၂၀၂၁ ခုနှစ်၊ မေလဆန်းမှစတင်၍ ကွမ်းရွက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
၂၀၂၁ ခုနှစ်၊ မေလဆန်းမှစတင်၍ ကွမ်းရွက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ကွမ်းဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။
ဒီနှစ်ရဲ့ကွမ်းရွက်ဈေးကွက်က စောစောပိုင်းကတော့ တော်တော်လေးညံ့ခဲ့တယ်။ ကွမ်းအချိန်တစ်ဆယ်ကို ငွေနှစ်သောင်းပတ်ဝန်းကျင်ပဲ ရခဲ့တယ်။ အခုတော့ ဈေးတွေပြန်တက်လာပြီ။ ကွမ်းအချိန်တစ်ဆယ်ကို ငွေလေးသောင်းပတ်ဝန်းကျင်လောက် ပြန်ဖြစ်လာပြီ။ နှစ်တိုင်း အခုလိုရာသီချိန်မှာ အခုနှစ်လောက်တော့ ဈေးမကျဘူး။ ဒီနှစ်က ကိုဗစ်ဖြစ်နေတာကြောင့်ရယ်၊ လှိုင်သာယာလမ်းတွေ ပိတ်ဆို့ခဲ့တာကြောင့်ရယ်ပါတယ်။ လမ်းပိတ်တာက ကွမ်းရွက်တင်ပို့တဲ့ကုန်ကားတွေအတွက်ကတော့ အဆင်ပြေတယ်။ တင်ပို့လို့ ရနိုင်သေးတယ်။ လမ်းအပိတ်အဆို့တွေရှိလို့ဆိုပြီး ကွမ်းရွက်ဒိုင်တွေဆီကို ဝယ်သူတွေမလာတာမျိုးကြောင့်တော့ ဈေးကျတာမျိုး ရှိပါတယ်။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးမှ ကွမ်းရွက်ဝယ်ရောင်းလုပ်ကိုင်နေသူ ကိုထွန်းလင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးမှ စိုက်ပျိုးထွက်ရှိသည့် ကွမ်းရွက်များကို ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။
အများအားဖြင့် မတ်လမှ အောက်တိုဘာလအတွင်း ကာလများသည် ကွမ်းရွက်ဈေးနှုန်းများ မြင့်တက်လေ့ရှိသည့် ကာလအပိုင်းအခြားဖြစ်ကြောင်း သိရသည်။
အဓိက ဈေးကွက်အနေနဲ့ သီရိမင်္ဂလာဈေးကို တင်ပို့ရောင်းချတယ်။ ဝယ်မယ့်ကွမ်းဒိုင်တွေကလည်း အမြဲရှိနေပါတယ်။ ဧပြီလ နွေတအားပြင်းတဲ့လဆိုရင် ကွမ်းဈေးတက်တတ်တယ်။ ဇူလိုင်လ၊ ဩဂုတ်လတို့လို မိုးကာလ၊ ကွမ်းခြံတွေ ရေနစ်မြှုပ်တဲ့အချိန် မြစ်ရေတက်တဲ့အချိန်ဆိုရင် ကွမ်းဈေးတက်တတ်တယ်။ အခုရက်ပိုင်း ကွမ်းဈေးတွေ ပြန်တက်လာတာကတော့ ဧပြီလကုန်ခါနီး မေလဆန်းပိုင်းလောက်မှာ စပြီးတက်လာတာပါ။ အရောင်းအဝယ် နည်းနည်းပြန်လိုက်လာတယ်။
ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင် ကျေးရွာအုပ်စု၊ ဘုတ်ဆုံချောင်ကျေးရွာမှ စီးပွားဖြစ် ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးက ပြောသည်။
၂၀၂၁ ခုနှစ်၊ မေလ(၈)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး၊ ကွမ်းရွက်ဈေးနှုန်းများအရ ယာကွမ်းထူးရှယ် ရိုးစိမ်း/ညို တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ယာကွမ်းထူးရှယ် ထိုင်ဝမ်/ရိုးနီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း ရွှေရင်ချမ်းမြကွမ်းရောင်းဝယ်ရေး၊ ရန်ကုန်မှ သိရသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022