အစိမ်းရောင်လမ်း
တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင် မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂)

တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင် မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂)

Green Way
Green Way Greenovator 15/03/2014

ဒါန-ရှေ့ဆောင် မြန်မာ (Charity-Oriented Myanmar) မှ မြန်မာပြည်ရှိ တိုင်းရင်းသားလူနည်းစုများမှ လူငယ်များ၏ နိုင်ငံရေးအသိအမြင် မြှင့်တင်ပေးနိုင်ရန် နှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂) ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤသင်တန်းတွင် မတူညီသော တိုင်းရင်းသားလူနည်းစု အုပ်စုများမှ လူငယ်ဦးရေ (၃၀) ဦး ကို ရွေးချယ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ 

သင်တန်းခေါင်းစဉ် - တိုင်းရင်းသား လူငယ်များ၏ နိုင်ငံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း (အပတ်စဉ်-၂) (မော်ဂျူး ၁ + ၂)
ရက်စွဲ - မော်ဂျူး(၁) -၂၄.၄.၂၀၁၄ မှ ၉.၅.၂၀၁၄ ထိ 
မော်ဂျူး(၂)- ၂၆.၅.၂၀၁၄ မှ ၁၀.၅.၂၀၁၄ ထိ
သင်တန်းလျှောက်လွှာပိတ်ရက် -၄. ၄. ၂၀၁၄ (သောကြာနေ့) ၊ ညနေ ၅းဝဝ နာရီ

ထို့ကြောင့် အထက်ပါ သင်တန်းအား စိတ်ဝင်စားသူ တိုင်းရင်းသား လူနည်းစု အုပ်စုများမှ လူငယ်များသည် တွဲလျှက်ပါရှိသော Application Form တွင် ဖြည့်စွက်ပြီး [email protected] သို့ ပြန်လည် ပေးပို့နိုင်ပါသည်။ 

** သင်တန်းနှင့် ပတ်သက်သည့် အချက်အလက် အသေးစိတ်အား Flyer တွင် ကြည့်ရှုနိုင်ပါသည်။ **

အထက်ပါ သင်တန်းကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက 

သန်းဇော်ဦး
သင်တန်းရေးရာအုပ်ချုပ်ရေးမှူး
ဒါန-ရှေ့ဆောင်မြန်မာ
၀၉-၄၂၁၁၆၂၂၁

 

Photo : Kayan Beauty

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။