမှုမှာ ဈေးချဝယ်ယူနေတာဖြစ်တဲ့အတွက် ပြည်တွင်းငွေဈေးတက်နေပမယ့် ရရှိတဲ့ဈေးကတော့ လျော့နည်းနေတယ်လို့သိရပါတယ်။

မတ်ပဲက ဒီတစ်ပတ်မှာ ကျဆင်းနေပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးကွာခြားမှုမရှိတာကိုလည်းတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ မတ်ပဲက တစ်တန်ကို ၄၂၀၀၀၀ ကကျော်ကနေ ၄၃၀၀၀၀ ကြား အရောင်းအဝယ်ဖြစ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ နဲ့ ၈၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။နေပြည်တော်ကုန်စည် ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၃၀၀ ကျပ်ဈေးကျဆင်းသွားပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၃၀၀ ပေါက်ဈေးရှိပါတယ်။ မတ်ပဲ ဈေးတွေ ကျဆင်းနေတာနဲ့ပတ်သတ်ပြီး ပြည်တွင်းရှိ မတ်ပဲ ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေ ယခုအပတ်မှာ ဆွေးနွေးမှုတစ်ရပ်လုပ်မှာ ဖြစ်ပြီး အဓိကဈေးကွက် နဲ့ မတ်ပဲစိုက်ပျိုးမှုကို ဆက်လုပ်သင့်မသင့် အခြေအနေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ တောင်သူတွေကလည်း ရလဒ်ကောင်းထွက် လာဖို့ကို မျှော်လင့်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဆိုးရွားစွာဈေးကျဆင်းခဲ့ပါတယ်။ ဇွန်လ နောက်ဆုံးအပတ်ကနေစပြီး မတ်ပဲထက်ဈေးပိုရကာ တစ်တန်ကို ငွေကျပ်  ၅ သိန်းကျော်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပေမယ့် သြဂုတ်လ လလယ်မှာတော့ ယခင် ပုံမှန်အခြေအနေကို ကျသွားခဲ့ပါတယ်။ အိန္ဒိယကို တန်ချိန်နှစ်သိန်းတင်ပို့တာမှာ ယခုအပတ် ၁၅ ရက်နေ့က နောက်ဆုံးဖြစ်တဲ့အတွက် ပြည်တွင်း ဝယ်ယူမှုက လျော့ကျသွားခဲ့တဲ့အတွက် ဈေးမထင်လောက်အောင် ကျဆင်းသွားခဲ့တာပါ။လက်ရှိအခြေအနေက သင်္ဘောတင်ပို့မှုအတွက်သာ ဆောင်ရွက်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲနဲ့ကွာခြားမှုမရှိတော့ပဲ တစ်တန်ကို ၄၃၀၀၀၀ အထိ ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင် တစ်တန်ကို ၅ သောင်းကျော်ဈေးကျဆင်းသွားခဲ့တာပါ။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၇၀၀ နဲ့ ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၀၀၀၀ နဲ့ ၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၂၁၀၀ နဲ့ ၂၈၅၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၅၀၀ နဲ့ ၅၀၀ ကျပ် ဒေသအသီးသီးမှာ ဈေးကျဆင်းသွားခဲ့ပါတယ်။

ကြက်သွန်နီ

ပွဲတော်ကာလဖြစ်နေပြီး ဈေးကွက်ထဲကို ပုံမှန်ကြက်သွန်တွေ ဝင်ရောက်နေပေမယ့် ဈေးကတော့ အတော်ကို အေးနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဈေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဈေးအေးနေပေမယ့် အရောင်းအဝယ်ကတော့ သွက်နေတယ်လို့လည်းသိရပါတယ်။ နေ့စဉ်ကုန်စည်ဒိုင် တွေမှာအိတ် ၃၀၀ ခန့်အရောင်းအဝယ်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ (ဆိပ်ဖြူ၊တောင်တွင်း၊မြင်းခြံ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၄၅၀ ကနေ ၆၂၅ ရှိပြီး ပခုက္ကူကုန်စည်ဒိုင်တို့မှာတော့ တစ်ပိဿာကို ၄၀၀ ကနေ ၅၂၀ ရှိနေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၄၀၀ ကနေ ၅၃၀ ရှိပြီးဈေးအနည်းငယ်သာ အတက်အကျရှိပါတယ်။

အိန္ဒိယငရုတ်ရှည်

ငွေဈေးတွေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ပြည်ပနိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတွေကလည်း အနည်းနဲ့အများ ဈေးတက်နေပါတယ်။ အခြားပြည်တွင်း ငရုတ်ဈေးက ငြိမ်နေပေမယ့် အိန္ဒိယက တင်သွင်းတဲ့ ငရုတ်ရှည်ကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။  တစ်ပိဿာကို ငွေကျပ် ၂၀၀ လောက်ဈေးတက်လာခဲ့ပြီး လက်ရှိရန်ကုန်ပေါက်ဈေးကတော့ တစ်ပိဿာကို ၄၃၀၀ ရှိနေပါတယ်။

 

ဝတ်ရည်မွန်(AMIA)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။